နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလား ကြိုတင် သုံးသပ်ချက် – ဘရာဇီးလ်

ဘရာဇီးလ် အသင်းသည် ယခုနှစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ထုံးစံမဟုတ်ဘဲ ချန်ပီယံ ရေပန်းစားသည့် ထိပ်သီး အသင်း စာရင်း၏ ပြင်ပ ကနေ တက်လှမ်းလာခဲ့သည်။ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်း ဖြစ်သည့် ဘရာဇီးလ် အသင်းသည် ယခုနွေရာသီတွင် ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည် သက်သေပြရန် အတွက် ဘောလုံးလောက၏ အကြီးကျယ်ဆုံး စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားသည့် တစ်ဦးတည်းသော နိုင်ငံဖြစ်သည့် ဆီလီကာအို တို့သည် မကြာသေးမီက ပြိုင်ပွဲများတွင် မျှော်လင့်ထားသလောက် ခရီးမပေါက်ခဲ့သော်လည်း ပရိသတ်ကို ဖျော်ဖြေမှုပေးဖို့တော့ စိမ်းနေသူများ မဟုတ်ပါ။ ဇွန်လ ၁၃ ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ East Rutherford, N.J. ၌ မော်ရိုကို အသင်းနဲ့ စတင်ရင်ဆိုင်ရမည့် နည်းပြ ကာလို အန်ဆယ်လော့တီ၏ အသင်း အပေါ် စောင့်ကြည့်မှုနှင့် ဖိအားများ ကတော့ အလွန်ပြင်းထန်နေမည် ဖြစ်သည်။

ရီးရဲလ်မက်ဒရစ် အသင်း၏ ကြယ်ပွင့် ဗင်နီးစီယပ်စ် ဂျူနီယာ ဦးဆောင်သည့် ယခုမျိုးဆက်သစ် ကစားသမားများသည် ဘရာဇီးလ် အသင်း၏ သမိုင်းဝင်ခရီးလမ်းတွင် စာမျက်နှာသစ် တစ်ခုကို ရေးထိုးပြီး မှေးမှိန်နေသော ဂုဏ်ရောင်ကို ပြန်လည် မြှင့်တင်နိုင်မည့် အခွင့်အရေးကို ရရှိထားသည်။

 

ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး

• ဘရာဇီးလ် ခြေစစ်ပွဲမှတ်တမ်း – ၈ ပွဲနိုင်၊ ၆ ပွဲရှုံး၊ ၄ ပွဲသရေ

• သွင်းဂိုး – ၂၄ ဂိုး၊ ပေးဂိုး – ၁၇ ဂိုး

• ဂိုးသွင်းအများဆုံး – ရာဖင်ညာ (၅ ဂိုး)

• ဂိုးဖန်တီးမှုအများဆုံး – နေမာ (၃ ကြိမ်)

ဘရာဇီးလ် အသင်းသည် ခြေစစ်ပွဲပထမ ၈ ပွဲတွင် ၃ ပွဲသာ အနိုင်ရခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိရန်ပင် ရုန်းကန်ခဲ့ရပြီး စိုးရိမ်စရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ခြေစွမ်းမတည်ငြိမ်မှုများနှင့် အားရစရာ မကောင်းသည့် ရလဒ်များ ဆက်တိုက် ထွက်ပေါ်နေခဲ့ရာမှ နည်းပြ အန်ဆယ်လော့တီ စတင်ကိုင်တွယ်ချိန်မှသာ ဆီလီကာအိုတို့ ပန်းတိုင်သို့ ချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ယခုနွေရာသီပြိုင်ပွဲကြီး အတွက် နေရာ တစ်နေရာကို အပိုင်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘရာဇီးလ် အသင်းတွင် ရှိနေသည့် ကစားသမားကောင်းများနှင့် နှိုင်းယှဉ်လျှင် မယုံနိုင်စရာကောင်းသည်မှာ ခြေစစ်ပွဲ ၁၈ ပွဲ ကစားခဲ့ရာတွင် ဂိုးသွင်းယူနိုင်မှုနှင့် အခွင့်အရေးဖန်တီးနိုင်မှုပိုင်း၌ သိသိသာသာ အားနည်းခဲ့ပြီး သွင်းဂိုး ၂၄ ဂိုးသာ ရရှိခဲ့ကာ ဘာစီလိုနာ တိုက်စစ်မှူး ရာဖင်ညာ တစ်ဦးတည်းသာ ၅ ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့သည်။

 

နည်းပြချုပ် ကာလို အန်ဆယ်လော့တီ

အကယ်၍ ဘရာဇီးလ် အသင်းကို သမိုင်းဝင် (၆) ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုဆီသို့ ဦးဆောင်ပေးနိုင်မည့်သူ ရှိလျှင် ထိုသူဟာ အန်ဆယ်လော့တီပင် ဖြစ်သည်။ ပြိုင်ပွဲမစတင်မီလေးတွင် အသက် ၆၇ နှစ်ပြည့်မည့် ဤအီတလီ လူမျိုး နည်းပြသည် ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံးသော ကလပ် အသင်း နည်းပြ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ကစားသမားများ အပေါ် သြဇာညောင်းမှု အရှိဆုံး နည်းပြ တစ်ဦးလည်း ဖြစ်သည်။ ၎င်းအနေဖြင့် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ အားနည်းသော်လည်း အဖက်ဖက်မှ မျှော်လင့်ချက်မပြည့်ဝဘဲ ရုန်းကန်နေရသည့် အသင်းတစ်သင်းကို အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်မည့် နည်းစနစ်ပိုင်းနှင့် ကစားသမားစီမံခန့်ခွဲမှု ပေါင်းစပ်မှုကို ပြည့်ပြည့်စုံစုံ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် ချန်ပီယံလိဂ်ဖလား (၅) ကြိမ်နှင့် ပြည်တွင်းလိဂ် ချန်ပီယံဆု များစွာက အန်ဆယ်လော့တီသည် ဆုဖလားကြီးများနှင့် အမြဲထိတွေ့ဖူးကြောင်း သက်သေပြနေသည်။

 

ဘရာဇီးလ် အသင်းရဲ့ ကစားကွက်နဲ့ စတိုင်လ်

ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားသည့် တစ်ဦးတည်းသော နိုင်ငံဖြစ်သည့် ဆီလီကာအို တို့သည် မကြာသေးမီက ပြိုင်ပွဲများတွင် မျှော်လင့်ထားသလောက် ခရီးမပေါက်ခဲ့သော်လည်း ပရိသတ်ကို ဖျော်ဖြေမှုပေးဖို့တော့ စိမ်းနေသူများ မဟုတ်ပါ။
အန်ဆယ်လော့တီရဲ့ ဦးဆောင်မှုနဲ့ ကမ္ဘာ့ချန်ပီယံ ပြန်ဖြစ်ဖို့ မျှော်လင့်နေတဲ့ ဘရာဇီးလ်

• အနှစ်သက်ဆုံး ကစားကွက် – ၄-၂-၃-၁

• ကစားဟန် – ပုံစံနှစ်မျိုးစပ် ကစားဟန်

• အားသာချက် – လျှပ်စီးကဲ့သို့ မြန်ဆန်သည့် တန်ပြန်တိုက်စစ်၊ ထူးချွန်လွန်းသည့် ဂိုးသမားပိုင်း

• အားနည်းချက် – ခြေစွမ်းမပြနိုင်သေးသည့် ခံစစ်အစွန်လူ (Fullbacks) များ၊ ခြေစွမ်း မတည်ငြိမ်သည့် ကွင်းလယ်ပိုင်း

ဘရာဇီးလ် တိုက်စစ်တွင် နာမည်ကြီး ကစားသမားများစွာ ပါဝင်နေသော်လည်း အန်ဆယ်လော့တီ၏ အသင်းသည် ပြိုင်ဘက်များကို ဂိုးမိုးရွာပြီး အလဲထိုးလေ့ မရှိပါဘူး။

အပြန်အလှန်အားဖြင့် ဆီလီကာအို တို့သည် ပွဲကို အေးအေးဆေးဆေး ထိန်းကစားပြီး ပြိုင်ဘက်များကို ဘောလုံးပိုင်ဆိုင်ခွင့် ပိုပေးထားတတ်ကာ တိုက်စစ်ဆင်ရန် အကောင်းဆုံးအချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းတတ်ကြသည်။ ထို့အပြင် အသင်းတွင် ကမ္ဘာ့အဆင့် ဂိုးသမား ရှိနေခြင်းက အသင်းအား ကပ်ပြီး အနိုင်ရလေ့ ရှိတဲ့ ပွဲကို သက်သောင့်သက်သာ အဆုံးသတ်နိုင်စေဖို့ ကူညီပေးသည်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အဓိက အဆုံးအဖြတ်ပေးနိုင်သူ – ဗင်နီးစီးယပ်စ် ဂျူနီယာ

တိုက်စစ်ဇုန်တွင် အလွန်အန္တရာယ်များသည့် ဗင်နီးစီယပ်စ်သည် ၎င်း၏ ဆွဲဆောင်မှု ရှိသော ဆွဲထွက်မှုများနှင့် လျင်မြန်သည့် အရှိန်နှုန်းတို့ဖြင့် ပြိုင်ဘက် နောက်ခံလူများကို အရူးလုပ်ရသည်ကို သဘောကျသူ ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်တွင် လက်တွဲခဲ့ဖူးသည့် နည်းပြ အန်ဆယ်လော့တီနှင့် အသင်းကြီးတွင် ပြန်လည်ဆုံတွေ့ရပြီ ဖြစ်ရာ ၎င်းအနေဖြင့် ကလပ်အသင်းတွင် ပြသခဲ့သည့် ခြေစွမ်းကောင်းများကို ဘရာဇီးလ် လက်ရွေးစင် အသင်းတွင်လည်း အပြည့်အဝ ချပြနိုင်ရန် အသင့် ဖြစ်နေပြီ ဖြစ်သည်။

 

စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – အန်းဒရစ်ခ်

လူငယ်ကြယ်ပွင့် အန်းဒရစ်ခ်သည် ရီးရဲလ်မက်ဒရစ်တွင် ပွဲကစားခွင့် နည်းပါးခဲ့ခြင်းကြောင့် ခရစ္စမတ်ကာလတုန်းက ဘရာဇီးလ် အသင်း လူစာရင်းတွင် ပါဝင်ခွင့်ရပါ့မလားဟု စိုးရိမ်ခဲ့ရသည်။ သို့သော် အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးသည် လိုင်ယွန် အသင်းနှင့် အတူ ပြင်သစ် လီဂူးဝမ်းတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ယုံကြည်မှုများ ပြန်လည် ရရှိနေပြီ ဖြစ်ကာ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည့် အက်စ်တီဗာအို၏ နေရာ ဘရာဇီးလ် အသင်း၏ ညာတောင်ပံ တိုက်စစ် အတွက် အားကိုးရမည့် ရွေးချယ်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

 

ဘရာဇီးလ်ရဲ့ ခန့်မှန်းလူစာရင်း

တောင်ပံ တိုက်စစ် အတွဲအဖက် ဖြစ်သည့် ရိုဒရီဂိုနှင့် အက်စ်တီဗာအို တို့၏ ဒဏ်ရာ ပြဿနာများက နည်းပြ အန်ဆယ်လော့တီ အတွက် ရှေ့တန်းလူစာရင်း ရွေးချယ်ရာတွင် အကြပ်ရိုက်စေခဲ့သည်။ အီတလီ လူမျိုး နည်းပြကြီးသည် ၎င်း၏ ၂၆ ဦးလူစာရင်းတွင် ယာအို ပတ်ဒရို ကို ထူးဆန်းစွာ ချန်လှပ်ခဲ့ပြီး လက်ရှိတွင် အသက် ၃၄ နှစ် ရှိပြီ ဖြစ်ကာ ၂၀၂၃ အောက်တိုဘာကတည်းက ဘရာဇီးလ် အတွက် ပွဲမကစားပေးရသေးသည့် နေမာကို ပြန်လည်ရွေးချယ်ခဲ့သဖြင့် တိုက်စစ်ပိုင်းမှာ ပုံစံတစ်မျိုး ပြောင်းလဲသွားခဲ့သည်။

ပြီးခဲ့သည့် မတ်လက ပြင်သစ်နှင့် ခြေစမ်းပွဲကဲ့သို့ပင် ဗင်နီးစီယပ်စ် ဂျူနီယာနှင့် မားသီးယပ်စ် ကူညာတို့ ရှေ့တန်းတွင် တွဲဖက်ပွဲထွက်လာနိုင်ပြီး ရာဖင်ညာနှင့် ဂါဘရီရယ် မာတင်နယ်လီ တို့က တောင်ပံတွေမှ ကစားကွက် ဖန်တီးပေးမည် ဖြစ်သည်။ နေမာကိုမူ လူစားဝင် ကစားသမား အဖြစ် မြင်တွေ့ရနိုင်သော်လည်း ၎င်း၏ ကစားသမားဘဝ ယခုအရွယ်တွင် အသင်း အတွက် မည်မျှ အကျိုးပြုနိုင်မည်ကိုမူ ခန့်မှန်းရခက်ခဲပါသည်။

ခံစစ်တွင် အီဒါ မီလီတာအို ဒဏ်ရာရနေခြင်းကြောင့် အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က ကျောက်ဆောင်ပမာ ခိုင်မာသည့် မာကွင်ညော့စ် နှင့် အတူ တွဲဖက် ပွဲထွက်ခွင့် ရရှိနိုင်ပါသည်။ ဒေါက်ဂလပ်စ် ဆန်းတို့စ် တို့က အစွန်လူများ အဖြစ် ကစားမည် ဖြစ်ပြီး၊ ခြေစွမ်းပြန်တက်လာသည့် ကတ်စ်မဲရိုး က ဘရူနို ဂီမာရေးစ်နှင့် အတူ ကွင်းလယ် ခံစစ်ကို ထိန်းကျောင်းမည် ဖြစ်သည်။

 

လက်ရှိ ခြေစွမ်း

ဘရာဇီးလ် အသင်းသည် မတ်လ နိုင်ငံတကာ ပွဲစဉ်အစတွင် ပြင်သစ်အသင်းကို ၂-၁ ဖြင့် စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ရပါသည်။ ထိုပွဲတွင် အန်ဆယ်လော့တီ အသုံးပြုခဲ့သည့် စမ်းသပ် နောက်တန်း လူစာရင်းမှာ ကမ္ဘာ့ဖလားတွင် ပွဲထွက်လာမည် မဟုတ်ပေ။ ထို့နောက် ခရိုအေးရှားကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင်မူ ဆီလီကာအိုတို့ ပုံစံကောင်း ပြန်ရခဲ့ပြီး ဒန်နီလို၊ ဗင်နီးစီးယပ်စ်၊ မာတင်နယ်လီနှင့် အီဂေါ သီယာဂိုတို့ အားလုံး ဂိုးသွင်း၊ ဂိုးဖန်တီးမှုများ ပြုလုပ်နိုင်ခဲ့ကြသည်။ သို့သော်လည်း အသင်း၏ အစွန်လူများ ခြေစွမ်းပိုင်း လိုအပ်ချက်ရှိနေမှု အပေါ် စိုးရိမ်မှုများ ကတော့ အရှိန်အဟုန်ပြင်းစွာ တည်ရှိနေဆဲ ဖြစ်သည်။

 

အသင်း အပေါ် ခန့်မှန်းချက်များ

ဘရာဇီးလ် အသင်း၏ ကြီးကျယ် ခမ်းနားလှသော ကမ္ဘာ့ဖလား သမိုင်းအစဉ်အလာကြောင့် ယခုမျိုးဆက်သစ် ကစားသမားများ အပေါ် အင်္ကျီရင်ဘတ်ပေါ်တွင် (၆) ကြိမ်မြောက် ချန်ပီယံကြယ်ပွင့် ထည့်သွင်းနိုင်ရန် ပရိသတ်များက မဖြစ်နိုင်လောက်သည့် မျှော်လင့်ချက်များဖြင့် ဖိအားပေးနေကြသည်။ ဘရာဇီးလ် အသင်း ကမ္ဘာ့ဖလား နောက်ဆုံး ရရှိခဲ့သည်မှာ လွန်ခဲ့သော ၂၄ နှစ်ကတည်းက ဖြစ်သဖြင့် ပရိသတ်များ အနေဖြင့် ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိရန် အလွန် ဆာလောင်နေကြပြီ ဖြစ်သည်။

လက်တွေ့ကျကျ ပြောရလျှင် ဆီလီကာအို တို့သည် လူငယ်များပြားပြီး စည်းလုံးမှု အပိုင်း လိုအပ်နေသေးသလို၊ နည်းပြ အန်ဆယ်လော့တီ အောက်တွင် ၎င်းတို့၏ အကောင်းဆုံး စွမ်းဆောင်ရည် ရရှိရန် အချိန်အလုံအလောက် မရရှိသေးပါ။ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူရန်မှာ အဓိက ပန်းတိုင် ဖြစ်သော်လည်း ပြီးခဲ့သည့် ကမ္ဘာ့ဖလား ၅ ကြိမ်တွင် ၄ ကြိမ်အထိ ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခွာခဲ့ရခြင်းကြောင့် ယခုပြိုင်ပွဲတွင် အဆင့်မြင့်မြင့်အထိ တက်လှမ်းနိုင်မည် ဆိုပါက ပရိသတ် အများစုကို ကျေနပ်မှုပေးနိုင်မည် ဖြစ်သည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်