နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒဏ်ရာရသွားတဲ့ ဝက်စလေရဲ့ နေရာမှာ အီဒါဆင်ကို ကမ္ဘာ့ဖလား လူစာရင်း အတွက် အစားထိုး ခေါ်ယူလိုက်တဲ့ ဘရာဇီးလ်

အီဂျစ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဝက်စလေ ဒဏ်ရာရရှိခဲ့တာကြောင့် ဒီနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ် အသင်း အတွက် ပါဝင်ကစားပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဘရာဇီးလ် အသင်းရဲ့ နောက်ခံလူ ဝက်စလေဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲ လွဲချော်ရတော့မှာ ဖြစ်ပြီး သူ့ရဲ့ နေရာမှာ အီဒါဆင်က အစားထိုး ခေါ်ယူခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီနောက်ခံလူဟာ နည်းပြ ကာလို အန်ဆယ်လော့တီ ဘရာဇီးလ် အသင်းကို စတင် တာဝန်ယူကတည်းက အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့က အီဂျစ် အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဝက်စလေဟာ ပွဲချိန် ၁၇ မိနစ်မှာတင် လူစားလဲခြင်း ခံခဲ့ရပြီး ဆေးအဖွဲ့ရဲ့ ကူညီမှုနဲ့ ကွင်းထဲ ကနေ ထွက်ခွာသွားခဲ့ရပြီးနောက် အရန်ခုံတန်းမှာ ငိုနေတာကို မြင်တွေ့ခဲ့ရသလို၊ အားကစားကွင်း ကနေလည်း ချိုင်းထောက်နဲ့ ထွက်ခွာသွားခဲ့ရပါတယ်။

ပွဲအပြီးမှာ နည်းပြ အန်ဆယ်လော့တီက ဝက်စလေရဲ့ ဒဏ်ရာဟာ ပြင်းထန်ပုံရတာကြောင့် ဘရာဇီးလ် အသင်း အနေနဲ့ စိုးရိမ်ပူပန်မိကြောင်း ဝန်ခံခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ နောက်ဆက်တွဲ စစ်ဆေးမှုတွေအရ ရိုးမား အသင်းရဲ့ နောက်ခံလူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။

“ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် (CBF) အနေနဲ့ ဒီဒဏ်ရာ ရရှိမှု အပေါ် စိတ်မကောင်းဖြစ်ရပါတယ်။ ဝက်စလေဟာ အသင်းသားတွေ ကြားထဲမှာ အားလုံးရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး (၆) ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးဖို့ ကြိုးပမ်းနေတဲ့ ဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် အမြဲတမ်း သတ်မှတ်ခံရမှာပါ။” လို့ CBF က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။

ဝက်စလေ ကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်က တစ်ဆင့် “တိုက်ပွဲတိုင်းကို ကွင်းထဲမှာပဲ အနိုင်ယူရတာ မဟုတ်ပါဘူး။ ဒဏ်ရာ တစ်ခုကြောင့် ကျွန်တော့်ရဲ့ အိမ်မက်ကို ခေတ္တ ရပ်တန့်လိုက်ရပါတယ်။ အခုအချိန်မှာ ဘရာဇီးလ် လက်ရွေးစင် အသင်း အင်္ကျီကို မဝတ်ဆင်နိုင်တာက စိတ်နာကျင်ရပေမယ့်၊ ကျွန်တော့်ရဲ့ ဖြတ်သန်းမှု အကြောင်းကို သိတဲ့သူတွေ ကတော့ အရှုံးပေးခြင်း ဆိုတာ ကျွန်တော့်ရဲ့ ရွေးချယ်မှုထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာ သိကြမှာပါ။”

ဆီလီကာအို တို့ဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား အုပ်စု (C) အဖွင့် ပွဲစဉ် အဖြစ် ဇွန်လ ၁၃ ရက်နေ့မှာ မော်ရိုကို အသင်းနဲ့ စတင် ကစားရမှာ ဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ဟေတီ၊ စကော့တလန် တို့နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မော်ရိုကိုနဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ကစားရယ့် ဘရာဇီးလ်

“ကျွန်တော် ဒီနေရာကို ရောက်ဖို့ ခရီးလမ်း အရှည်ကြီး ဖြတ်သန်းခဲ့ရပါတယ်။ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ပြီးတော့ ဒီနေရာကို ရောက်လာဖို့တင် အတားအဆီး များစွာကို ကျော်လွှားခဲ့ရတာပါ။ ဘာတစ်ခုမှ ကျွန်တော့်ဆီ အလကား ရောက်လာတာ မဟုတ်ပါဘူး။ အောင်မြင်မှုတိုင်းကို ပင်ပန်းဆင်းရဲခံ ကြိုးစားမှု၊ ယုံကြည်ချက်၊ အနစ်နာခံမှုနဲ့ ခံနိုင်ရည်ရှိမှုတွေနဲ့ တည်ဆောက်ခဲ့ရတာပါ။”

“ဒါကြောင့် ဒီအခိုက်အတန့် ကိုလည်း ပြီးခဲ့တဲ့ အခက်အခဲတွေအတိုင်းပဲ ရင်ဆိုင်သွားမှာပါ။ ခေါင်းကို မော့ထားမယ်၊ ဘုရားသခင်ကို ယုံကြည်မယ်၊ ပြီးတော့ ကျွန်တော် အရင်ကထက် ပိုမိုသန်မာစွာနဲ့ ပြန်လာနိုင်မယ် ဆိုတာကို သေချာပေါက် သိနေပါတယ်။ လဲကျခြင်း ဆိုတာ ခရီးစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ပြန်လည် ထရပ်နိုင်ခြင်း ကတော့ ကျွန်တော့်ရဲ့ အကြီးမားဆုံး ခွန်အား ဖြစ်လာမှာပါ။” လို့ ရေးသားခဲ့ပါတယ်။

ဒီလို အခြေအနေကြောင့် အန်ဆယ်လော့တီဟာ ဝက်စလေရဲ့ နေရာမှာ ကွင်းလယ်လူ တစ်ဦးကို အစားထိုး ခေါ်ယူခဲ့ပြီး၊ မန်ချက်စတာယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီလို့ သတင်းတွေ ထွက်နေတဲ့ အီဒါဆင်ဟာ တနင်္လာနေ့မှာ အသင်းနဲ့ လာရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

အီဒါဆင်ဟာ ဘရာဇီးလ် အသင်း အတွက် ယခင်က ၃ ပွဲ ကစားပေးထားဖူးပေမယ့် ၂၀၂၆ ခုနှစ် အတွင်း မှာတော့ တစ်ပွဲမှ မကစားရသေးဘဲ နောက်ဆုံး ကစားပေးခဲ့ရတာက ၂၀၂၅ ခုနှစ် မတ်လ အတွင်းမှာ ဖြစ်ပါတယ်။ ဆီလီကာအို တို့ဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား အုပ်စု (C) အဖွင့် ပွဲစဉ် အဖြစ် ဇွန်လ ၁၃ ရက်နေ့မှာ မော်ရိုကို အသင်းနဲ့ စတင် ကစားရမှာ ဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ဟေတီ၊ စကော့တလန် တို့နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်