နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလား ကြိုတင် သုံးသပ်ချက် – ကိုလံဘီယာ

၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် အရှိန်အဟုန်၊ တောက်ပခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှတ်တမ်းများနှင့် အတူ ကိုလံဘီယာ အသင်းသည် ယခုပြိုင်ပွဲ၏ ကြောက်ရွံ့ရမည့် ဖြတ်မြင်း အသင်း တစ်သင်း ဖြစ်လာခဲ့သည်။ ကမ္ဘာ့ဖလား စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိလာသည့် ကိုလံဘီယာ အသင်းသည် လွန်ခဲ့သော ၁၂ နှစ်တုန်းက သမိုင်းဝင် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့တဲ့ အသင်း ဖြစ်သည်။ ဒါကြောင့် သူတို့၏ ခြေစွမ်းဟန်ပန်မျိုးကို ယခုနွေရာသီတွင် ပြန်လည် အသက်သွင်းနိုင်ရန် မျှော်လင့်နေမှာ သေချာသည်။

လာထရီကိုလာဟု အမည်ရသည့် ကိုလံဘီယာ တို့သည် ဘရာဇီးလ်မြေတွင် ၎င်းတို့၏ သမိုင်းတစ်လျှောက် အကောင်းဆုံး မှတ်တမ်းကို ရယူနိုင်ခဲ့သော်လည်း ၂၀၁၈ ပြိုင်ပွဲတွင် အားရစရာ မကောင်းသည့် စွမ်းဆောင်ရည်မျိုး ပြသခဲ့ကာ ၂၀၂၂ ပြိုင်ပွဲတွင်မူ ခြေစစ်ပွဲပင် မအောင်မြင်ခဲ့ပါ။ လူအများ၏ အာရုံစိုက်မှု အပြင်ဘက်သို့ ရောက်ရှိကာ မေ့လျော့ခံထားရသည့် ကိုလံဘီယာသည် ၎င်းတို့၏ ပုံစံကောင်းကို တိတ်တဆိတ် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး တောင်အမေရိက၏ ထိပ်သီး ဘီလူးကြီးများနှင့် ရင်ဘောင်တန်းနိုင်သည့် အဆင့်မြင့် CONMEBOL အသင်း တစ်သင်း အဖြစ် ပြန်လည် ရပ်တည်လာနိုင်ခဲ့သည်။

ဝါရင့်ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်စ်က ဦးဆောင်ပြီး လွှမ်းမိုးမှုရှိသည့် လူးဝစ် ဒီးယက်ဇ်က အားဖြည့်ပေးထားသည့် ပုံစံသစ် ကိုလံဘီယာ အသင်းသည် ၎င်းတို့၏ တစ်ကျော့ပြန် ကမ္ဘာ့ဖလား ခရီးစဉ်ကို အက်ဇ်တီကာကွင်းကြီးတွင် ဥဇဘက်ကစ္စတန် အသင်းနှင့် စတင် ရင်ဆိုင်ရမည် ဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူရမည့် ပွဲလည်း ဖြစ်သည်။

 

ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး

  • ခြေစစ်ပွဲမှတ်တမ်း – ၇ ပွဲနိုင်၊ ၄ ပွဲရှုံး၊ ၇ ပွဲသရေ
  • သွင်းဂိုး – ၂၈ ဂိုး၊ ပေးဂိုး – ၁၈ ဂိုး
  • ဂိုးသွင်း အများဆုံး – လူးဝစ် ဒီးယက်ဇ် (၇ ဂိုး)
  • ဂိုးဖန်တီးမှု အများဆုံး – ဂျိမ်းစ် ရိုဒရီဂွက်ဇ် (၇ ကြိမ်)

ကိုလံဘီယာ အသင်းသည် ခြေစစ်ပွဲ ခရီးစဉ်ကို ပထမ ၈ ပွဲဆက် မရှုံးသည့် မှတ်တမ်းဖြင့် စတင်ခဲ့ပြီး ယင်းအထဲတွင် အာဂျင်တီးနားနှင့် ဘရာဇီးလ် တို့ကို အနိုင်ရခဲ့သည့် အထင်ကရ နိုင်ပွဲများလည်း ပါဝင်သည်။ ဤကောင်းမွန်သော အစပျိုးမှုကြောင့် လာထရီကိုလာတို့၏ ၂၀၂၆ ကမ္ဘာ့ဖလား နေရာမှာ စိုးရိမ်စရာ မလိုဘဲ သေချာခဲ့ခြင်း ဖြစ်ပြီး တောင်အမေရိကဇုန် ခြေစစ်ပွဲ ရပ်တည် မှာလည်း အဆင့် (၃) နေရာဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

 

နည်းပြချုပ် နက်စတာ လိုရန်ဇို

နှစ်ပေါင်းများစွာ မှေးမှိန် အားနည်းနေခဲ့သည့် ကိုလံဘီယာ အသင်းသည် ၂၀၂၂ ခုနှစ်တွင် နည်းပြ နက်စတာ လိုရန်ဇို စတင် ကိုင်တွယ်ခဲ့ပြီး နောက်ပိုင်း အသက်ပြန်ဝင်လာခဲ့သည်။ ဒီအာဂျင်တီးနား လူမျိုး နည်းပြသည် ဝါရင့်ကစားသမားများနှင့် တက်ကြွလှုပ်ရှားသည့် လူငယ်ပါရမီရှင်များကို စနစ်တကျ ပေါင်းစပ်ကာ ကိုလံဘီယာကို မည်သည့် အသင်းကြီးနှင့်မဆို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ဟန်ချက်ညီသော အသင်း တစ်သင်း အဖြစ် ပြောင်းလဲပေးခဲ့သည်။ ကစားသမားများနှင့် နည်းပြလိုရန်ဇိုတို့အကြား ရှိနေသည့် နားလည်မှု၊ စည်းလုံးမှုတို့က ယခုပြိုင်ပွဲတွင် နောက်ထပ် ပုံပြင်ဆန်ဆန် အောင်မြင်မှု ခရီးစဉ် တစ်ခုကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။

 

ကိုလံဘီယာ အသင်းရဲ့ ကစားကွက်နဲ့ စတိုင်

  • နှစ်သက်သည့် ကစားကွက် – ၄-၂-၃-၁
  • ကစားဟန် – ဘောလုံးပိုင်ဆိုင်မှု အသားပေးကစားခြင်း 
  • အားသာချက် – ပြစ်ဒဏ်ဘောနှင့် ထောင့်ကန်ဘောများ၊ ကြံ့ခိုင်မှုကောင်းသည့် နောက်တန်း
  • အားနည်းချက် – အခွင့်အရေးများကို ဖြုန်းတီးတတ်သည့် အဆုံးသတ်ပိုင်း၊ ကမ္ဘာ့ဖလား အတွေ့အကြုံ နည်းပါးခြင်း

ကိုလံဘီယာ အသင်းသည် ဘောလုံးပိုင်ဆိုင်မှုကို အသာစီးရယူကာ ပွဲကိုထိန်းချုပ်ရသည်ကို နှစ်သက်ပြီး ၎င်းတို့၏ ကွင်းလယ်လူများက တစ်ဆင့် တိုက်စစ်ကို ပုံဖော်လေ့ရှိသည်။ ထို့အပြင် ခံစစ်မှ တိုက်စစ်သို့ ကူးပြောင်းရာတွင်လည်း လျင်မြန်ပြီး ကွင်းလယ်မှ ထက်မြက်သည့် ပေးပို့မှုများဖြင့် ရှေ့တန်း တိုက်စစ်မှူးများကို လွတ်လွတ်လပ်လပ် တိုက်စစ်ဆင်ခွင့် ပေးတတ်သည်။

သို့သော် လာထရီကိုလာတို့ အန္တရာယ်အရှိဆုံး အချိန်မှာ ပြစ်ဒဏ်ဘောနှင့် ထောင့်ကန်ဘောများ ရရှိချိန် ဖြစ်ပြီး ၎င်းတို့၏ တိကျလှသည့် ဘောလုံးပေးပို့မှု သို့မဟုတ် တိုက်ရိုက် ဖရီးကစ် ကန်ချက် တစ်ခုတည်းဖြင့်တင် ပွဲအခြေအနေကို အဆုံးအဖြတ် ပေးသွားနိုင်ကြသည်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အဓိက အဆုံးအဖြတ်ပေးနိုင်သူ – လူးဝစ် ဒီးယက်ဇ်

၎င်း၏ ကစားသမားဘဝ အကောင်းဆုံး ပုံစံကို ပိုင်ဆိုင်ထားသည့် လူးဝစ် ဒီးယက်ဇ်သည် ကုန်ခမ်းနိုင်ခြင်း မရှိသည့် အားအင်၊ ဆွဲပြေးမှုများနှင့် လျင်မြန်သည့် အရှိန်နှုန်းတို့ဖြင့် ယခုနွေရာသီတွင် ကိုလံဘီယာ၏ တိုက်စစ်ကို ဦးဆောင်လာမည် ဖြစ်သည်။ ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီ တင်စား ခေါ်ဝေါ်ခဲ့သည့် လူချို၏ “ခန့်မှန်းရခက်ပြီး လှပလွန်းသည့် ဖန်တီးမှုစွမ်းရည် မှာ ၎င်းဝတ်ဆင်ထားသည့် အဝါရောင် ဂျာစီထက်ပင် ပိုမိုတောက်ပနေမည် ဖြစ်သည်။

 

စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – ဂူစတာဗို ပူအာတာ  

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ရလဒ်ကောင်းခဲ့ခြင်း ကလည်း နိုင်ငံတစ်ဝန်း မျှော်လင့်ချက်များကို ပိုမိုအားကောင်းစေခဲ့သည်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ အာဂျင်တီးနားနဲ့ ဘရာဇီးလ် တို့ကိုပါ အနိုင်ယူခဲ့သည့် ကိုလံဘီယာ

ကိုလံဘီယာ လူစာရင်းတွင် ပါဝင်လာသည့် အနည်းငယ်မျှသော လူငယ် ကစားသမားများထဲမှ တစ်ဦး ဖြစ်သည့် ပူအာတာသည် အသက် ၂၂ နှစ်သာ ရှိသေးသော်လည်း အတွေ့အကြုံပိုင်း အားနည်းမည် မဟုတ်ပါ။ သူသည် ဂျာမနီ၊ အင်္ဂလန်နှင့် စပိန်လိဂ် တို့တွင် ရာသီအလိုက် ကစားခဲ့ဖူးပြီး နည်းပြ လိုရန်ဇို အတွက် နေရာစုံ အားကိုးရမည့် ကစားသမား ဖြစ်သည်။ ဖျတ်လတ်စွာ ဖျက်ထုတ်နိုင်ခြင်း၊ ဘောလုံးကို မိမိကိုယ်တိုင် တိုက်စစ်သို့ သယ်ဆောင်နိုင်ခြင်း သို့မဟုတ် အဝေးပေးပို့မှုများ ကောင်းမွန်ခြင်းစသည့် အရည်အချင်းများ အပြင် ပြစ်ဒဏ်ဘော ကန်ရာတွင်လည်း ထက်မြက်သူဖြစ်သဖြင့် အသင်းအတွက် အကျိုးပြုနိုင်မည့်သူ ဖြစ်သည်။

 

ကိုလံဘီယာရဲ့ ခန့်မှန်းလူစာရင်း 

ဘေယန်မြူးနစ်နှင့် အတူ ကောင်းမွန်သော ရာသီတစ်ခုကို ဖြတ်သန်းခဲ့သည့် ဒီးယက်ဇ် ဦးဆောင်မည့် ကိုလံဘီယာ အသင်း၏ ရှေ့တန်းလူစာရင်းမှာ အတော်အတန် တည်ငြိမ်မှု ရှိသည်။ လက်ရွေးစင် အသင်း အတွက် ၁၂၄ ပွဲအထိ ကစားပေးထားသည့် ရိုဒရီဂွက်ဇ်သည် ၎င်း၏ အကောင်းဆုံး အချိန်များကလောက် စွမ်းဆောင်ရည် မပြနိုင်တော့သော်လည်း ကွင်းလယ် ဗဟိုတွင် ဘောလုံးထိန်းချုပ်မှုနှင့် ပေးပို့မှု အရည်အသွေးပိုင်း ကတော့ ကောင်းမွန်နေဆဲပင်။ လက်ရှိတွင် အဓိက မေးခွန်းထုတ်စရာမှာ ၎င်းအနေဖြင့် အမေရိကန် မေဂျာလိဂ်သို့ ပြောင်းရွှေ့ပြီးနောက် ခက်ခဲသော အစပျိုးမှုများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ကိုလံဘီယာ အသင်းနှင့် အတူ မည်မျှအထိ ကြံ့ခိုင်မှု ပြည့်ဝနေမည်လဲ ဆိုသည်ပင် ဖြစ်သည်။

ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဒန်နီရယ် မူနော့ဇ်မှာ ညာနောက်ခံလူ နေရာတွင် စောင့်ကြည့်ရမည့်သူ ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ၁၂ လအတွင်း ပရီးမီးယားလိဂ်၏ အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ထို့အပြင် ဂျွန် အရီယက်စ် မှာလည်း အင်္ဂလန်မြေသို့ ပြောင်းရွှေ့ရန် ပျက်ပြယ်ခဲ့ပြီးနောက် ယခုပြိုင်ပွဲတွင် ၎င်း၏ခြေစွမ်းကို ပြန်လည် သက်သေပြရန် အားခဲထားသည်။

 

လက်ရှိ ခြေစွမ်း

ကိုလံဘီယာ အသင်း အနေဖြင့် ပြီးခဲ့သည့် မတ်လက ကစားခဲ့သည့် ခြေစမ်းပွဲ နှစ်ပွဲကို မေ့ပစ်ချင်နေမည်မှာ သေချာသည်။ လိုရန်ဇို၏ အသင်းသည် ခရိုအေးရှားနှင့် ပွဲတွင် အကောင်းဆုံး တုံ့ပြန်ကစားခဲ့သော်လည်း ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ပြင်သစ်နှင့် ပွဲတွင်မူ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံကို လုံးဝ မယှဉ်နိုင်ဘဲ ၃-၁ ဖြင့် အပြတ်အသတ် အရေးနိမ့်ခဲ့သည်။ ဤရှုံးပွဲ နှစ်ပွဲကြောင့် ကိုလံဘီယာအသင်း အနေဖြင့် ဥရောပထိပ်သီးအသင်းကြီးများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ထို့အပြင် ဤပွဲစဉ်များသည် နည်းပြ လိုရန်ဇိုအား အသင်း၏ ဂိုးသွင်းရန် ရုန်းကန်နေရမှု ပြဿနာ အတွက် အကောင်းဆုံး ဖြေရှင်းချက်ကို အသည်းအသန် ရှာဖွေရတော့မည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ အဆိုပါ ခြေစမ်းပွဲ နှစ်ပွဲစလုံးတွင် ရှေ့တန်းကစားသမား လေးဦးလုံး ပွဲထွက်ခဲ့ကြသော်လည်း စုစုပေါင်း ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ခြင်းက ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်နေသည်။

 

အသင်း အပေါ် ခန့်မှန်းချက်များ

၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့ခြင်းက ကိုလံဘီယာ ပရိသတ်များ အကြား ယုံကြည်မှုကို ပြန်လည် မြင့်တက်စေခဲ့ပြီး ၎င်းတို့၏ အသင်းသည် အဓိက ပြိုင်ပွဲကြီးများတွင် အဆင့်မြင့်မြင့်အထိ တက်လှမ်းနိုင်စွမ်းရှိသည်ဟု ထပ်မံ ယုံကြည်လာကြသည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ရလဒ်ကောင်းခဲ့ခြင်း ကလည်း နိုင်ငံတစ်ဝန်း မျှော်လင့်ချက်များကို ပိုမိုအားကောင်းစေခဲ့သည်။ ထို့ကြောင့် ပရိသတ်အချို့က နည်းပြ လိုရန်ဇို၏ အသင်း အနေဖြင့် ယခုနွေရာသီတွင် သမိုင်းတစ်လျှောက် အကောင်းဆုံး မှတ်တမ်းသစ် ကိုပင် ရယူနိုင်လိမ့်မည်ဟု အိပ်မက်မက်နေကြသည်။

သို့သော် ထိုမျှအထိ မျှော်လင့်ချက် မြင့်မားနေသူများ အတွက် စိတ်ပျက်စရာများ ဖြစ်လာနိုင်ပါသည်။ လက်တွေ့ကျကျ တွေးတောတတ်သည့် ကိုလံဘီယာ ပရိသတ်များ ကမူ ပိုမိုဖြစ်နိုင်ချေရှိသော ပန်းတိုင်ကိုသာ အာရုံစိုက်ထားကြသည်။ ယင်းမှာ အုပ်စုအဆင့်ကို ဖြတ်ကျော်ပြီး ရှုံးနားထွက် အဆင့်သို့ တက်လှမ်းနိုင်ရန် ဖြစ်သည်။ ၂၀၁၈ တုန်းက အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်း၊ ၂၀၂၂ တွင် ခြေစစ်ပွဲပင် မအောင်မြင်ခဲ့ခြင်း တို့ကို ပြန်ကြည့်လျှင် အုပ်စုအဆင့်ထက် ပိုမိုကျော်ဖြတ်နိုင်မည်ဆိုပါက ကိုလံဘီယာ အသင်း အတွက် အောင်မြင်မှု တစ်ခု အဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်