နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလား ကြိုတင် သုံးသပ်ချက် – ဂျပန်

အာရှဖလား ပြိုင်ပွဲတွင် အအောင်မြင်ဆုံး စံချိန်တင်ထားသည့် ဂျပန် အသင်းသည် မှတ်မှတ်ရရဖြစ်ခဲ့သော ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားခရီးစဉ်အပြီး ယခုတစ်ကြိမ်တွင်လည်း အသင်းကြီးများကို ထပ်မံ ဒုက္ခပေးရန် မျှော်မှန်းထားသည်။

ဂျပန်အသင်းသည် ၁၉၉၈ ခုနှစ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခဲ့ပြီး နောက်ပိုင်း ပြိုင်ပွဲတိုင်းသို့ ဆက်တိုက် တက်ရောက်နိုင်ခဲ့ကာ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ထားသည့် အသင်း ဖြစ်သည်။

အဆိုပါ မှတ်တမ်းကောင်းများထဲမှ နှစ်ခုမှာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အုပ်စု အဆင့်တွင် ဂျာမနီနှင့် စပိန်ကဲ့သို့ အင်အားကြီး အသင်းများကို အနိုင်ယူကာ အပြာရောင် ဆာမူရိုင်းတို့ ကမ္ဘာကို ကိုင်လှုပ်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၁၆ သင်းအဆင့်တွင် ခရိုအေးရှား အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ကွာတားဖိုင်နယ်သို့ မတက်လှမ်းနိုင်ခဲ့သည့် အစဉ်အလာဆိုးကို ယခု မြောက်အမေရိက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ကျော်ဖြတ်နိုင်ရန် ဂျပန်အသင်းက မျှော်လင့်နေသည်။

ဟာဂျီမဲ မိုရီယာစု၏ လူစာရင်းတွင် တစ်ဦးတည်းနှင့် ထင်ပေါ်နေသည့် စူပါစတား ကစားသမားမျိုး မရှိသော်လည်း တစ်သင်းလုံးတွင် အရည်အချင်းရှိသည့် ကစားသမားများ စုံလင်စွာ ရှိနေပြီး အထူးသဖြင့် တိုက်စစ်ပိုင်းက အားကောင်းလှသည်။ ဂျပန်အသင်း၏ စည်းလုံးညီညွတ်မှုနှင့် မလျှော့သော ဇွဲတို့က ယခုနွေရာသီတွင် အံ့အားသင့်စရာ ရလဒ်ကောင်းများကို ထပ်မံဖန်တီးပေးနိုင်မည် ဖြစ်သည်။

 

ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး

• ခြေစစ်ပွဲမှတ်တမ်း – ၁၃ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၂ ပွဲသရေ

• သွင်းဂိုး – ၅၄ ဂိုး၊ ပေးဂိုး – ၃ ဂိုး

• ဂိုးသွင်း အများဆုံး – အာယာဆေး အူအေဒါ (၈ ဂိုး)

• ဂိုးဖန်တီးမှု အများဆုံး – ဂျွန်ယာ အီတို (၁၀ ကြိမ်)

ဂျပန်အသင်းသည် အိမ်ရှင် သုံးနိုင်ငံ အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ပထမဆုံး တက်ရောက်ခွင့်ရသည့် နိုင်ငံဖြစ်ပြီး ခြေစစ်ပွဲ အဆင့် နှစ်ဆင့်စလုံးတွင် ၁၆ ပွဲ ကစားခဲ့သည်။ မယုံနိုင်စရာ ကောင်းသည်မှာ ထိုပွဲများတွင် ၃ ဂိုးသာ ပေးခဲ့ရပြီး သွင်းဂိုး ၅၄ ဂိုးအထိ ရရှိခဲ့ခြင်း ဖြစ်သည်။ ဂျပန် အသင်း အနေဖြင့် ခြေစစ်ပွဲကို သက်သောင့်သက်သာ ကျော်ဖြတ်ကျော်လာခဲ့သည်ဟု ဆိုလျှင်ပင် မမှားနိုင်ပေ။

 

နည်းပြချုပ် ဟာဂျီမဲ မိုရီယာစု

မိုရီယာစုသည် ၂၀၁၈ ကမ္ဘာ့ဖလား အပြီးတွင် ဂျပန် လက်ရွေးစင်အသင်း၏ လက်ထောက် နည်းပြဘဝမှ အသင်းကြီး နည်းပြချုပ် အဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရပြီးကတည်းက နည်းပြလောကတွင် တောက်ပလာသူ ဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားတွင် အောင်မြင်မှု ရရှိခဲ့ခြင်းမှာ လူငယ်ကစားသမားများကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့သည့် ၎င်း၏ စွမ်းရည်ကြောင့် ဖြစ်ပြီး ၎င်းသည် ပထမသုံးနှစ်တာ ကာလ အတွင်း ဂျပန် ယူ-၂၃ အသင်း ကိုပါ ပူးတွဲကိုင်တွယ်ခဲ့သဖြင့် လူငယ်များကို ကောင်းစွာ နားလည်ခဲ့ခြင်း ဖြစ်သည်။

 

ဂျပန် အသင်းရဲ့ ကစားကွက်နဲ့ စတိုင်လ်

မိုရီယာစုသည် ၂၀၁၈ ကမ္ဘာ့ဖလားအပြီးတွင် ဂျပန် လက်ရွေးစင်အသင်း၏ လက်ထောက် နည်းပြဘဝမှ အသင်းကြီး နည်းပြချုပ် အဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရပြီးကတည်းက နည်းပြလောကတွင် တောက်ပလာသူ ဖြစ်သည်။
ဖြတ်မြင်း အသင်း အဖြစ် မြင်တွေ့ရလေ့ ရှိတဲ့ ဂျပန်

• နှစ်သက်သည့် ကစားကွက် – ၃-၄-၂-၁

• ကစားဟန် – ပြိုင်ဘက်ကို အမြဲတမ်း ဖိအားပေးကစားခြင်း

• အားသာချက် – ထက်မြက်သည့် တိုက်စစ်စွမ်းရည်၊ ပြင်းထန်သည့် ဖိအားပေးပုံစံ

• အားနည်းချက် – အရပ်အမောင်းနှင့် ရုန်းကန်ရမှု၊ နောက်တန်းလူစာရင်း အင်အားမတောင့်တင်းမှု

နည်းပြ မိုရီယာစုသည် အသင်းကို ကိုင်တွယ်စဉ် အတွင်း ကစားကွက်အမျိုးမျိုး ပြောင်းလဲ အသုံးပြုခဲ့သော်လည်း ယခုကမ္ဘာ့ဖလားတွင်မူ 3-4-2-1 စနစ်ကို အဓိကထား အသုံးပြုလာနိုင်ခြေ ရှိသည်။ အားအင် ကုန်ခမ်းခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ဖိအားပေး ကစားတတ်သည့် ပုံစံကြောင့် လူသိများသော ဂျပန်အသင်းသည် ပြိုင်ဘက်ကို အသက်ရှူရကျပ်အောင် ကစားလေ့ရှိပြီး ဘောလုံးလုယူရရှိသည်နှင့် တိုက်စစ်သို့ လျင်မြန်စွာ ကူးပြောင်းတတ်သည်။ ခံစစ်ပိုင်းတွင်လည်း အလွန်စနစ်ကျပြီး တစ်ကွင်းလုံးရှိ ကစားသမားအားလုံး စက်ရုပ်တစ်ရုပ်ကဲ့သို့ အချိတ်အဆက်မိမိ ကစားနိုင်ကြသည်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အဓိက အဆုံးအဖြတ်ပေးနိုင်သူ – တာကီဖူဆာ ကူဘို

၎င်း၏ ထူးချွန်လှသည့် နည်းစနစ်ပိုင်း အရည်အချင်းကြောင့် မိခင်နိုင်ငံတွင် “ ဂျပန် မက်ဆီ” ဟု တင်စားခေါ်ဝေါ်ကြသည့် ကူဘိုသည် ယခုနွေရာသီတွင် ၎င်း၏ လျင်မြန်သည့် အရှိန်နှင့် ဖျတ်လတ်မှု တို့ဖြင့် ပြိုင်ဘက် နောက်ခံလူများကို ဒုက္ခပေးဦးမည် ဖြစ်သည်။ သူသည် ခြေစစ်ပွဲတစ်ခုတည်းတွင်တင် ၄ ဂိုးသွင်း၊ ၈ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့သည်။

 

စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – ဇီယွန် ဆူဇူကီး

လူငယ်ကြယ်ပွင့် အီတလီမြေတွင် အထင်ကြီးစရာ ခြေစွမ်းပြသထားပြီး ဖြစ်သည့် နယူးဂျာစီဖွား ဂိုးသမား ဇီယွန် ဆူဇူကီးသည် ယခု ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှတစ်ဆင့် ၎င်း၏ အဆင့်အတန်းကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်ကာ ဥရောပထိပ်သီး ကလပ်များ၏ အာရုံစိုက်မှုကို ခိုင်ခိုင်မာမာ ရယူနိုင်ရန် ကြိုးပမ်းမည် ဖြစ်သည်။

 

ဂျပန်ရဲ့ ခန့်မှန်းလူစာရင်း

ယခုနွေရာသီတွင် ဒဏ်ရာပြဿနာများကြောင့် နည်းပြ မိုရီယာစု မျှော်မှန်းထားသည့် လူစာရင်း အပြောင်းအလဲ ရှိခဲ့သည်။ မိုနာကို ကြယ်ပွင့် တာကူမိ မီနာမီနိုမှာ ရှေ့အရွတ်ပြတ်ဒဏ်ရာ (ACL) ကြောင့် ပြိုင်ပွဲ လွဲချော်ခဲ့ရသလို၊ နောက်ခံလူ ကိုကီ မာချီဒါနှင့် တောင်ပံ ကစားသမား ကာအိုရု မီတိုမာ တို့လည်း လူစာရင်း ကြေညာကတည်းက ပါဝင်နိုင်ခြင်း မရှိကြောင်း အတည်ပြုခဲ့ရသည်။ အသင်းခေါင်းဆောင် ဝါတာရု အန်ဒိုမှာ ဖေဖော်ဝါရီလက လစ်ဗာပူးလ် အသင်းနှင့် အတူ ရရှိခဲ့သည့် ရေရှည် ဒဏ်ရာမှ ပြန်လည် သက်သာလာပြီး လိုက်ပါလာနိုင်သော်လည်း ပွဲကစားခွင့် မိနစ်ပိုင်း မရရှိသေးပေ။

သို့သော်လည်း ကံကောင်းသည်မှာ ဂျပန်အသင်းတွင် အထူးသဖြင့် တိုက်စစ်ပိုင်း၌ အရည်အချင်းရှိသူများစွာ ကျန်ရှိနေသေးသည်။ အရပ်ပုသော်လည်း ထက်မြက်သည့် တောင်ပံ ကစားသမား ကူဘိုနှင့် အတူ ခြေစွမ်းပြနေသည့် ဖီယင်နော့ဒ် တိုက်စစ်မှူး အာယာဆေး အူအေဒါတို့က အသင်းကို ဦးဆောင်မည် ဖြစ်သည်။ ရစ်ဆု ဒိုအန်၊ ဂျွန်ယာ အီတိုနှင့် ဒိုင်ချီ ကာမာဒါတို့ ကလည်း တိုက်စစ်တွင် ကူညီပေးကြမည် ဖြစ်သည်။

တိုးတက်လာနေသည့် လူငယ်ဂိုးသမား ဆူဇူကီး၏ ရှေ့တွင် ဘေယန်မြူးနစ် နောက်ခံလူ ဟီရိုကီ အီတို ဦးဆောင်သည့် နောက်တန်း သုံးယောက် ပါဝင်မည်ဖြစ်ပြီး အေဂျက်ဇ် နောက်ခံလူ ကို အီတာကူရာ မှာလည်း အားကိုးရသည့် ခံစစ်ရွေးချယ်မှု တစ်ခု ဖြစ်သည်။

 

လက်ရှိ ခြေစွမ်း

ဂျပန် အသင်းသည် ပြီးခဲ့သည့် မတ်လ နိုင်ငံတကာခြေစမ်းပွဲများ အတွက် UK သို့ သွားရောက်ခဲ့ပြီး လူစုံမပါဝင်နိုင်ခဲ့သော်လည်း စကော့တလန် အသင်းကို ၁-၀ ဖြင့် အသည်းအသန် ကစားကာ အနိုင်ရရှိခဲ့သည်။ ထို့နောက် ဝင်ဘလေကွင်းကြီးတွင် အင်္ဂလန် အသင်းကို အဘက်ဘက်မှ အသာစီးပေးခဲ့ရသော်လည်း ဆာမူရိုင်း တို့က ၁-၀ ဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ အသင်း၏ ယုံကြည်မှုကို မြှင့်တင်နိုင်ခဲ့သည်။

 

အသင်း အပေါ် ခန့်မှန်းချက်များ

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရရှိခဲ့ပြီးနောက် ယခုနွေရာသီတွင်လည်း ဂျပန် အသင်း အနေဖြင့် ၎င်းတို့၏ သမိုင်းတစ်လျှောက် အကောင်းဆုံးသော ကမ္ဘာ့ဖလား ခရီးစဉ်ကို ဖြတ်သန်းနိုင်လိမ့်မည်ဟု ပရိသတ်များက ဆက်လက် မျှော်လင့်နေကြသည်။ ထက်မြက်ပြီး ရွေးချယ်စရာ များပြားလှသည့် တိုက်စစ်ပိုင်း၊ အားကိုးရပြီး အလုပ်ကြိုးစားသည့် ကွင်းလယ် အပြင် ခြေစစ်ပွဲ တစ်လျှောက် ၃ ဂိုးသာ ပေးခဲ့ရသည့် နောက်တန်းခံစစ်တို့ကြောင့် ဂျပန် ပရိသတ်များ အနေဖြင့် စိုးရိမ်ပူပန်နေစရာ အကြောင်းမရှိသလောက်ပင်။

ယခုပြိုင်ပွဲတွင် အုပ်စု တတိယ ရရှိသည့် အသင်းအများစုပင် ၃၂ သင်းအဆင့် ရှုံးထွက်သို့ တက်ရောက်ခွင့်ရမည့် စနစ် ဖြစ်သောကြောင့် ဂျပန်အသင်းအနေဖြင့် အုပ်စုအဆင့်ကို သက်သောင့်သက်သာဖြင့် အလွယ်တကူ ကျော်ဖြတ်နိုင်ရပါမည်။ သို့သော်လည်း အုပ်စုအဆင့် အလွန် ပွဲစဉ်များကသာ အကဲဆတ်ပြီး ခက်ခဲလာမည် ဖြစ်သည်။ ကမ္ဘာ့ဖလား သမိုင်းတွင် ၁၆ သင်းအဆင့်ထက် ပိုမို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိသေးသည့် ဆာမူရိုင်းတို့ အနေဖြင့် ယခုနှစ်တွင် ထိုအစဉ်အလာဆိုးကို ချိုးဖျက်ပြီး နောက်ထပ်တစ်ဆင့် (ကွာတားဖိုင်နယ်) သို့ တက်လှမ်းနိုင်မည့် အရည်အချင်းမျိုး ရှိ၊ မရှိ စောင့်ကြည့်ရတော့မည် ဖြစ်သည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်