နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပါးလ်မားကို ခေါ်ယူဖို့ လက်လျှော့လိုက်တဲ့ ယူနိုက်တက်၊ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ စိတ်မဝင်စားတဲ့ ဘေယန်မြူးနစ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ တခြားနေရာတွေကို ပိုမို ဦးစားပေး ခေါ်ယူဖို့ ရှိနေတာကြောင့် ချဲလ်ဆီး ကွင်းလယ်လူ ကိုးလ် ပါးလ်မာကို ခေါ်ယူမယ့် အစီအစဉ်ကို လုံးဝ ဖယ်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီအစား ယူနိုက်တက်က ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းမှာ ဆက်ရှိနေဖို့ ရာခိုင်နှုန်း အလွန် နည်းပါးနေတဲ့ မားတီးယပ်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အတွက် အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။

ဖီအိုရင်တီးနား ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ကတော့ စီးရီးအေ ကလပ်မှာ ဆက်နေဖို့ ဆန္ဒရှိနေပေမယ့်လည်း အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့ အခွင့်အရေး ရှိလာပါက စဉ်းစားသွားမယ်လို့ ရှင်းလင်းစွာ ပြောကြားထားပါတယ်။

လစ်ဗာပူးလ် အသင်းဟာ သူတို့ရဲ့ နွေရာသီ ပစ်မှတ် စာရင်းမှာ မန်ယူနိုက်တက် ကလည်း စိတ်ဝင်စားနေတဲ့ ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာ့ အပြင်၊ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန်၊ မိုနာကိုက လာမင်း ကာမာရာနဲ့ လန်းစ်က မာမာဒူ ဆန်ဂါရေး တို့ကိုပါ ထည့်သွင်းကာ စောင့်ကြည့်လျက် ရှိနေပါတယ်။

ချဲလ်ဆီး အသင်းဟာ ဒီနွေရာသီမှာ ခေါ်ယူဖို့ အတွက် နယူးကာဆယ် တိုက်စစ် ကစားသမား အန်သိုနီ ဂေါ်ဒွန်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဘေယန်မြူးနစ်က ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် တိုက်စစ်မှူး ကိုင် ဟာဗက်ဇ်ကို ခေါ်ယူဖို့ စိတ်မဝင်စားပါဘူး။ ဒါပေမယ့်လည်း ဂျာမန် ကစားသမား ကိုယ်တိုင် ကတော့ သူ့ရဲ့ ကစားသမား ဘဝ တစ်ချိန်ချိန်မှာ ဂျာမန် ဘီလူးကြီး ဘေယန်မြူးနစ်မှာ သွားရောက် ကစားလိုတဲ့ ဆန္ဒ ရှိနေပါတယ်။

အာဆင်နယ် ကိုတော့ မန်စီးတီးမှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာစီးတီး ကွင်းလယ်လူ တီဂျန်နီ ရိုင်းဒါးစ် ရောက်ရှိလာနိုင်ပြီး သူဟာ မန်စီးတီးနဲ့ အနာဂတ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

လစ်ဗာပူးလ်ဟာ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘေယန်မြူးနစ်တို့ထက် ဦးအောင် စပါး အသင်းရဲ့ လူငယ် ဗဟိုနောက်ခံလူ လူကာ ဗူစကိုဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

တစ်ချိန်တည်းမှာပဲ စပါးက ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ရဲ့ အပြောင်းအရွှေ့ စာရင်းထဲမှာ ရှိနေတဲ့ ဘရိုက်တန် နောက်ခံလူ ယန် ပေါလ် ဗန် ဟက်ကီကို ခေါ်ယူရန် ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ခေါ်ယူဖို့ ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ အသင့် ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့မှာ ဦးဆောင်နေပြီး အီတလီ ကွင်းလယ်လူထံကိုလည်း သူတို့ရဲ့ စိတ်ဝင်စားမှုကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဘေယန်မြူးနစ်က ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် တိုက်စစ်မှူး ကိုင် ဟာဗက်ဇ်ကို ခေါ်ယူဖို့ စိတ်မဝင်စားပါဘူး။
ဟာဗက်ဇ်ကို ခေါ်ယူမှာ မဟုတ်တဲ့ ဘေယန်မြူးနစ်

ချဲလ်ဆီး၊ ယူနိုက်တက်၊ စပါးနဲ့ ဂျူဗင်တပ်စ် တို့က အလိုရှိနေတဲ့ စပို့တင်းလစ္စဘွန်း ဘယ်နောက်ခံလူ မက်ဇီ အာရူဟိုကို ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ (ပေါင် ၄၃ သန်း) နဲ့ အသင်း ကနေ ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းတွင်း မငြိမ်မသက်ဖြစ်မှုများ ကြားက လစ်ဗာပူးလ် အသင်းဟာ ကွင်းလယ်လူ ဖက်ဒရီကို ဗယ်ဗာဒီကို အန်ဖီးလ်ဆီ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

လစ်ဗာပူးလ်ဟာ ဗယ်လ်ဗာဒီကို ခေါ်ယူဖို့ ယူရို သန်း ၁၀၀ (ပေါင် ၈၆ သန်း) အထိ တန်ကြေး ရှိသော ကမ်းလှမ်းမှု ပြုလုပ်ဖို့ အသင့် ဖြစ်နေပေမယ့်လည်း ပြိုင်ဘက် အာဆင်နယ် အသင်းရဲ့ စိတ်ဝင်စားမှု ကိုပါ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

တခြား တစ်ဖက်မှာတော့ မန်ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်က အော်ရီလီယန် ချူအာမေနီ ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ရီးရဲလ်မက်ဒရစ် ဘက်ကလည်း ပေါင် သန်း ၇၀ (ယူရို ၈၁ သန်း) ရရှိပါက လက်လွှတ်ဖို့ အသင့်ရှိနေပါတယ်။

ဂျူဗင်တပ်စ် တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ် ကတော့ သူ့ရဲ့ မြင့်မားတဲ့ လစာငွေ ရရှိတဲ့ စာချုပ်သက်တမ်း အတွင်း အသင်း ကနေ ထွက်ခွာဖို့ လောနေခြင်း မရှိပါဘူး။ အက်စတွန်ဗီလာနဲ့ ခရစ္စတယ်ပဲလေ့စ် နှစ်သင်းစလုံးက အငှားနဲ့ ခေါ်ယူလိုပါက ဂျူဗင်တပ်စ် အနေနဲ့ သူ့ရဲ့ လစာတချို့ကို ကူညီပေးဆောင်ရမှာ ဖြစ်ကြောင်း သတိပေးထားပါတယ်။

ဘာစီလိုနာ အသင်းဟာ ကမ္ဘာ့အဆင့် ကြယ်ပွင့် မဖြစ်သေးတဲ့ ပရီးမီးယားလိဂ် လူငယ်ကစားသမားတွေကို ခေါ်ယူတဲ့ ‘ရာဖင်ညာ နည်းလမ်း’ ကို အသုံးပြုပြီး ကစားသမားသစ်တွေကို ရှာဖွေနေပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူး ယာအို ပတ်ဒရိုဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ဖြစ်လာပြီး သူ့ရဲ့ တန်ကြေးကို ယူရို ၇၅ သန်း (ပေါင် ၆၅ သန်း) လို့ သတ်မှတ်ထားပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ ချဲလ်ဆီး အသင်းရဲ့ တခြား ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ဘယ်နောက်ခံလူ မာ့ ကူကူရယ်လာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဖက်ဒရီကို ဗယ်လ်ဗာဒီနဲ့ ရန်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အော်ရီလီယန် ချူအာမန်နီကို အသင်း ကနေ ထုတ်ပယ်ဖို့ အသင့် ဖြစ်နေပြီး သူ့ကို မန်စီးတီး ကွင်းလယ်လူ ရိုဒရီနဲ့ အလဲထပ် ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်