နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အီဂေါ သီယာဂိုကို ချိတ်ဆက်နေတဲ့ ယူနိုက်တက်၊ လီဝစ် စကယ်လီကို တရားဝင် ကမ်းလှမ်းလာတဲ့ အက်တလက်တီကိုမက်ဒရစ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘရန့်ဖို့ဒ်ရဲ့ ဂိုးသွင်းစက် တိုက်စစ်မှူး အီဂေါ သီယာဂိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီဘရာဇီးလ် တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ချဲလ်ဆီး အသင်းက ပေါင် ၇၇.၈ သန်း အထိ အသုံးပြုပြီး ကြားဖြတ် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

အာဆင်နယ် အသင်းဟာ ပီအက်စ်ဂျီ စူပါစတား ခါဗစ်ချာ ကွာရတ်စခီလီယာကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ကြိုးပမ်းနေပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တာကြောင့် ဘဏ္ဍာရေး အားကောင်းနေတဲ့ အာဆင်နယ်ဟာ ဒီဂျော်ဂျီယာ ကြယ်ပွင့် အတွက် ပေါင် ၁၂၂ သန်းခန့် အသုံးပြုဖို့ အသင့် ရှိနေပါတယ်။ 

မန်ချက်စတာယူနိုက်တက် အသင်းဟာ စပါး နောက်ခံလူ မစ်ကီ ဗန်ဒီဗန်ကို သူတို့ရဲ့ ခံစစ် ပြဿနာ ဖြေရှင်းဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါ့အပြင် ဖောရက်စ်က မူရီလိုနဲ့ လိုက်ပ်ဇစ်က လု့ခ်ကီဘာ တို့ကိုလည်း စောင့်ကြည့်နေပါတယ်။ ဗန်ဒီဗန် ကိုတော့ လစ်ဗာပူးလ် ကပါ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေပြီး စပါး အသင်း တန်းဆင်း၊ မဆင်းပေါ် မူတည်ပြီး သူ့ရဲ့ တန်ဖိုးဟာ ပေါင် သန်း ၁၀၀ ကျော် ကနေ ပေါင်သန်း ၈၀ ကျော်အထိ အပြောင်းအလဲ ရှိနိုင်ပါတယ်။ 

ချဲလ်ဆီး ကနေ ထွက်ခွာချင်နေတဲ့ ကမ္ဘာ့ဖလားရ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့ သုံးပွင့်ဆိုင် အပြိုင်အဆိုင် ဖြစ်နေပါတယ်။ သူ့ရဲ့ တန်ဖိုးကို ပေါင် ၁၀၃.၇ သန်းလို့ သတ်မှတ်ထားပါတယ်။

လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်ကို တူရကီ ကလပ် ဂါလာတာစာရေးက ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဗန်ဒိုက်ခ် ကိုယ်တိုင် ကလည်း တူရကီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ ဆိုပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် အသင်းဟာ အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် မိုင်းလ်စ် လူးဝစ်-စကယ်လီကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ပရီးမီးယားလိဂ် ကလပ် ကတော့ သူ့အတွက် ယူရို သန်း ၇၀ ဝန်းကျင် အလိုရှိနေပါတယ်။ 

လူကာ မိုဒရစ်ရဲ့ အကြံပေးချက်အရ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီး နောက်ခံလူ ယော့စကို ဂဗာဒီယိုလ်ကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာပါတယ်။ သူ့ရဲ့ တန်ဖိုးဟာ ပေါင် ၈၆.၄ သန်းခန့် ရှိနေပါတယ်။

ပရိသတ်တွေရဲ့ ဝေဖန်မှု ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်က ကီလီယန် အမ်ဘာပေးကို ရောင်းထုတ်ဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမယ့် ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ အနာဂတ် ကတော့ မသေချာဘဲ ဖြစ်နေပြီး မန်စီးတီးက သူ့ကို ခေါ်ယူဖို့ အလေးအနက်ထား စိတ်ဝင်စားနေပါတယ်။ 

ဘာစီလိုနာဟာ စပါး နောက်ခံလူ ပက်ဒရို ပေါ်ရို အတွက် ပထမဆုံးအကြိမ် အဖြစ် ပေါင် ၂၅.၉ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကလည်း ချဲလ်ဆီးမှာ အနာဂတ် မသေချာ ဖြစ်နေတဲ့ လီယမ် ဒီလက်ပ်ကို အသည်းအသန် ခေါ်ယူလိုနေပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူ မားတေးယပ်စ် ဖာနန်ဒက်စ်ကို မန်ချက်စတာယူနိုက်တက်က စောင့်ကြည့်နေပါတယ်။ အဓိက ကတော့ ဝက်စ်ဟမ်းတို့ တန်းဆင်း၊ မဆင်းပေါ် မူတည်ပြီး ပြောင်းရွှေ့ကြေး ပေးချေရနိုင်လို့ ဖြစ်ပါတယ်။

ပါးမား ကွင်းလယ်လူ မန်ဒဲလား ကေတာ ကိုတော့ အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေပါတယ်။

ဘေယန်မြူးနစ် လူငယ် ကွင်းလယ်လူ လန်းနတ် ကားလ် ကိုတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာက ခေါ်ယူလိုနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်