နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ချဲလ်ဆီးမှာပဲ ဆက်နေပြီး တိုက်ပွဲဝင်ချင်နေတဲ့ ဒီလက်ပ်၊ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဆမ်းမားဗီးလ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ ကိုးလ် ပါးလ်မားက မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေကို အလေးမထားသလို ပြောဆိုထားခဲ့တာပါ။ ဒါပေမယ့်လည်း ကမ်းလှမ်းမှုသာ တကယ် ရောက်လာရင်တော့ သူ့အနေနဲ့ စဉ်းစားဖွယ် ရှိနေကြောင်း ယုံကြည်ရပါတယ်။

ဘာစီလိုနာ အနေနဲ့ အသင်းမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူဖို့ ဆုံးဖြတ်ချက် မချခဲ့ပါက သူ့ကို ယူနိုက်တက်မှာ ပြန်လည် အသုံးပြုမှ မဟုတ်ပဲ ဝယ်ယူမယ့်သူ အသစ် ကိုသာ ရှာဖွေသွားမယ်လို့ သိရပါတယ်။

လိုင်ယွန် အသင်းရဲ့ တောင်ပံ ကစားသမား အာဖွန်ဆို မော်ရီရာနဲ့ နော့ဒ်ဂျယ်လန်းက အသက် ၁၉ နှစ် အရွယ် တောင်ပံကစားသမား ပရင့်စ် အာမိုအာကို ဂျူနီယာ တို့ကို မန်ချက်စတာယူနိုက်တက်က စောင့်ကြည့်နေပါတယ်။ အာမိုအာကို ကိုတော့ ပီအက်စ်ဂျီ ကလည်း စိတ်ဝင်စားနေပါတယ်။

လီယမ် ဒီလက်ပ် ကတော့ ချဲလ်ဆီး မှာပဲ ဆက်နေပြီး နေရာ တစ်နေရာ အတွက် တိုက်ပွဲဝင်ချင်နေပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ်က သူ့ကို အထူး စိတ်ဝင်စားနေပြီး အသင်းဖော် နီကိုးလပ်စ် ဂျက်ဆင်ထက် ဒီလက်ပ်ကို ပိုမို ခေါ်ယူလိုနေပါတယ်။

ဝက်စ်ဟမ်း တောင်ပံကစားသမား ခရစ်ဆန်စီယို ဆမ်းမားဗီးလ်ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဖီးလ် ဖိုဒန် ကတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး၊ ဘေယန်မြူးနစ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီး မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ဝေဖန်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ကီလီယန် အမ်ဘာပေးကို ခေါ်ယူဖို့ လစ်ဗာပူးလ်က ရဲရဲဝံ့ဝံ့ ချဉ်းကပ်မှုတွေ ပြုလုပ်လာပါတယ်။

လစ်ဗာပူးလ် ကနေ ထွက်ခွာမယ့် မိုဟာမက် ဆာလာကို ဆန်ဒီယေဂို အက်ဖ်စီ ပိုင်ရှင်က ခေါ်ယူဖို့ အားထုတ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာလာ ကိုယ်တိုင်က ဥရောပရဲ့ ထိပ်သီး အဆင့် မှာသာ ဆက်ကစားလိုနေပြီး မက်ဒရစ် ကလပ် သူ့ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အဲလ်ဟီလာ ကနေ ထွက်ခွာဖို့ သဘောတူညီမှု ရထားတဲ့ လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ဒါဝင် နူညက်ဇ်ကို ချဲလ်ဆီးနဲ့ ဂျူဗင်တပ်စ် တို့က ဥရောပဆီ ပြန်လည် ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေပါတယ်။

ဝက်စ်ဟမ်း တောင်ပံကစားသမား ခရစ်ဆန်စီယို ဆမ်းမားဗီးလ်ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ဝက်စ်ဟမ်းမှာ ခြေစွမ်းပြနေတဲ့ ဆမ်းမားဗီးလ်

ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ် အထိ ရှိနေဆဲ ဖြစ်ပြီး စာချုပ်သစ် အတွက် ပြတ်ပြတ်သားသား မသိရသေးပေမယ့်လည်း ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာမှာ မဟုတ်ကြောင်း သိရပါတယ်။

ဘာစီလိုနာက ဖာရန်း တောရက်စ်ရဲ့ စွမ်းဆောင်ရည် အပေါ် သံသယ ရှိနေပြီး ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ အသင့် ရှိနေပါတယ်။ သူ့ကို နယူးကာဆယ်က အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

ဂျူဗင်တပ်စ် နောက်ခံလူ ပီယဲလ် ကာလူလူကို အက်စတွန်ဗီလာ၊ လစ်ဗာပူးလ်နဲ့ ယူနိုက်တက် တို့က စောင့်ကြည့်နေပါတယ်။ အာဆင်နယ်ဟာ ပီအက်ဗွီ နောက်ခံလူ ယာရက် ဂါစီယိုရော့စကီး အတွက် ဒေါ်လာ ၂၉ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီး နောက်ခံလူ ဝက်စ်လေ ဖိုဖာနာရဲ့ ကိုယ်စားလှယ်တွေက ကစားသမားကို ဘာစီလိုနာဆီ ကမ်းလှမ်းခဲ့ပါတယ်။ ချဲလ်ဆီးက ဒေါ်လာ ၃၅ သန်း ဝန်းကျင်နဲ့ ရောင်းချလိုပေမယ့်လည်း ဘာစီလိုနာက အငှားနဲ့သာ အလိုရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ဝင်ရောက် မနှောင့်ယှက်နိုင်ခင် စတုဂတ် ကွင်းလယ်လူ အိန်ဂျယ်လို စတယ်လာကို အမြန်ဆုံး ခေါ်ယူဖို့ ဂျူဗင်တပ်စ်က ကြိုးပမ်းနေပါတယ်။

အသက် ၁၅ နှစ် အရွယ် ရော်နယ်ဒိုရဲ့ သား ဖြစ်သူ ဂျူနီယာက ဆော်ဒီမှာ ဆက်နေဖို့ မသေချာတော့ပဲ ဥရောပမှာ ကစားဖို့ အိပ်မက်မက်နေပါတယ်။ သူ့ကိုတော့ ရီးရဲလ်မက်ဒရစ်၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့က ၎င်းကို စိတ်ဝင်စားနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်