ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ဘေယန် ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို စာချုပ်သစ်ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ပရီးမီးယားလိဂ် ကလပ်က ခေါ်ယူလိုတဲ့ စာရင်းမှာ အေစီမီလန် တောင်ပံ ကစားသမား ခရစ္စတီယန် ပူလီဆစ်က ရေပန်းစားလာနေပါတယ်။ အမေရိကန်သားက စာချုပ်သက်တမ်း ကုန်ဆုံးဖို့ တစ်နှစ်သာ လိုတော့တာကြောင့် ယူနိုက်တက် အနေနဲ့ ဈေးနှုန်းသက်သာစွာနဲ့ ရနိုင်ခြေ ရှိနေပါတယ်။ မီလန် အသင်းမှာ ၁၂ လ သက်တမ်းတိုးနိုင်တဲ့ အခွင့်အရေး ရှိနေပေမယ့်လည်း လက်ရှိမှာ ဆွေးနွေးမှုတွေ မရှိသေးပါဘူး။
မန်ချက်စတာယူနိုက်တက်ဟာ ဘိုတာဖိုဂို အသင်းရဲ့ ကွင်းလယ်လူ ဒန်နီလိုကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။ အသက် ၂၅ နှစ် အရွယ် ရှိတဲ့ ဒီကစားသမားက အသင်း ကနေ ထွက်ခွာမယ့် ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။
လစ်ဗာပူးလ် အသင်းဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ အတွက် လိုက်ပ်ဇစ်က ယန် ဒီယိုမန်ဒီနဲ့ ပီအက်စ်ဂျီက ဘရက်ဒ်လေ ဘာကိုလာ တို့ကို စောင့်ကြည့်နေပါတယ်။
အာဆင်နယ်ဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၆ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး အသင်းဟာ ရီကို လူးဝစ်ကို ဒီနွေရာသီမှာ ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ် အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး အီဂေါ သီယာဂိုကို အက်တလက်တီကို၊ အေစီမီလန်၊ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်စ် အသင်း တို့က စိတ်ဝင်စားနေတယ်လို့ သိရှိထားပြီး ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း ၈၀ တောင်းဆိုထားပါတယ်။

မာ့ခ် ဂီယူ ကတော့ ချဲလ်ဆီးမှာ ပွဲထွက် ကစားခွင့် နည်းပါးတဲ့ အတွက် စိတ်ပျက်နေပြီး လာလီဂါဆီ ပြန်သွားလိုနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ကတော့ ၎င်းကို ပရီးမီးယားလိဂ် အသင်း တစ်သင်းဆီကို အငှားချလိုနေပါတယ်။
အက်စတွန်ဗီလာမှာ အငှားကစားနေတဲ့ ဒွန်ရဲလ် မာလင်ကို ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့က စောင့်ကြည့်နေကြပြီး ရိုးမား အသင်း ကလည်း စိတ်ဝင်စားနေပါတယ်။
ဒေါ့မန် ဘယ်နောက်ခံလူ ဒန်နီရယ် ဆဗန်ဆန်ကို ခေါ်ယူဖို့ အာဆင်နယ်၊ လိဒ်စ်ယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ အပြိုင် ကြိုးပမ်းနေကြပါတယ်။ သူ့ကိုတော့ အေစီမီလန်၊ အတ္တလန္တာနဲ့ အင်တာမီလန်တို့ ကလည်း စိတ်ဝင်စားနေပါတယ်။
လစ်ဗာပူးလ် အသင်းဟာ ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် စပို့တင်းလစ္စဘွန်းက ဂွန်ဆာလို အီနာစီယိုကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ လစ်ဗာပူးလ် အသင်းရဲ့ နောက်ထပ် ပစ်မှတ် ကတော့ ဘရိုက်တန် နောက်ခံလူ ဂျန် ပေါလ် ဗန် ဟက်ကီ ဖြစ်ပါတယ်။
ဂါလာတာဆာရေး အသင်း ကတော့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ မာနျူရယ် အူဂါတေးကို ပြန်လည် စိတ်ဝင်စားလာပြီး အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ဖူလ်ဟမ်ကို အနိုင်ရခဲ့ပြီးနောက် သူတို့ရဲ့ ဆုဖလား အိမ်မက်က ရှင်သန်နေဆဲ ဖြစ်ကြောင်း အာဆင်နယ် တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်က ဖွင့်ဟခဲ့ပါတယ်။
ဂျူဗင်တပ် နည်းပြ လူစီယာနို စပယ်လက်တီ ကတော့ မိမိတို့ အသင်းက အဆင့် ၄ နေရာ လောက်ကိုပဲ မဟုတ်ပဲ လာမယ့် ရာသီ ချန်ပီယံလိဂ် ဖလား အတွက်ပါ အာရုံစိုက်ထားဖို့ အသင်းသားတွေကို ပြောဆိုလိုက်ပါတယ်။
ဝက်စ်ဟမ်း နည်းပြ နူနို အက်စ်ပီရီတို ဆန်တို ကတော့ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ကျန်ရစ်နေဖို့ အသင်းသားတွေကို အားပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ် ကတော့ ဥရောပဝင်ခွင့် မျှော်လင့်ချက် အတွက် အားလျှော့ဦးမှာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


