ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က အက်စတွန်ဗီလာ တိုက်စစ် ကစားသမား မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်ရန် စဉ်းစားနေပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက အနည်းဆုံး ပေါင် ၈၆.၄ သန်း (ယူရို ၁၀၀ သန်း) ခန့် ရှိနိုင်ကြောင်း ခန့်မှန်းရပါတယ်။ မော်ဂန် ရော်ဂျာစ် ကိုတော့ အာဆင်နယ် ကလည်း ခေါ်ယူဖို့ အတွက် ကြိုးပမ်းနေပြီး ကစားသမား ကိုယ်တိုင် ကလည်း အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
လာလီဂါ ထိပ်သီး ကလပ် နှစ်ခု အကြား ဟူလီယန် အဲလ်ဗာရက်ဇ် ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေမှာ လက်ရှိမှာ ရပ်တန့်နေပါတယ်။ အာဆင်နယ် အသင်းက အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူးကို ခေါ်ယူဖို့ အခွင့်အရေး အကောင်းဆုံး ဖြစ်နေပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ လန်ဒန်မြောက်ပိုင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခြင်း မရှိကြောင်း သိရပါတယ်။
ဘာစီလိုနာ နည်းပြ ဟန်စီ ဖလစ်ခ်က ဟယ်ရီကိန်းကို ခေါ်ယူမယ့် အစီအစဉ်ကို မလုပ်ဆောင်ဖို့ ကလပ် အသင်းကို အတတ်နိုင်ဆုံး တားဆီး ဖျောင်းဖျနေပါတယ်။ အကြောင်းရင်း ကတော့ ဘေယန်မြူးနစ် တိုက်စစ်မှူး ရောက်ရှိလာပါက လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ၎င်းက ယုံကြည်နေတာကြောင့် ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ချဲလ်ဆီး အသင်းရဲ့ ယာအို ပက်ဒရိုနဲ့ လက်ရှိ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဟူလီယန် အဲလ်ဗာရက်ဇ် တို့ကိုသာ ပိုမို နှစ်သက်တဲ့ တခြား ရွေးချယ်စရာများ အဖြစ် ရှုမြင်ထားပါတယ်။
မိုက်ကယ် အိုလီဆေး၊ အာလင်း ဟာလန်းနဲ့ ဟယ်ရီကိန်း တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း၊ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ် လျှို့ဝှက်စွာ ပစ်မှတ်ထားနေတဲ့ ယူရို သန်း ၁၅၀ တန် အပြောင်းအရွှေ့ဟာ အမှန်တကယ်တော့ ပီအက်စ်ဂျီ စူပါစတား ခါဗစ်ချာ ခွာဗရတ်စခီလီယာ ဖြစ်တယ်လို့ ယူဆရပါတယ်။

အကယ်၍ မက်ဒရစ်သာ အိုလီဆေး ဘက်ကို လှည့်လာခဲ့ရင်၊ ဘေယန်မြူးနစ် အသင်း ဘက်က သူ့ကို လက်လွှတ်ဖို့ ပြတ်ပြတ်သားသား ဆန့်ကျင်နေလင့်ကစား ဘေယန် တောင်ပံ ကစားသမား ကိုယ်တိုင် ကတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိနေပါတယ်။
ဘာစီလိုနာ အသင်းက ဒီနွေရာသီမှာ ကစားသမားသစ်တွေ အကြီးအကျယ် ခေါ်ယူနိုင်မယ့် ရန်ပုံငွေ အတွက် ဂျူးလ်စ် ကွန်ဒေးကို ရောင်းချဖို့ ရွေးချယ်လိုက်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၈၀ လို့ သတ်မှတ်ကာ ကမ်းလှမ်းမှုတွေကို ဖိတ်ခေါ်နေပါတယ်။ ဒါပေမယ့်လည်း ကွန်ဒေး ကိုယ်တိုင် ကတော့ ကာတာလိုးနီးယားမှာပဲ ဆက်နေလိုတဲ့ သဘော ရှိနေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့ချိန်မှာပဲ အာဂျင်တီးနား အသင်း နောက်ခံလူ လီယိုနာဒို ဘယ်လာဒီဟာ ခြေသလုံးဒဏ်ရာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်ပြီ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာဆေးလ် အသင်းခေါင်းဆောင် ဘယ်လာဒီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာဂျင်တီးနား အသင်း အပြီးသတ် ၂၆ ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး အသင်းနဲ့ အတူ training camp ရှိရာ ကန်းဆက်စီးတီးကို လိုက်ပါခဲ့ပေမယ့် အခုအချိန် မှာတော့ အာဂျင်တီးနား အသင်း လက်ရှိ ချန်ပီယံဘွဲ့ ကာကွယ်နိုင်ဖို့ အတွက် ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။
စပိန် ကွင်းလယ်လူ ရိုဒရီကတော့ အသင်းဖော် လာမင်း ယာမယ်က အနာဂတ်မှာ ဘယ်လွန်ဒေါဆု သိမ်းပိုက်ဖို့ အပြည့်အဝ သေချာနေကြောင်း သုံးသပ်သွားခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ်ရှိ ယာမယ်ဟာ ၎င်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားကို စပိန်နဲ့ အတူ ဝင်ရောက် ကစားရတော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ဘာစီလိုနာ အတွက် ၁၆ ဂိုး သွင်းခဲ့တာကြောင့် စပိန် ကစားသမားတွေ အနက် ဒါးဗစ် ဗီလာ ပြီးနောက် ဒုတိယမြောက် ဂိုးသွင်း အများဆုံး ဘာစီလိုနာ ကစားသမား ဖြစ်လာခဲ့တာလည်း တွေ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


