နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပေါင် သန်း ၂၈၀ သန်းတန် အပြောင်းအလဲ၊ အိပ်မက် လူစာရင်းနဲ့ အာဆင်နယ် ဘယ်လို ပွဲထွက်လာမလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် ကတော့ လာမယ့် အပြောင်းအရွှေ့ ကာလမှာ များပြားတဲ့ ငွေပမာဏ သုံးစွဲပြီး အသင်းကို အင်အား ဖြည့်တင်းဖို့ အဆင်သင့် ရှိနေပါတယ်။ နည်းပြ မီခဲလ် အာတေးတား ကိုယ်တိုင် ကလည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ “တကယ့်ကို ရည်မှန်းချက် ကြီးကြီးမားမား ထားရှိသွားဖို့” ပွင့်ပွင့်လင်းလင်း တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

အာဆင်နယ်ဟာ ၂၂ နှစ် အကြာမှ ပရီးမီးယားလိဂ်မှာ တကျော့ပြန် ချန်ပီယံ ဖြစ်ခဲ့သလို အသင်းသမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ဘူဒါပက်စ်မှာ အက်ဇေး၊ ဂါဘရီရယ် တို့ရဲ့ ပင်နယ်တီ လွဲချော်မှုတွေကြောင့် အသဲကွဲခဲ့ရပေမယ့် အာတေးတားက “ကျွန်တော်တို့ နောက်ထပ် အဆင့် တစ်ခုကို တက်လှမ်းချင်ပါတယ်” လို့ ကြေညာထားပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော်တို့ တကယ့်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက် တချို့ စတင် ချမှတ်သွားမှာပါ။ ဒါဟာ ကျွန်တော် တို့ကို တကယ့်ကို ရည်မှန်းချက်ကြီးဖို့၊ မြန်ဆန်ဖို့နဲ့ ပါးနပ်ဖို့ အတွက် တောင်းဆိုနေပါတယ်” လို့ သတိပေး ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိမှု သတင်းပေးပို့ချက်တွေက လွဲလို့ ပြောတဲ့ အတိုင်း လုပ်လေ့ ရှိတဲ့ အာတေးတားက ဒီနွေရာသီမှာ တိုက်စစ်ပိုင်းကို အကြီးစား အင်အား ဖြည့်တင်းမှု ပြုလုပ်ဖို့ ကြံရွယ်နေတာပါ။ BBC Sport ရဲ့ ဖော်ပြချက်အရ ဘုန်းမောက်က ဂျူနီယာ ခရူပီ၊ အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်နဲ့ အက်တလက်တီကိုမက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်တို့ ၃ ဦး ကတော့ အာဆင်နယ်ရဲ့ “ အပြောင်းအရွှေ့ ပစ်မှတ် စာရင်း” မှာ ပါဝင်နေပါတယ်။

ခန့်မှန်းချက်တွေအရ ဒီကစားသမား ၃ ဦးစလုံးကို ခေါ်ယူဖို့ အတွက် မယုံနိုင်စရာ ကုန်ကျစရိတ် ပေါင်သန်း ၂၈၀ နီးပါး ကုန်ကျမယ်လို့ သိရပါတယ်။ ခရူပီနဲ့ ရော်ဂျာစ် တို့ အတွက် တစ်ဦးကို ပေါင် သန်း ၈၀ စီ ပေးချေရဖွယ် ရှိနေသလို ကမ္ဘာ့ဖလားဆုရှင် တိုက်စစ်မှူး အဲလ်ဗာရက်ဇ် တစ်ဦးတည်း အတွက်တော့ ပေါင်သန်း ၁၂၀ လောက် သုံးရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ အာဆင်နယ်က အသုံးစရိတ် အမြောက်အမြား ရှိခဲ့ပြီး ဒါကို ထည့်တွက်ရင် သူတို့ အနေနဲ့ အခု ကစားသမားတွေ အနက် နှစ်ဦးကို ခေါ်ယူဖို့တောင် မဖြစ်နိုင်သလောက် ရှိနေပါတယ်။ ၃ ဦး စလုံးကို ခေါ်ယူဖို့ ကတော့ ပိုပြီးတောင် မဖြစ်နိုင်ပါဘူး။ FFP စည်းမျဉ်း စည်းကမ်းတွေအရ နာမည်ကြီး ကစားသမား တစ်ဦးကို ခေါ်ယူမယ် ဆိုရင် အသင်းက အဓိက ကစားသမား တစ်ဦးကို ပြန်လည် ရောင်းချပြီး ငွေကြေးမျှတအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တကျော့ပြန် တက်လှမ်းချင်သည် ဖြစ်စေ၊ ဒါမှမဟုတ် ဝေဖန်မှုတွေ မခံရမယ့် ကစားကွက်မျိုးကို ကစားချင်သည် ဖြစ်စေ တိုက်စစ်ပိုင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ ပိုမို ထူးချွန်တဲ့ ကစားသမားတွေကို ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတာ ကတော့ ငြင်းလို့ မရပါဘူး။

 

ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ အာဆင်နယ် ဘယ်လိုပွဲထွက်လာမလဲ။

• (၄-၄-၁-၁ ကစားကွက်) – ဆာကာ၊ ရိုက်စ်၊ လူးဝစ်-စကယ်လီ၊ ထရော့ဆတ်ဒ် – အဲလ်ဗာရက်ဇ် – ယောကရက်စ်။

• (၄-၂-၃-၁ ကစားကွက်): ရိုက်စ်၊ လူးဝစ်-စကယ်လီ – ဆာကာ၊ အိုဒီဂတ်၊ မာတင်နယ်လီ – အဲလ်ဗာရက်ဇ်။

• (၄-၃-၃ ကစားကွက်): အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ် – ဆာကာ၊ ဟာဗက်ဇ်၊ အဲလ်ဗာရက်ဇ်။

အဲလ်ဗာရက်ဇ်က မန်ချက်စတာစီးတီးမှာ ချက်ချင်းဆိုသလို အောင်မြင်မှုရခဲ့ပြီး အက်တလက်တီကိုမက်ဒရစ် မှာလည်း သူဖြတ်သန်းခဲ့တဲ့ ရာသီ နှစ်ခုစလုံးမှာ အနည်းဆုံး ဂိုး ၂၀ စီ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ အချက် တစ်ခုက နေရာစုံမှာ အားကိုးရလောက်အောင် ဂိုးသွင်းခြေ ရှိနေတာ ဖြစ်ပါတယ်။ နောက်ပြီး အဲလ်ဗာရက်ဇ်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ကောင်းကောင်း ရှိသူပါ။

ဘယ်တောင်ပံ ကနေ အတွင်းကို ဖြတ်ဝင် ကစားနိုင်ခြင်း၊ ပုံသေ တိုက်စစ်မှူး တစ်ဦးနဲ့ တွဲဖက် ကစားနိုင်ခြင်း သို့မဟုတ် တိုက်စစ်ကို တစ်ဦးတည်း ဦးဆောင်နိုင်ခြင်း စတဲ့ အရည်အချင်းစုံကို အဲလ်ဗာရက်ဇ်က ပိုင်ဆိုင်ထားပါတယ်။ အာဆင်နယ်ဟာ အများထင်သလို ဖန်တီးမှု အပိုင်းမှာ အားနည်းခြင်း မရှိပေမယ့်လည်း၊ လာမယ့် ရာသီ မာတင် အိုဒီဂတ်၊ ဘူကာယို ဆာကာနဲ့ အီဘာရီချီ အက်ဇေးတို့ ဒဏ်ရာ ပြဿနာတွေနဲ့ ထပ်မံ ရင်ဆိုင်ရရင်တော့ အဲလ်ဗာရက်ဇ် အနေနဲ့ အခွင့်အရေး ဖန်တီးမှု အပိုင်းမှာ များစွာ

အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ဂန်းနားတို့ အတွက် အိပ်မက်ဆန်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာနိုင်သလို ခက်ခဲတဲ့ အပြောင်းအရွှေ့ တစ်ခုလည်း ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ ဝန်းကျင် အထိ ပေးရဖွယ်ရှိနေပြီး ဘာစီလိုနာ ကလည်း ကစားသမားကို ခေါ်ယူဖို့ စဉ်ဆက်မပြတ် စောင့်ကြည့်နေပါတယ်။ ဒါပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ်ကို စိတ်ပျက် ဒေါသထွက်စေခဲ့တဲ့ ဘာစီလိုနာရဲ့ ပုံစံမကျတဲ့ ချဉ်းကပ်ပုံတွေကြောင့် အာဆင်နယ် အနေနဲ့ ညှိနှိုင်းမှုတွေမှာ အသာစီးရသွားနိုင်ဖွယ်တော့ ရှိနေပါတယ်။

 

ဂျူနီယာ ခရူပီနဲ့ အာဆင်နယ် ဘယ်လိုပွဲထွက်လာမလဲ။

နောက်ပြီး အဲလ်ဗာရက်ဇ်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ကောင်းကောင်း ရှိသူပါ။
မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူဖို့ အတည်တကျ ကြိုးပမ်းလာတဲ့ အာဆင်နယ်

• (၄-၄-၁-၁ ကစားကွက်): ဆာကာ၊ ရိုက်စ်၊ လူးဝစ်-စကယ်လီ၊ ထရော့စ်ဆတ် – ခရူပီ – ယောကရက်စ်။

• (၄-၂-၃-၁ ကစားကွက်): ရိုက်စ်၊ လူးဝစ်-စကယ်လီ – ဆာကာ၊ အိုဒီဂတ်၊ မာတင်နယ်လီ – ခရူပီ။

• (၄-၃-၃ ကစားကွက်): အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ် – ဆာကာ၊ ဟာဗက်ဇ်၊ ခရူပီ။

အဲလ်ဗာရက်ဇ် လိုပဲ ခရူပီ ကလည်း တိုက်စစ် အပြင်ဘက် နေရာစုံတွင် ကစားနိုင်တဲ့ တက်ကြွ ထက်မြက်တဲ့ ဒုတိယ တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။ နည်းပြ အန်ဒိုနီ အီရာအိုလာက အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်လေးကို ယုံယုံကြည်ကြည် အသုံးပြုခဲ့တာကို ကြည့်ရင် ဒီကစားသမားလေး ဘယ်လောက်ကောင်းတယ် ဆိုတာ ပြောဖို့ မလိုပါဘူး။

ပရီးမီးယားလိဂ် သမိုင်းမှာ ဆယ်ကျော်သက် ပွဲဦးထွက် ကစားသမား တစ်ဦးရဲ့ အများဆုံး သွင်းဂိုး စံချိန်ကို ရယူနိုင်ခဲ့တဲ့ ခရူပီက အီရာအိုလာရဲ့ High-pressing ကစားကွက် သုံးစွဲတဲ့ ဘုန်းမောက်ရဲ့ တိုက်စစ် မှာလည်း မနားတမ်း ပြေးလွှားကစားနိုင်တဲ့ ကြိုးစား အားထုတ်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခရူပီကို ခေါ်ယူမယ့် ကိစ္စမှာတော့ အာဆင်နယ် အနေနဲ့ ဘယ်လောက်အထိ ကံစမ်းရဲသလဲ ဆိုတာ ကိုတော့ မေးခွန်းထုတ်ရမှာပါ။

 

မော်ဂန် ရော်ဂျာစ်နဲ့ အာဆင်နယ် ဘယ်လိုပွဲထွက်လာမလဲ။

• (၄-၂-၃-၁ ကစားကွက်): ရိုက်စ်၊ လူးဝစ်-စကယ်လီ – ဆာကာ၊ ရော်ဂျာစ်၊ ထရော့ဆက်ဒ် – ဟာဗက်ဇ်။

• (၄-၁-၂-၃ ကစားကွက်): ရိုက်စ် – အီဇီ၊ ရော်ဂျာစ် – ဆာကာ၊ ဂယိုကီရက်စ်၊ မာတင်နယ်လီ။

• (၄-၃-၃ ကစားကွက်): အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ် – ဆာကာ၊ ဟာဗက်ဇ်၊ ရော်ဂျာစ်

မီခဲလ် အာတေးတားက “ခင်ဗျား ကွင်းလယ်လူတစ်ယောက် ဖြစ်လာပြီဆိုရင် ကွင်းလယ်လူပဲ။ နံပါတ် ၆၊ နံပါတ် ၈ ဒါမှမဟုတ် နံပါတ် ၁၀ ရယ်လို့ မရှိတော့ဘူး။ အကယ်၍ ကျွန်တော်တို့ အသင်းကို ပြီးပြည့်စုံတဲ့ အသင်း ဖြစ်စေချင်ရင်၊ ကွင်းရဲ့ ဘယ်နေရာမှာမဆို အဆင်ပြေပြေနဲ့ လွှမ်းမိုးနိုင်ဖို့၊ ပွဲစဉ်ရဲ့ အဆင့်တိုင်းကို စိုးမိုးနိုင်ဖို့ အတွက် ပြီးပြည့်စုံတဲ့ ကစားသမားတွေ ရှိထားဖို့ လိုအပ်ပါတယ်” လို့ ပြောဖူးပါတယ်။

ပြောရမယ် ဆိုရင် အာတေးတားရဲ့ အနာဂတ် ဘောလုံးအမြင်က အတိတ်ကာလတွေဆီကို ပြန်သွားတယ်လို့တောင် ယူဆလို့ ရပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေက အေဂျက်စ်နဲ့ နယ်သာလန်တို့ လိုမျိုး အာတေးတား အနေနဲ့ ခေတ်သစ် ကစားသမား တစ်ဦးကို ပွဲတစ်ပွဲတည်း အတွင်းမှာပဲ နေရာစုံမှာ ကစားနိုင်စွမ်း ရှိဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ဒီကလန် ရိုက်စ်ဟာ ကွင်းလယ်ဗဟိုကို စိုးမိုးနိုင်ရန် ကြိုးစားသူ ဖြစ်ပြီး၊ ရော်ဂျာစ်ကို သူ့ရဲ့ အင်္ဂလန် အသင်းဖော်နဲ့ တွဲဖက်ပေးနိုင်မယ့် အလားအလာရှိသူ အဖြစ် ရှုမြင်နေကြပါတယ်။

တကယ်တော့ အက်စတွန်ဗီလာ ကွင်းလယ်လူ ရော်ဂျာစ်ဟာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းထားခဲ့ရတာပါ။ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှုနဲ့ ယူရိုပါလိဂ် အောင်မြင်မှု တို့နဲ့ အဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း၊ ရော်ဂျာစ် တစ်ယောက် ခြေစွမ်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ဘောလုံး ဆွဲပြေးပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်စွမ်း ကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီအင်္ဂလန် လက်ရွေးစင်က နေရာစုံ ကစားနိုင်တဲ့ အရည်အချင်းကို အာဆင်နယ်မှာ ရှိတဲ့ သူ့ကို နှစ်သက် သဘောကျသူတွေက အဓိက အရည်အသွေး တစ်ခု အဖြစ် ရှုမြင်နေကြပါတယ်။ ဒီလို သဘောကျမှုက နှစ်ဦးနှစ်ဖက် အပြန်အလှန် ဖြစ်နိုင်ပြီး BBC Sports ရဲ့ ဖော်ပြချက်အရ ရော်ဂျာစ် ကလည်း အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အသင်းမှာ အိုဒီဂတ် သို့မဟုတ် အက်ဇေး တို့လို ကစားသမားတွေ ရှိနေချိန် မှာတော့ ရော်ဂျာစ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် အတွက် အာမခံချက် မရှိနိုင်တာ ကတော့ သတိပြုရမှာ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်၊ ခရော့ပီ နှင့် ရိုဂျာစ် သုံးဦးစလုံး ပါဝင်လာရင်တော့ အာဆင်နယ် အနေနဲ့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ အတူ ဆာကာ၊ ခရူပီ၊ ရော်ဂျာစ်၊ အဲလ်ဗာရက်ဇ် တို့နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်