ရာသီသိမ်း နောက်ဆုံး ပွဲစဉ်တွေမှာ စိတ်ပျက်စရာ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်မှာ ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ ဘာစီလိုနာ တို့ရဲ့ အဓိက ပစ်မှတ် အဖြစ် ရေပန်းစားနေတဲ့ ဟူလီယန် အဲလ်ဗာရက်ဇ် အသင်း ကနေ ထွက်ခွာမယ့် အရေးနဲ့ ပတ်သက်လို့ အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောဆိုဖို့ ငြင်းဆန်ထားခဲ့ပါတယ်။ ဆီမြွန်နီက ဒီမေးခွန်းကို သူ့ကို ဦးတည်ပြီး မေးမယ့် အစား ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်ပြီးသား ဖြစ်နိုင်တဲ့ ကစားသမား ဖြစ်သူဆီ ကိုသာ သွားမေးကြဖို့ ပြောဆိုခဲ့ပါတယ်။
အဲလ်ဗာရက်ဇ်ရဲ့ အနာဂတ်ဟာ လာမယ့် ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်ကွက် တစ်ခု ဖြစ်လာဖို့ သေချာနေပါတယ်။ မန်ချက်စတာစီးတီးနဲ့ အတူ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အဲလ်ဗာရက်ဇ်ဟာ အင်္ဂလန် မြောက်ပိုင်းမှာ အာလင်း ဟာလန်းရဲ့ လောင်းရိပ်အောက် ကနေ ရုန်းထွက်ပြီး တခြား တစ်နေရာမှာ အသင်းရဲ့ အဓိကကျတဲ့ ကစားသမား တစ်ဦး ဖြစ်လာဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ရစ် ဘက်ကလည်း အန်တွန် ဂရစ်ဇ်မန်းရဲ့ ကစားသမားဘဝ နှောင်းပိုင်း ကာလရောက်လာချိန်မှာ အဲလ်ဗာရက်ဇ်ကို အသင်းရဲ့ မျက်နှာစာ အသစ် အဖြစ် အသုံးချဖို့ ဆန္ဒရှိခဲ့တာကြောင့် ၂၀၂၄ ခုနှစ်မှာ ယူရို ၉၅ သန်း အထိ အသုံးပြုပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဆီမြွန်နီ လက်အောက်မှာ ငွေပုံအောပေးပြီး ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး အားလုံး ခြေစွမ်းမပြနိုင်ခဲ့ကြပေမယ့် အဲလ်ဗာရက်ဇ် ကတော့ လာလီဂါမှာ အောင်မြင်မှု ရနေတာ ငြင်းမရတဲ့ အချက်ပါ။ သူ အသင်းမှာ ကစားခဲ့တဲ့ နှစ်ရာသီစလုံးမှာ အသင်း အနေနဲ့ စိတ်ပျက်စရာ ရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့ရပေမယ့် အဲလ်ဗာရက်ဇ်ရဲ့ တစ်ဦးချင်း ခြေစွမ်း ကတော့ ဥရောပ ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ဆက်လက် ဆွဲဆောင်နိုင်ဆဲ ဖြစ်ပါတယ်။
အက်တလက်တီကိုရဲ့ ၂၀၂၅-၂၆ ရာသီဟာ ကပ်ဘေး တစ်ခုလို အဆုံးသတ်ခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။ သူတို့ဟာ ရာသီပိတ်ပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ၅-၁ နဲ့ အပြတ်အသတ် အရေးနိမ့်ခဲ့တာပါ။ တစ်ချိန်က ချန်ပီယံဆုတွေ ရယူနိုင်မယ့် ‘ကံကြမ္မာအသင်း’လို့ အမွှန်းတင်ခံခဲ့ရတဲ့ အက်တလက်တီ တို့ဟာ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ရီးရဲလ်ဆိုစီဒက်ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့သလို၊ ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ် အဆင့် ကနေ လှည့်ပြန်ခဲ့ရပါတယ်။

အက်တလက်တီက လာလီဂါမှာ အဆင့် (၄) နေရာကို သက်သောင့်သက်သာ ရရှိခဲ့တာကြောင့် လာမယ့် ရာသီမှာ ဥရောပရဲ့ အဆင့်မြင့်ဆုံး ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အာဂျင်တီးနားသား ဂိုးသွင်းရှင်က အသင်းကို ဆက်လက် ဦးဆောင်ပေးဦးမလား ဆိုတာ ကတော့ အာမခံချက် မရှိပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဆီမြွန်နီဟာ အဲလ်ဗာရက်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရပါတယ်။ အက်သလက်တီကို နည်းပြကြီးက ဒီမေးခွန်းကို ပယ်ချခြင်း မပြုဘဲ မျှော်လင့်မထားတဲ့ တုံ့ပြန်မှုမျိုးသာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“ဒါက ကျွန်တော့်ကို မေးရမယ့် မေးခွန်း မဟုတ်ပါဘူး။ ဟူလီယန့်ကို မေးရမယ့် မေးခွန်းပါ” လို့ ဆီမြွန်နီက သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း SPORT သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ “သူဟာ ဘာလုပ်ရမယ် ဆိုတာကို သိနိုင်လောက်တဲ့ အသက်အရွယ်ကို ရောက်နေပါပြီ။ ကျွန်တော့် အထင်တော့ သူ စိတ်ထဲမှာ ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်ပြီးသား ဖြစ်နေလောက်ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။
စပိန် မီဒီယာတချို့ ကတော့ အဲလ်ဗာရက်ဇ် အနေနဲ့ လာမယ့် ၂၀၂၆-၂၇ ရာသီမှာ အက်တလက်တီကိုရဲ့ အနီပြာ အစင်းကြား ဂျာဆီကို ဝတ်ဆင်တော့မှာ မဟုတ်ဘူးလို့ စတင် ယုံကြည်နေကြပြီ ဖြစ်ပါတယ်။ တကယ်လို့ သူသာ ထွက်ခွာသွားခဲ့ရင် အသင်း အတွက် ၁၀၆ ပွဲ ကစား၊ ၄၉ ဂိုး သွင်းယူပေးခဲ့တဲ့ မှတ်တမ်းနဲ့ အတူ ထွက်ခွာသွားမှာ ဖြစ်ပြီး အဲဒီအထဲမှာ အခုရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းယူခဲ့တဲ့ ၁၀ ဂိုးလည်း အပါအဝင် ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနား အသင်း အတွက် အဓိက အခန်းကဏ္ဍ ကနေ ပါဝင်မယ့်၊ ပြင်းထန်တဲ့ ကန်ချက်တွေကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး အဲလ်ဗာရက်ဇ်ကို စပိန်နဲ့ အင်္ဂလန်က ချန်ပီယံ အသင်းတွေက စိတ်ဝင်စားနေကြတာပါ။ ဘာစီလိုနာ အသင်းဟာ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာကို အစားထိုးဖို့ အသည်းအသန် လိုအပ်နေတာကြောင့် အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးနဲ့ အပြင်းအထန် သတင်းထွက်နေပါတယ်။ ဒါပေမယ့် သူတို့ အနေနဲ့ ပြောင်းရွှေ့ကြေး ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပြီး အဲလ်ဗာရက်ဇ်ရဲ့ တန်ကြေးဟာ ယူရို သန်း ၁၀၀ ထက် မနည်း ရှိနိုင်တာကြောင့် ဘာဆာတို့ ငွေကြေး မတတ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။
အာဆင်နယ် ကလည်း ဗစ်တာ ယောကရက်စ်က ရာသီသိမ်းခါနီးမှာ ခြေစွမ်းပြသခဲ့သလို၊ ကိုင် ဟာဗက်ဇ် ကလည်း အသုံးဝင်တဲ့ ဗဟိုတိုက်စစ်မှူး တစ်ယောက် အဖြစ် ရှိနေဆဲ ဖြစ်ပေမယ့် အခု အပြောင်းအရွှေ့ ပြိုင်ပွဲထဲမှာ ပါဝင်နေပါတယ်။ ဂန်းနား တို့ဟာ တိုက်စစ်ပိုင်း အတွက် ငွေပုံအောပြီး ခေါ်ယူမှုကြီး တစ်ခု သေချာပေါက် ပြုလုပ်မှာ ဖြစ်လို့ အဲလ်ဗာရက်ဇ်ဟာ သူတို့ရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ပီအက်စ်ဂျီ ကလည်း သူတို့ရဲ့ ငွေကြေး အင်အား တောင့်တင်းမှုနဲ့ အရံတိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ် အသင်း ကနေ ထွက်ခွာနိုင်တဲ့ အခြေအနေတွေကြောင့် မျက်စိဒေါက်ထောက် စောင့်ကြည့်ရမယ့် နောက်ထပ် အသင်း တစ်သင်း ဖြစ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


