ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် အသင်းဟာ ဘာစီလိုနာနဲ့ မန်စီးတီး အသင်းတို့ အကြား အပြိုင်အဆိုင် ဈေးခေါ်မှုတွေ မစတင်ခင်မှာပဲ ချဲလ်ဆီး အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာကို ခေါ်ယူဖို့ အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် အက်တလက်တီကို အသင်း သတ်မှတ်ထားတဲ့ အမြင့်ဆုံး အသုံးစရိတ် ယူရို သန်း ၅၀ (ပေါင် ၄၃ သန်း) ဟာ ချဲလ်ဆီး ဘက်က အလိုရှိနေတဲ့ တောင်းဆိုဈေး ယူရို သန်း ၇၀ (ပေါင် ၆၁ သန်း) အောက် အများကြီး လျော့နည်းနေပါတယ်။
ဂိုးသမား ကီပါ အာရီဇာဘာလာဂါဟာ အာဆင်နယ် အသင်း ကနေ ထွက်ခွာပြီး စပိန် လာလီဂါကို ပြန်ဖို့ စဉ်းစားနေပါတယ်။ လက်ရှိမှာတော့ ဆီဗီလာနဲ့ ဗီလာရီးရဲလ် အသင်း တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အပြောင်းအရွှေ့ တန်ကြေး ကတော့ ယူရို ၅ သန်း (ပေါင် ၄.၃ သန်း) ခန့်သာ ရှိနိုင်တယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ ကွင်းလယ် ကစားသမား ဖာမင်း လိုပက်ဇ်နဲ့ ပတ်သက်ပြီး လာရောက် ဆွေးနွေးမှုတွေ ကိုတောင် လုံးဝလက်ခံမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။ သူ့ကို လာလီဂါ ချန်ပီယံ တို့က လုံးဝ လက်လွှတ်လို့ မရတဲ့ အမာခံ ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ထားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် အဖြစ် ရောက်ရှိလာတော့မယ့် ဟိုဆေး မော်ရင်ညိုဟာ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ မော်ရင်ညို ရောက်ရှိလာခြင်းနဲ့ တပြိုင်နက် ရီးရဲလ်မက်ဒရစ်က ကြယ်စင်စု အသင်း အဖြစ် ပြန်လည် တည်ဆောက်ဖို့ အစီအစဉ် ရှိနေပါတယ်။ ဒါပေမယ့်လည်း အဲဒီ စီမံကိန်း အကောင်အထည်ပေါ်ဖို့ ဆိုရင်တော့ ဖလော်ရန်တီနို ပီရက်ဇ် တစ်ယောက် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်နေပါတယ်။
အဲလ် ဟီလာ အသင်းဟာ နောက်ခံလူ ယာအို ကန်ဆယ်လိုကို ရောင်းချဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဘာစီလိုနာ အသင်းနဲ့ ညှိနှိုင်း ဆွေးနွေးဖို့ အသင့်ရှိနေပါတယ်။ အဲလ် ဟီလာ အသင်း အနေနဲ့ သူတို့ အစောပိုင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းကို လျှော့ချပေးဖို့ ပြင်ဆင်ထားပုံ ရပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း (PFA)က ချီးမြှင့်မဲ့ PFA Player of the Year ဆန်ခါတင် ၆ ဦးစာရင်းမှာ နာမည်ကျော်တွေ ဖြစ်ကြတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ် အသင်းက ဒီကလန် ရိုက်စ်၊ ဂါဘရီရယ်၊ ဒါးဗစ် ရာယာတို့ အပြင် မန်စီးတီး ကစားသမား ၂ ဦးဖြစ်တဲ့ ဟာလန်း၊ ချာကီနဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့ ပါဝင်ခဲ့ပါတယ်။
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်း ဗိုလ်စွဲခဲ့ပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ်က သူတို့ အတွက် တတိယမြောက် တစ်ဦးချင်း အကောင်းဆုံးဆု ဖြစ်တဲ့ PFA Player of the Year ဆု ရရှိဖို့ ရေပန်းစားနေပြီး အခုမတိုင်ခင် ဘရူနိုဖာနန်ဒက်စ်က ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုနဲ့ FWA အကောင်းဆုံးဆုတွေကို ရရှိခဲ့ပြီးဖြစ်ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက အွန်နရီ၊ ဒီဘရွန်းနား တို့ကို ကျော်ဖြတ်ပြီးတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ၂၁ ကြိမ်နဲ့ စံချိန်သစ်တင်ခဲ့သလို ယူနိုက်တက်အသင်းကို အဆင့် ၃ နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
နယူးကာဆယ် အသင်းဟာ ရီးရဲလ်ဘက်တစ် အသင်းက ကစားသမား ၃ ဦးကို တစ်ပြိုင်နက်တည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အန်သိုနီ ဂေါ်ဒွန်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် တောင်ပံ ကစားသမား အက်ဇ် အဘ်ဒီကို အဓိက ရွေးချယ်ထားပြီး၊ တိုက်စစ်မှူး ကူချို ဟာနန်ဒက်စ် နဲ့ ဗဟိုနောက်ခံလူ နာတန် တို့ကိုပါ စုစုပေါင်း ယူရို ၁၂၀ သန်း (ပေါင် ၁၀၄ သန်း) အထိ ရှိမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


