နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကမ္ဘာ့အဆင့်’ ကိန်းကို တားဆီးဖို့ တစ်သင်းလုံး စုပေါင်းအားနဲ့ ကြိုးစားရမယ်လို့ မက္ကဆီကိုနည်းပြ အာဂီယေ ပြော | ကမ္ဘာ့ဖလား

အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၅ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဟန့်တားနိုင်ဖို့ အသင်းသားတွေ အားလုံး ဝိုင်းဝန်း ကြိုးစားကြရမယ်လို့ မက္ကဆီကို နည်းပြ ဂျာဗီယာ အာဂီယေက ပြောဆိုလိုက်ပါတယ်။

၁၆ သင်းအဆင့် ပွဲစဉ် အဖြစ် အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို တားဆီးနိုင်ဖို့ အတွက် မက္ကဆီကို အသင်း အနေနဲ့ အကောင်းဆုံး ခြေစွမ်းပြဖို့ လိုအပ်တယ်လို့ နည်းပြ အာဂီယေက သတိပေးခဲ့ပြီး ကိန်းကို “ကမ္ဘာ့အဆင့်” ကစားသမား တစ်ဦး အဖြစ်လည်း ချီးကျူးသွားခဲ့တာပါ။

ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေတဲ့ မက္ကဆီကို အသင်းဟာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် နာမည်ကျော် မက္ကဆီကိုစီးတီး အားကစားကွင်းကြီးထဲမှာ အင်္ဂလန် အသင်းကို ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။ မက္ကဆီကိုဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ ကစားခဲ့တဲ့ ၄ ပွဲလုံးကို အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ပွဲတုန်း ကလည်း အီကွေဒေါကို ၂-၀ နဲ့ နိုင်ခဲ့တာကြောင့် ဒါဟာ သူတို့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုတည်းမှာ နိုင်ပွဲ အများဆုံးရတဲ့ စံချိန်လည်း ဖြစ်လာခဲ့ပါတယ်။

တစ်ဖက် မှာလည်း နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် အသင်းဟာ ဒီအာ ကွန်ဂို အသင်းကို ၁ ဂိုး အရင်ပေးလိုက်ရပေမယ့် ပွဲပြီးခါနီးမှာ ဟယ်ရီကိန်းက ၂ ဂိုး ဆက်တိုက် သွင်းပြီး အသင်းကို ၂-၁ နဲ့ အနိုင်ရအောင် ကယ်တင်ပေးခဲ့လို့ ၁၆ သင်းအဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာပါ။ ဟယ်ရီကိန်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲကတည်းက စလို့ အဓိက ပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့် ၁၁ ပွဲ ကစားခဲ့ရာမှာ ၁၀ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ ဥရောပ ကစားသမားတွေထဲမှာ အမ်ဘာပေးနဲ့ အတူ ဂိုးအများဆုံး စံချိန်တူ ဖြစ်နေတာပါ။ ဒါ့အပြင် သူဟာ ၁၉၉၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ကင်မရွန်း အသင်းကို ၂ ဂိုး သွင်းခဲ့တဲ့ ဂယ်ရီ လိုင်နီကာ နောက်ပိုင်း ကမ္ဘာ့ဖလား ရှုံးထွက် ပွဲစဉ် တစ်ခုမှာ ၂ ဂိုး သွင်းနိုင်တဲ့ ပထမဆုံး အင်္ဂလန် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ လက်ရှိ ပြိုင်ပွဲ မှာလည်း သူက ၅ ဂိုး သွင်းထားတာကြောင့် ရွှေဖိနပ်ဆုလုပွဲမှာ လီယွန်နယ် မက်ဆီ၊ အမ်ဘာပေး တို့ရဲ့နောက် ၂ ဂိုး အကွာနဲ့ ကပ်လိုက်နေပါတယ်။

အထူးသဖြင့် ဒီဘေယန်မြူးနစ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ခေါင်းတိုက်ဂိုး ၄ ဂိုး အထိ သွင်းထားနိုင်ခဲ့ပြီး အဲဒီထဲက ၃ ဂိုးကို အခုနှစ် ပြိုင်ပွဲမှာတင် သွင်းထားတာပါ။ ကမ္ဘာ့ဖလား သမိုင်း (၁၉၆၆ နောက်ပိုင်း) မှတ်တမ်းတွေအရ ဟယ်ရီကိန်းထက် ခေါင်းတိုက်ဂိုး ပိုသွင်းထားနိုင်တာဆိုလို့ မီရိုဆလပ်ဗ် ကလိုဆေး (၇ ဂိုး) နဲ့ ဂတ်မူလာ (၅ ဂိုး) ပဲ ရှိပါတော့တယ်။

ဒါဟာ မက္ကဆီကိုနဲ့ အင်္ဂလန်တို့ ကမ္ဘာ့ဖလားသမိုင်းမှာ ဒုတိယအကြိမ်မြောက် ဆုံတွေ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းကို သတိထား တားဆီးရမယ့် မက္ကဆီကို

“အင်္ဂလန်က ကြံ့ခိုင်မှုပိုင်းမှာ အရမ်းတောင့်တင်းတဲ့ အပြင် ဘောလုံး ကစားပုံလည်း ကောင်းကြပါတယ်။” လို့ အာဂီယေက ပြောပါတယ်။ “ဟယ်ရီကိန်း ကတော့ ကမ္ဘာ့အဆင့် ကစားသမားကြီး တစ်ယောက်ပေါ့။ သူ တော့တင်ဟမ်မှာ သွင်းခဲ့တဲ့ ဂိုးတွေ၊ ဘေယန်မှာ သွင်းနေတဲ့ ဂိုးတွေနဲ့ လက်ရွေးစင် အသင်း အတွက် သွင်းတဲ့ ဂိုးတွေကို ကြည့်ရင် သူဟာ ကမ္ဘာ့ထိပ်တန်း ကစားသမား ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ ဘက်က လုပ်ရမှာက သူ ကွင်းထဲမှာ ဘောလုံး ဆင်းယူတဲ့ အချိန်တွေမှာ စိတ်ကြိုက် ကစားခွင့်မရအောင်၊ သူ့ဆီမှာ လူအမြဲကပ်နေပြီး ကစားကွက် မဖန်တီးနိုင်အောင် ပိတ်ဆို့သွားဖို့ပါပဲ။” လို့ အဂီယေက ဆိုပါတယ်။

ဒါဟာ မက္ကဆီကိုနဲ့ အင်္ဂလန်တို့ ကမ္ဘာ့ဖလား သမိုင်းမှာ ဒုတိယအကြိမ်မြောက် ဆုံတွေ့တာ ဖြစ်ပါတယ်။ ၁၉၆၆ တုန်းက ပထမဆုံးအကြိမ် ဆုံတွေ့စဉ်ကတော့ အင်္ဂလန်က အုပ်စုအဆင့်မှာ ၂-၀ နဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် အာဂီယေရဲ့ မက္ကဆီကို အသင်းဟာ ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ တစ်ခါမှ ရှုံးနိမ့်ဖူးခြင်း မရှိသေးတဲ့ (၈ ပွဲနိုင်၊ ၂ ပွဲသရေ) သူတို့ရဲ့ အိမ်ကွင်းကြီးမှာ ကစားရမှာ ဖြစ်ပြီး နောက်ဆုံး ၆ ပွဲ ဆက်တိုက် ကိုလည်း အနိုင်ရထားပါတယ်။ ဒါ့အပြင် အခုပွဲဟာ ဒီကွင်းကြီးထဲမှာ ကစားမယ့် ၁၁ ပွဲမြောက် ကမ္ဘာ့ဖလားပွဲ ဖြစ်လာမှာမို့လို့ ပြိုင်ပွဲသမိုင်းမှာ ကွင်းတစ်ခုတည်းမှာ ပွဲအများဆုံး ကစားရတဲ့ အသင်း အဖြစ် စံချိန်တင်တော့မှာပါ။

တစ်ချက်ရှိတာက ကွင်းတည်ရှိရာ မက္ကဆီကိုစီးတီးကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၇,၂၂၀ မြင့်တဲ့ ကုန်းမြင့်ဒေသမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အာဂီယေ ကတော့ အဲဒီအချက်တွေကို သိပ်အာရုံမစိုက်ပါဘူး။

“သမိုင်းကြောင်းအရ ကြည့်ရင် အင်္ဂလန် ကစားသမားတွေက တော်တော်လေး ဖျတ်လတ်ပြီး မြန်ကြတယ်” လို့ အာဂီယေက ဆက်ပြောပါတယ်။ “သူတို့မှာ ပြည်တွင်းရော ပြည်ပမှာပါ ကစားနေတဲ့ အဓိက ကစားသမားကောင်းတွေ ရှိတော့ ကြံ့ခိုင်မှုပိုင်း အားကောင်းကြတာပေါ့။ နည်းပြ ဆောက်ဂိတ် လက်ထက်ကတည်းက သူတို့ရဲ့ ကစားဟန် ပြောင်းလဲသွားတာကို ကျွန်တော် မှတ်မိပါတယ်။ အခု နည်းပြ တူချယ် ကလည်း သူ့ရဲ့ အတွေးအခေါ်သစ်တွေနဲ့ အဲဒီပုံစံကို ဆက်ထိန်းထားပြီး ပုံစံနှစ်မျိုးနဲ့ ကစားတတ်ကြတယ်။ အရင်တုန်းကဆိုရင် သူတို့က အရမ်းမြန်ပြီး အဝေးဘောတွေ၊ ဘေးတိုက် ပေးပို့မှုတွေ၊ second balls တွေနဲ့ တိုက်စစ် အကူးအပြောင်းတွေ လုပ်ပြီး ဒုက္ခပေးတတ်ကြတယ်။ အခုလည်း အဲလိုကစားနိုင်သလို၊ တကယ်လို့ အဆင်မပြေရင် နောက်ထပ် ကစားကွက် ပုံစံတစ်ခုကို ပြောင်းလဲ ကစားနိုင်ကြသေးတယ်။

“ကုန်းမြင့်ဒေသ လေထုဖိအား ကိစ္စလား၊ ကျွန်တော် အဲဒါကို အာရုံမစိုက်ပါဘူး။ ကွင်းထဲမှာ ၁၁ ယောက်ချင်း ကစားရမှာပဲ၊ ဒိုင်လူကြီးလည်း ရှိနေတာပဲဆိုတော့ ဒါတွေကို တွေးမနေတော့ဘူး။ ကျွန်တော်တို့နှစ်သင်းလုံး ကွင်းထဲမှာ အပြန်အလှန် ဂိုးသွင်းဖို့ပဲ ကြိုးစားကြမှာပါ။” လို့ မက္ကဆီကို နည်းပြက ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်