နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

မက္ကဆီကို တောင်တန်းပေါ်က သမိုင်းဆိုးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားမယ့် အင်္ဂလန် | ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

မက္ကဆီကို – အင်္ဂလန် 

အင်္ဂလန် အသင်း ကတော့ ဒီနှစ် ကမ္ဘာ့ဖလားမှာ သူတို့ အတွက် အခက်ခဲဆုံး စိန်ခေါ်မှုကြီး တစ်ခုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ် အဖြစ် ပင်လယ်ရေ မျက်နှာပြင် အထက် မီတာ ၂,၂၀၀ အမြင့်မှာ ရှိတဲ့ အက်ဇ်တီကာ ကွင်းကြီးထဲမှာ အိမ်ရှင် မက္ကဆီကို အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေတာပဲ ဖြစ်ပါတယ်။

နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် အသင်းဟာ ပထမဆုံး ၃၂ သင်း အဆင့် ရှုံးထွက်ပွဲစဉ်မှာ ဒီအာ ကွန်ဂို အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အသည်းအသန် ကစားပြီးမှ အနိုင်ရကာ တက်လှမ်းလာခဲ့တာပါ။ တစ်ဖက် မှာတော့ ပူးတွဲ အိမ်ရှင် မက္ကဆီကို အသင်းက ခြေစွမ်းပိုင်း အားနည်းနေတဲ့ အီကွေဒေါ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူပြီး အမှားအယွင်း မရှိတဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

 

အင်္ဂလန်

တနင်္လာနေ့ မနက်အစောပိုင်းအထိ အင်္ဂလန်က ပန်းခြံတွေ၊ ဘားတွေမှာ ပရိသတ်တွေ အားပေးကြဖို့ ပြင်ဆင်နေကြသလို၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကွန်ဂိုနဲ့ ပွဲမှာ ကစားသမားတွေ Hydration break ရပြီး နောက်ပိုင်းမှ ပွဲအဖြေပြောင်းလဲနိုင်ခဲ့တာ ကိုလည်း သတိရနေကြဦးမှာပါ။ အဲဒီပွဲတုန်းက အင်္ဂလန် နောက်တန်းရဲ့ အမှား ကနေ ကွန်ဂို ကစားသမား ဘရိုင်ယန် စီပင်ဂါက ဦးဆောင်ဂိုး သွင်းယူခဲ့လို့ အင်္ဂလန်တို့ အကြီးအကျယ် တုန်လှုပ်ခဲ့ရပါတယ်။ ပွဲချိန် နောက်ဆုံး ၁၅ မိနစ် အထိ ကွန်ဂို ဂိုးသမား လီယွန်နယ် အမ်ပါစီက လက်စွမ်းပြနေခဲ့လို့ ရုန်းကန်ခဲ့ရပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကပဲ အဖိုးတန် သွင်းဂိုး ၂ ဂိုးနဲ့ အင်္ဂလန်ကို ကယ်တင်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ ၅ ဂိုးအထိ သွင်းယူထားပြီး ရွှေဖိနပ်ဆုကို တိတ်တဆိတ် မျှော်မှန်းနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန် အသင်းဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားမှာ ပထမဆုံး အကြိမ် အဖြစ် ဦးဆောင်ဂိုး ပေးလိုက်ရပြီးမှ ပြန်လည် အနိုင်ရတဲ့ မှတ်တမ်းကောင်းကို ရရှိခဲ့တာပါ။ ဒါပေမယ့် အင်္ဂလန်ရဲ့ ကစားဟန် အပေါ် ဝေဖန်မှုတွေ ကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ကွန်ဂိုနဲ့ ပွဲမှာ အင်္ဂလန်ဟာ ပွဲချိန် မိနစ် ၃၀ အထိ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရခဲ့ဘဲ၊ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းမှာ အင်္ဂလန်အတွက် အကြာဆုံး စောင့်ဆိုင်းခဲ့ရတဲ့ မှတ်တမ်းဆိုးတစ်ခု ဖြစ်ခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ အင်္ဂလန်ဟာ မြောက်အမေရိကမြေပေါ်မှာ အခက်ခဲဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရတော့မှာပါ။ သူတို့ဟာ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက မာရာဒိုနာရဲ့ ကမ္ဘာကျော် ‘ဘုရားသခင်ရဲ့ လက်’သွင်းဂိုးနဲ့ အတူ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ဖူးတဲ့ လေထုပါးလွှာပြီး အမြင့်ပိုင်းမှာရှိတဲ့ အက်ဇ်တီကာကွင်းကြီးဆီ ပထမဆုံးအကြိမ် ပြန်လည် ခြေချရမှာ ဖြစ်တာကြောင့် မက္ကဆီကိုရဲ့ အိမ်ရှင် အားသာချက်ကို ကောင်းကောင်းသတိထားရမှာ ဖြစ်ပါတယ်။

 

မက္ကဆီကို

မက္ကဆီကို အသင်း ကတော့ အခုနှစ် ကမ္ဘာ့ဖလားမှာ ရာနှုန်းပြည့် နိုင်ပွဲ ရထားသလို ပေးဂိုးလည်း လုံးဝ မရှိသေးတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ ၃၂ သင်း အဆင့်မှာ အီကွေဒေါ အသင်းကို အက်ဇ်တီကာကွင်းကြီးထဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ အလွယ်တကူ ကျော်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲရဲ့ ပထမဆုံး သွင်းဂိုးရှင် ဂျူလီယန် ကွီနိုနက်စ်က တော်တော်လေး ခြေစွမ်းပြနေပြီး အသင်း အတွက် အရေးပါတဲ့ ဂိုးတွေ သွင်းနေသလို ဖန်တီးမှုလည်း ပြုလုပ်နေပါတယ်။

အီကွေဒေါကို အနိုင်ရခဲ့တာကြောင့် မက္ကဆီကိုဟာ ကမ္ဘာ့ဖလား ရှုံးထွက် ပွဲစဉ်တွေမှာ ၈ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ သမိုင်းဆိုးကြီးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ (၁၉၈၆ ခုနှစ်) နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ရှုံးထွက်အဆင့်မှာ နိုင်ပွဲ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကို ပရိသတ်တွေ အတွက် မှတ်တမ်းတွေက တော်တော်လေး လှပနေတယ်လို့ ဆိုနိုင်ပြီး ကမ္ဘာ့ဖလား ၄ ပွဲ ကစားထားရာမှာ ၄ ပွဲစလုံးနိုင်၊ ပေးဂိုး လုံးဝ မရှိသေးတဲ့ အပြင်၊ ပြိုင်ပွဲစုံ ၆ ပွဲဆက်နိုင်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက ပါရာဂွေးကို ရှုံးခဲ့ပြီး ကတည်းက ၁၂ ပွဲဆက်တိုက် မရှုံးသေးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။

အထူးသဖြင့် အက်ဇ်တီကာကွင်းရဲ့ အားသာချက်က အထင်သေးလို့ မရပါဘူး။ မက္ကဆီကို အသင်းဟာ ဒီကွင်းမှာ ကမ္ဘာ့ဖလား ပွဲစဉ် ၁၀ ပွဲ ကစားခဲ့ဖူးရာမှာ ၈ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ လုံးဝ မရှုံးဖူးသေးသလို၊ ၂၀၁၃ ခုနှစ်က ဟွန်ဒူးရပ်စ်ကို ရှုံးပြီးကတည်းက လက်ရှိအချိန် အထိ အိမ်ကွင်းမှာ ၂၆ ပွဲ ဆက်တိုက် မရှုံးတဲ့ အစဉ်အလာ ရှိနေပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဟယ်ရီကိန်းဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ ၅ ဂိုးအထိ သွင်းယူထားပြီး ရွှေဖိနပ်ဆုကို တိတ်တဆိတ် မျှော်မှန်းနေပြီ ဖြစ်ပါတယ်။
လက်ရှိ အဆင့်ထိ အားရစရာ ခြေစွမ်းမျိုး မမြင်ရသေးတဲ့ အင်္ဂလန်

အခုပွဲကိုတော့ မက္ကဆီကို ဘက်က ဒဏ်ရာရ ပွဲပယ် ကင်းရှင်းနေပြီး အင်္ဂလန် ဘက်မှာတော့ ကွမ်ဆာနဲ့ ရိစ် ဂျိမ်းစ်တို့ ဒဏ်ရာကြောင့် လွဲချော်ကြပါလိမ့်မယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မက္ကဆီကို – ရန်ဂဲလ်၊ ဆန်းချက်ဇ်၊ မွန်တက်စ်၊ ဗက်စ်ကွက်ဇ်၊ ဂယ်လာဒို၊ ရိုမို၊ လီရာ၊ မိုရာ၊ အဲလ်ဗာရာဒို၊ ဟင်မီနက်ဇ်၊ ကွီနိုနက်စ်

အင်္ဂလန် – ပစ်ခ်ဖို့ဒ်၊ စပန့်စ်၊ ကွန်ဆာ၊ ဂူဟီ၊ အိုရွိုင်လီ၊ ရိုက်စ်၊ အန်ဒါဆန်၊ ဆာကာ၊ ဘယ်လင်ဟမ်၊ ဂေါ်ဒွန်၊ ကိန်း 

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း ကလည်း ကမ္ဘာ့ဖလားမှာ ၁၉၆၆ က တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး အဲဒီတုန်းက အင်္ဂလန်က ဘော်ဘီ ချာလ်တန်၊ ဟန့် တို့ရဲ့ ဂိုးတွေနဲ့ မက္ကဆီကို,ကို အနိုင်ရဖူးပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ မက္ကဆီကိုက ရာနှုန်းပြည့် နိုင်ထားသလို အင်္ဂလန် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ ဒါပေမယ့် သမိုင်းကြောင်းအရ အင်္ဂလန်နဲ့ မက္ကဆီကိုတို့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၄ ကြိမ်စလုံး မှာတော့ အင်္ဂလန်ကပဲ အနိုင်ရထားခဲ့တာပါ။ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့တာ ကတော့ ၂၀၁၀ ပြည့်နှစ်တုန်းက ဖြစ်ပြီး အဲဒီပွဲမှာ ဂလင်း ဂျွန်ဆင်၊ လက်ဒ်လေ ကင်းနဲ့ ပီတာ ခရော့ချ် တို့ရဲ့ ဂိုးတွေနဲ့ အင်္ဂလန်က နိုင်ခဲ့ဖူးတာကြောင့်၊ ၁၆ နှစ် အကြာမှာ ပြန်လည် ဆုံတွေ့မယ့် ဒီပွဲမှာ အင်္ဂလန်တို့ အက်ဇ်တီကာမြေက စိန်ခေါ်မှုကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် တက်လှမ်းနိုင်မလား ဆိုတာ ရင်ခုန်စရာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မက္ကဆီကို နိုင်ရင် ၂.၉၉ ဆ၊ အင်္ဂလန် နိုင်ရင် ၂.၄၇ ဆ၊ သရေ ဆိုရင်တော့ ၃.၁၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ကြေးဖွင့်မှုက သိပ်မကွာပါဘူး။ ဒဲ့ကြေးလောက်ပဲ ပေါက်နေတဲ့ ဒီပွဲက ခန့်မှန်းရခက်ပါတယ်။ အထူးသဖြင့် မက္ကဆီကိုရဲ့ အိမ်ကွင်း အားသာချက်၊ အမြင့်ဆုံး ရောက်နေတဲ့ စိတ်ဓာတ်နဲ့ တဖက်က အင်္ဂလန်ရဲ့ အနည်းငယ် လိုအပ်ချက် ရှိနေတဲ့ ကစားပုံကြောင့်ပါ။ တူချယ်ရဲ့ ခေါင်းမာမှုတွေက အင်္ဂလန်ကို ယိုင်နဲ့နေစေပြီး ဟယ်ရီကိန်း ထမ်းတင်နေလို့သာ ဒီအဆင့် အထိ ရောက်လာတယ် ဆိုပြီး ဝေဖန်ခံနေရပါတယ်။ ဒီပွဲမှာတော့ တူချယ် ခေါင်းမမာပဲ အားလုံးရဲ့ ဝေဖန်ချက်တွေကို အင်္ဂလန်တို့ အကောင်းဆုံး တုန့်ပြန်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် သာမန် ပွဲချိန် အတွင်း ကတော့ သရေကျဖို့ များပါတယ်။ ဂိုးအနည်းလည်း သဘောကျမိပါတယ်။

ခန့်မှန်းရလဒ်

မက္ကဆီကို ၁-၁ အင်္ဂလန် (ပင်နယ်တီ အဆုံးအဖြတ်နဲ့ အင်္ဂလန် နောက်တဆင့်တက်မယ်)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်