ဘေယန်မြူးနစ် အသင်းမှာ အတူတူ ကစားနေတဲ့ အသင်းဖော် မိုက်ကယ် အိုလီဆေး နည်းတူ ဟယ်ရီကိန်း ကလည်း ကလပ် အသင်းနဲ့ အတူ ထူးချွန် ပြောင်မြောက်သည့် ရာသီ တစ်ခုကို ဖြတ်သန်းခဲ့သူပါ။ ဒါကြောင့် အင်္ဂလန် တိုက်စစ်မှူးကြီးက ၂၀၂၆ ခုနှစ် အတွက် ပေးအပ်မယ့် ဘယ်လွန်ဒေါ (ရွှေဘောလုံးဆု) ကို စိန်ခေါ်နိုင်မယ့်သူ အဖြစ် ရေပန်းစားလျက် ရှိနေပါတယ်။
ဟယ်ရီကိန်း အတွက် ဘေယန်မြူးနစ်မှာ ဖြတ်သန်းခဲ့တဲ့ တတိယမြောက် ရာသီက ကစားသမား ဘဝ အကောင်းဆုံးသော ရာသီတွေထဲက တစ်ခု ဖြစ်ခဲ့တာပါ။ သူဟာ ၂၀၂၅ ခုနှစ် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးချိန်က စလို့ ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၆၁ ဂိုးအထိ အံ့မခန်း သွင်းယူပေးနိုင်ခဲ့ပါတယ်။
ကိန်းဂဏန်း အချက်အလက်များ
ဟယ်ရီကိန်းရဲ့ သွင်းဂိုး ၆၁ ဂိုးဟာ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ ရှိတဲ့ ဘယ်ကစားသမားထက်မဆို ၁၉ ဂိုး ပိုမို များပြားခဲ့ပါတယ်။ ဒုတိယ အများဆုံး ဖြစ်တဲ့ ကီလီယန် အမ်ဘာပေး ကတော့ ၄၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဟယ်ရီကိန်းရဲ့ မျှော်မှန်းဂိုး အရေအတွက်က ၄၄.၄၆ သာ ရှိပေမယ့်လည်း အမှန်တကယ် မှာတော့ မျှော်မှန်းဂိုးထက် +၁၆.၆၄ ဂိုး ပိုမိုသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပမာဏက ထိပ်တန်းလိဂ် ၅ ခုမှာ ရှိတဲ့ တခြားကစားသမားတွေထက် နှစ်ဆမက သာလွန်နေပြီး ဒုတိယ အကောင်းဆုံး ဖြစ်ခဲ့တဲ့ အန်တွန် ဆီမီညိုရဲံ မျှော်မှန်းဂိုးထက် သာလွန်မှုမှာ +၇.၂၅ ဂိုးသာ ရှိခဲ့သည်။
ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ နောက်ဆုံး ချန်ပီယံ ဖြစ်သွားခဲ့တဲ့ ပီအက်စ်ဂျီ အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပေမယ့်လည်း၊ ပြည်တွင်းလိဂ် မှာတော့ ဘွန်ဒက်စ်လီဂါ ဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင်၊ ဂျာမန် ပိုကယ်ဖလား ဗိုလ်လုပွဲမှာ စတုဂတ်ကို အနိုင်ယူကာ ပြည်တွင်း ဖလား နှစ်လုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ သောမတ်စ် တူချယ် ကိုင်တွယ်နေတဲ့ အင်္ဂလန် အသင်းရဲ့ ခေါင်းဆောင် ဟယ်ရီကိန်းဟာ သူ့ရဲ့ တတိယမြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အပြည့်အဝ အာရုံစိုက်ထားပြီး၊ အင်္ဂလန် ကတော့ ဇွန် ၁၇ ရက်နေ့မှာ ခရိုအေးရှားနဲ့ အုပ်စု (L) ပွဲစဉ်ကို စတင် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
L’Equipe သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ကိန်းကို ‘ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါက ဘယ်လွန်ဒေါ ဆုအတွက် ရေပန်းအစားဆုံး ဖြစ်လာနိုင်မလား’ လို့ မေးမြန်းခဲ့ရာ သူက အောက်ပါ အတိုင်း ဖြေကြားခဲ့ပါတယ်။
“ကျွန်တော် အဲဒီစာရင်းထဲမှာ သေချာပေါက် ပါဝင်နေလိမ့်မယ်လို့ ပြောရမှာပါပဲ။ ဒီရာသီမှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ပုံစံတွေ၊ ရရှိခဲ့တဲ့ ဆုဖလားတွေနဲ့ သွင်းဂိုး အရေအတွက်တွေ အရ ကျွန်တော် အဲဒီဆု အတွက် ဆွေးနွေးမှုတွေထဲမှာ ပါဝင်နေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအပြင် ကျွန်တော်တို့ ကမ္ဘာ့ဖလားပါ ထပ်ရခဲ့မယ်ဆိုရင်တော့ ဘယ်လွန်ဒေါဆုက အင်္ဂလန် ကစားသမား တစ်ယောက်ယောက်ဆီ ရောက်သွားလိမ့်မယ်လို့ ခင်ဗျား တို့လည်း တွေးမိမှာပါ။ အတိတ်က ဘယ်လွန်ဒေါဆု ရရှိခဲ့ဖူးသူတွေကို ပြန်ကြည့်ရင် ဒီလို ပွဲကြီး ပွဲကောင်းတွေ၊ ပြိုင်ပွဲကြီးတွေက အဆုံးအဖြတ် ပေးသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒါတွေကို ဒီနှစ်မှာ ကျွန်တော် ရရှိထားတဲ့ အောင်မြင်မှုတွေနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင်တော့ ကျွန်တော် ထိပ်ဆုံးမှာ ရှိနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ကိန်းက ပြောပါတယ်။
သမိုင်းတလျှောက် ကမ္ဘာ့ဖလားနှစ်တွေနဲ့ အင်္ဂလန် ကစားသမားများ

ကမ္ဘာ့ဖလား ကျင်းပတဲ့ နှစ်တွေမှာ ပေးအပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဘယ်လွန်ဒေါ ၇ ကြိမ် (၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂-၂၃ ရာသီ) အနက် ၄ ကြိမ်တိုင်တိုင်ကို ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ ကစားသမားတွေ ကသာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီကစားသမားတွေ ကတော့
• ၁၉၉၈: ဇနက်ဒင် ဇီဒန်း
• ၂၀၀၂: ရော်နယ်ဒို နာဇာရီယို
• ၂၀၀၆: ဖာဘီယို ကန်နာဗာရို
• ၂၀၂၂-၂၃: လီယွန်နယ် မက်ဆီ
(မှတ်ချက်။ ။ ၂၀၁၈ ခုနှစ် မှာတော့ ကမ္ဘာ့ဖလား ဒုတိယဆုရရှိခဲ့တဲ့ လူကာ မိုဒရစ် က ရရှိခဲ့ပါတယ်။)
အင်္ဂလန် နိုင်ငံ သမိုင်းမှာ ဘယ်လွန်ဒေါဆုကို ကစားသမား ၄ ဦး ဆွတ်ခူးနိုင်ခဲ့ဖူးပြီး၊ သူတို့ထက် ပိုမို များပြားတဲ့ နိုင်ငံတွေက ပြင်သစ် (၅ ဦး)၊ ဂျာမနီနဲ့ အီတလီ (၄ ဦးစီ) တို့သာ ရှိနေပါတယ်။
အင်္ဂလန်နိုင်ငံ ကနေ ဆုရရှိခဲ့ဖူးသူတွေ ကတော့
• စတန်လေ မက်သူးစ် – ၁၉၅၆ ခုနှစ် (ပထမဆုံးအကြိမ် ပေးအပ်သည့်ဆု)
• ဘော်ဘီ ချာလ်တန် – ၁၉၆၆ ခုနှစ် (အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ရရှိအောင် ကူညီပေးပြီးနောက်)
• ကီဗင် ကီးဂန်း – ၁၉၇၈ နဲ့ ၁၉၇၉ ခုနှစ်
• မိုက်ကယ် အိုဝင် – ၂၀၀၁ ခုနှစ် (နောက်ဆုံးရရှိခဲ့တဲ့ အင်္ဂလန်ကစားသမား)
“လက်ရှိမှာ ဘယ်လွန်ဒေါ ရဖို့ ရေပန်းစားနေသူတွေကို ကြည့်လိုက်ရင် မိုက်ကယ် (အိုလီဆေး) ရယ်၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့တဲ့ ကစားသမား တချို့ရယ်၊ ပြီးတော့ ကျွန်တော်ရယ်ပေါ့ဗျာ။ ဒါကြောင့် ဒါဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ရာသီ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ‘ငါ ဘယ်လွန်ဒေါ ဆုနဲ့ ထိုက်တန်တယ်’ လို့ ကိုယ့်ဘာသာ လျှောက်ပြောနေမယ့် လူမျိုးတော့ မဟုတ်ပါဘူး။ ကွင်းထဲမှာပဲ အကောင်းဆုံး ခြေစွမ်းပြပြီး သက်သေပြသွားဖို့ပဲ ကြိုးစားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


