နာပိုလီ ကတော့ မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၃၃ မှာ လာဇီယိုကို အိမ်ကွင်းမှာ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ဒီရှုံးပွဲဟာ “သွားကို အကန်ခံလိုက်ရသလို” ပြင်းထန်တဲ့ နာကျင်မှုမျိုး ဖြစ်ပေမယ့် နာပိုလီတို့ ပြန်လည် ရုန်းထွက်နိုင်မယ်လို့ နည်းပြ အန်တိုနီယို ကွန်တီက ယုံကြည်နေပါတယ်။ ဒါ့အပြင် ကွန်တီက အခုရှုံးပွဲကို သင်ခန်းစာ ယူကြဖို့လည်း အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။
စနေနေ့က ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ နာပိုလီဟာ လာဇီယိုကို ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ရာသီကုန်ဖို့ ၅ ပွဲ အလိုမှာ ဇယားထိပ်က အင်တာမီလန်နဲ့ ၁၂ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ နာပိုလီ အနေနဲ့ စီးရီးအေ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရှိခဲ့တဲ့ အနည်းငယ်သော မျှော်လင့်ချက် ကလည်း အခုဆိုရင်တော့ လုံးဝ ဥဿုံ ပျောက်ဆုံးသွားပြီလို့ ဆိုရမှာပါ။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှု အရလည်း နာပိုလီ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးဟာ ၀.၀ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နာပိုလီဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တောင် အခုထိ မသေချာသေးတဲ့ အတွက် လာမယ့် သောကြာနေ့မှာ ကစားမယ့် ခရီမိုးနိစ်နဲ့ ပွဲစဉ်မတိုင်ခင် အမြန်ဆုံး ပြန်လည် နိုးထလာဖို့ လိုအပ်နေပါတယ်။ နာပိုလီဟာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေဆဲ ဖြစ်ပေမယ့် မီလန်နဲ့ ၃ မှတ်၊ ဂျူဗင်တပ်စ်နဲ့ ၆ မှတ်၊ ကိုမိုနဲ့တော့ ၈ မှတ်သာ ကွာဟနေပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ အန်တိုနီယို ကွန်တီက Football Italia နဲ့ အင်တာဗျူးမှာ “ဒီနေ့ ကျွန်တော်တို့ သွားကို အကန်ခံလိုက်ရသလိုပါပဲ။ အခု ကျွန်တော်တို့ အနားယူမယ်၊ ပြီးရင် တနင်္လာနေ့မှာ ဒီအတွေ့အကြုံ ကနေ အကောင်းဆုံး သင်ခန်းစာယူရမယ်။ အဲ့ဒီလိုမှ မလုပ်နိုင်ရင် ဒါဟာ ဆိုးရွားတဲ့ ကိစ္စဖြစ်လာလိမ့်မယ်။ ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ ဆိုတာကို နားလည်အောင် လုပ်ပြီး အမှားတွေကို ပြင်ဆင်ရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အခုပွဲမှာ နာပိုလီဟာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်း အထိ ရရှိခဲ့ပေမယ့် တိုက်စစ်ပိုင်း မှာတော့ ထူးထူးခြားခြား အားနည်းနေခဲ့ပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဂိုးပေါက် တည့်မှု တစ်ကြိမ်မှ မရှိခဲ့သလို ဂိုးရနိုင်ခြေ (xG) ဟာလည်း ၀.၅၅ သာ ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ လာဇီယိုဟာ အခွင့်အရေးကို အသုံးချနိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၇ ကြိမ်၊ ဂိုးရနိုင်ခြေ ၂.၂၇ အထိ ရှိခဲ့ပါတယ်။ လာဇီယို အတွက် ဂိုးတွေကို ကန်ဆယ်လီယာရီနဲ့ ဘာဆစ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဇက်ဂါနီ ကတော့ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။ တကယ်တော့ ဆာရီရဲ့ လာဇီယိုဟာ ပြီးခဲ့တဲ့ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်နေပြီး ရုန်းကန်ရေတာ ဖြစ်ပါတယ်။
ကွန်တီက ဆက်လက်ပြီး “ဒါဟာ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ ကွင်းလယ်မှာ အရည်အသွေးပိုင်း အားနည်းခဲ့တယ်။ လာဇီယိုက ကျွန်တော် တို့ကို စောင့်ပြီး တန်ပြန် တိုက်စစ်နဲ့ ကစားသွားခဲ့တာပါ။ ကျွန်တော်တို့ ဘောလုံး ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း နီးပါး ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု တစ်ကြိမ်တောင် မလုပ်နိုင်ခဲ့ဘူး။”
“ကျွန်တော်တို့ ပွဲအတွက် ပြင်ဆင်ခဲ့ပေမယ့် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့ပါဘူး။ ဒီအသင်းမှာ စွမ်းအင်တွေ လျော့နည်းသွားတဲ့ အခါ အရည်အသွေးပိုင်းပါ ကျဆင်းသွားတတ်ပါတယ်။ အသင်း အတွင်း ဖြစ်ပေါ်နေတဲ့ မကျန်းမာတဲ့ အခြေအနေတွေကို ကျွန်တော် ကြိုတင် သတိမထားမိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။” လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


