စီးရီးအေ ကလပ် နေပိုလီ အသင်းရဲ့ နည်းပြ ဖြစ်တဲ့ အန်တိုနီယို ကွန်တီ ကတော့ အီတလီ လက်ရွေးစင် အသင်း နည်းပြသစ် ရာထူးနဲ့ ပတ်သက်ပြီး တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ကွန်တီက အီတလီ နည်းပြ ရာထူးနဲ့ ပတ်သတ်ပြီး သူပြောခဲ့တဲ့ စကားတွေကို မီဒီယာတွေက “ အဓိပ္ပာယ် လွဲမှားအောင် လုပ်ကြံ ရေးသားနေကြတယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကွန်တီက သူဟာ လက်ရှိမှာ နာပိုလီ အသင်း အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားကြောင်းနဲ့ အီတလီ လက်ရွေးစင် အသင်းကို ပြန်လည် ကိုင်တွယ်မယ် ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အီတလီ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် နည်းပြ ဂန်နာရို ဂတ်တူဆို ရာထူး ကနေ နုတ်ထွက်သွားခဲ့ပြီးနောက် နည်းပြသစ် တစ်ဦး ရှာဖွေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၆ ခုနှစ် အထိ အီတလီ လက်ရွေးစင် အသင်းကို နည်းပြခဲ့ဖူးတဲ့ ကွန်တီက ပြီးခဲ့တဲ့ တပတ်က ပြောကြားချက် တစ်ခုမှာ သူဟာ လက်ရွေးစင် အသင်းကို ပြန်လည် ကိုင်တွယ်ဖို့ လမ်းဖွင့်ထားသလိုမျိုး အရိပ်အယောင် ပြခဲ့မိပါတယ်။
ဒါပေမယ့် တနင်္ဂနွေနေ့က ပါးမား အသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် အပြီး မှာတော့ ကွန်တီက သတင်းထောက်တွေဟာ သူ့ရဲ့ စကားကို လိုသလို ဆွဲယူ ရေးသားနေကြတယ်လို့ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ ကွန်တီက Rai Radio 1 နဲ့ အင်တာဗျူးမှာ အခုလိုပဲ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဘယ်ရာထူး အတွက်မဆို အသင့်ရှိနေပါတယ်လို့ မပြောခဲ့ပါဘူး။ ကျွန်တော့်မှာ နေပိုလီ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ပါသေးတယ်။ ရာသီကုန်တဲ့ အခါကျမှ အသင်း ဥက္ကဋ္ဌနဲ့ ဆွေးနွေးမှာပါ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက မီဒီယာတွေကို အခုလိုပဲ သတိပေးခဲ့ပါတယ်။ “ကျွန်တော် ပြောတဲ့ စကားတွေကို မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုကြဖို့ တိုက်တွန်းချင်ပါတယ်။ တကယ်လို့ ခင်ဗျား တို့က စကားတွေကို လိုသလို လိမ်လည် ရေးနေဦးမယ် ဆိုရင် နောက်ဆို ကျွန်တော် ဘာမှ ပြောတော့မှာ မဟုတ်ဘူး။” လို့ ကွန်တီက ဆက်လက် ပြောပါတယ်။
လက်ရှိမှာ နေပိုလီက စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာမှာ ရပ်တည်နေပေမယ့် ဇယား ထိပ်ကနေ အင်တာမီလန်နဲ့ ၉ မှတ် အထိ ကွာဟနေပါတယ်။ ဒါကြောင့် ကွန်တီရဲ့ အသင်းက စီးရီးအေ ချန်ပီယံဆု အတွက် မျှော်လင့်ဖို့ မဖြစ်နိုင်တော့ပဲ ချန်ပီယံလိဂ် ဝင်ခွင့် သေချာရေး အတွက်ပဲ အားစိုက်ရတော့မှာ ဖြစ်ပါတယ်။ နာပိုလီဟာ စီးရီးအေ ပွဲစဉ် ၃၂ အပြီးမှာ ပွဲ ၂၀ နိုင်၊ ၆ ပွဲ သရေ၊ ၆ ပွဲ ရှုံးပြီး ၆၆ မှတ် ရရှိထားပါတယ်။ ဒါ့အပြင် နာပိုလီက အေစီမီလန်နဲ့ ၃ မှတ်၊ ဂျူဗင်တပ်စ်နဲ့ ၆ မှတ်၊ ကိုမိုနဲ့တော့ ၈ မှတ်အထိ ကွာဟနေပါတယ်။
ကွန်တီရဲ့ အသင်းက လက်ကျန် ပွဲစဉ်တွေမှာတော့ လာဇီယို၊ ခရီမိုနိစ်၊ ကိုမို၊ ဘိုလော့ဂ်နာ၊ ပီဆာ၊ အူးဒီးနီးစ် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် အခြေအနေအရ ဆိုရင်တော့ နာပိုလီ အတွက် အနည်းဆုံး ၃ ပွဲလောက်က ပွဲကြပ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


