နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေစမ်းပွဲမှာ အသင်းငယ်လေးကို ရှုံးခဲ့လို့ စိတ်ပူစရာ မလိုကြောင်း ပိုလီတာနို ပြော | စီးရီးအေ

အူဒီနီးစ်ကို နာပိုလီ ကတော့ နည်းပြသစ် မက်ဆီမီလီယာနို အယ်လီဂရီ ပထမဆုံး ကိုင်တွယ်တဲ့ ပွဲစဉ်မှာတင် စီးရီးဘီ ကလပ် အာရက်ဇိုကို ၃ – ၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးရီးအေ ကလပ်ရဲ့ တောင်ပံကစားသမား မက်တေယို ပိုလီတာနို ကတော့ စိုးရိမ်စရာ မရှိဘူးလို့ အတည်ပြုလိုက်ပါတယ်။

အန်တိုနီယို ကွန်တီရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ အယ်လီဂရီရဲ့ ပထမဆုံး ပွဲထွက်လူစာရင်းမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ရက်စ်မတ်စ် ဟွိုက်ဂျ်လန်း၊ အသင်းခေါင်းဆောင် ဂျီယိုဗန်နီ ဒီလော်ရန်ဇိုနဲ့ ကွင်းလယ်လူ အန်ဒရီ-ဖရန့်ခ် ဇမ်ဘို အန်ဂစ်ဆာ တို့လို တောင့်တင်းတဲ့ ကစားသမားတွေ အများစုနဲ့ ပွဲထွက်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ပိုလီတာနိုက ပင်နယ်တီ ကနေ ၁ ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီ ကမှ စီးရီးစီ ကနေ တန်းတက်လာတဲ့ အာရက်ဇို အသင်းကို ပြီးခဲ့တဲ့ ရာသီ စီးရီးအေ ဒုတိယရ နာပိုလီတို့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပိုလီတာနိုက Sky Sport Italia ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ခြေစွမ်း အပြည့်မရှိမှန်း သိပေမဲ့လည်း အစကောင်းချင်ခဲ့တာမို့လို့ ဒီလို ရလဒ်ထွက်လာတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ လေ့ကျင့်ရေးဆင်းထားတာ နည်းနည်းပဲ ရှိပါသေးတယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ အချိန်တွေ အများကြီး ရှိပါသေးတယ်၊ ဆက်ပြီး အလုပ်လုပ်ရဦးမှာ ဖြစ်သလို ရှေ့မှာလည်း လေ့ကျင့်ရေး ရက်တွေ အများကြီး ကျန်ပါသေးတယ်။”

အယ်လီဂရီ ကတော့ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဆာဆူအိုလို၊ ကက်ဂလီယာရီ၊ အေစီမီလန်၊ ဂျူဗင်တပ်စ် တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
စီးရီးအေရဲ့ နာမည်ကြီး နည်းပြနဲ့ ရှေ့ဆက်မယ့် နာပိုလီ

“ကျွန်တော် ကတော့ ရာနှုန်းပြည့် အကောင်းမြင်ပါတယ်။ အသင်းရဲ့ စည်းလုံးမှုနဲ့ တောင့်တင်းမှု ကိုတော့ အားလုံး တွေ့ခဲ့ရပြီးသားပါ။ ကစားသမားတွေ အားလုံး ပြန်စုံပြီ ဆိုရင်တော့ စိန်ခေါ်မှုကြီး တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

၂၀၀၆ ကနေ ၂၀၁၁ အထိ နာပိုလီမှာ ကစားသမား အဖြစ် ဖြတ်သန်းခဲ့ဖူးသူ အာရက်ဇို အသင်းရဲ့ နည်းပြ ကရစ်စတီယန် ဘူချီ ကလည်း တရားဝင် ပွဲစဉ်တွေ ရောက်ရှိလာချိန်မှာ အယ်လီဂရီ အနေနဲ့ အသင်းကို အကောင်းဆုံး ပုံစံသွင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘူချီက “နာပိုလီဟာ ပြီးခဲ့တဲ့ ရာသီက ခက်ခဲတဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရတာပါ။ အခုဆိုရင် ပိုပြီး ပြင်ဆင်မှု ရှိတဲ့ အသင်း တစ်သင်းကို ကျွန်တော် မြင်တွေ့နေရပါပြီ၊ နည်းပြသစ် ပြောင်းလဲသွားတာကြောင့် အသားကျဖို့တော့ အချိန်နည်းနည်း ပိုလိုပါလိမ့်မယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်း ကတော့ ၂၀၂၄-၂၅ ရာသီက ရရှိခဲ့တဲ့ စီးရီးအေ ချန်ပီယံ ဖိအားတွေ ရှိခဲ့လို့ အလွယ်တကူ မဖြတ်သန်းနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ထိပ်တန်း နည်းပြ တစ်ယောက် ရှိနေပြီ ဖြစ်လို့ ကောင်းမွန်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်းနိုင်မှာပါ”လို့ သုံးသပ်သွားခဲ့ပါတယ်။

အယ်လီဂရီ ကတော့ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဆာဆူအိုလို၊ ကက်ဂလီယာရီ၊ အေစီမီလန်၊ ဂျူဗင်တပ်စ် တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ အေစီမီလန်နဲ့ အတူ စီးရီးအေနဲ့ စူပါကိုပါဖလား တစ်ကြိမ်စီ ရယူပေးနိုင်ခဲ့ပြီး ဂျူဗင်တပ်စ် အတွက်တော့ စီးရီးအေ ဖလား ၅ ကြိမ်၊ စူပါကိုပါ ၂ ကြိမ်၊ ကိုပါအီတလီယာ ၅ ကြိမ် ရယူပေးခဲ့ပါတယ်။
နာပိုလီ အသင်းဟာ ဩဂုတ်လ ၂၂ ရက်မှာ စီးရီးအေ အဖွင့်ပွဲ အဖြစ် ဂျီနိုအာနဲ့ မရင်ဆိုင်မီ ကာရာရီးစ်၊ အိုဆာဆူနာနဲ့ ဆဲလ်တာဗီဂို တို့နဲ့ ခြေစမ်းပွဲတွေ ဆက်လက် ကစားသွားဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်