ဟန်ဆီ ဖလစ်ခ် ကတော့ ဘာစီလိုနာနဲ့ အတူ နှစ်ရာသီ အတွင်း လာလီဂါ ဖလား နှစ်လုံး ဆွတ်ခူးရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ လာမယ့် ဗလင်စီယာနဲ့ ရာသီပိတိတ် ပွဲမတိုင်မီ တတိယမြောက် လာလီဂါ ဖလား ကိုပါ အရယူဖို့ မျက်စိကျနေပြီ ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ခ်က ဘာစီလိုနာကို (၃) ရာသီဆက် လာလီဂါ ချန်ပီယံ ဖြစ်လာစေဖို့နဲ့ ပပ် ဂွါဒီယိုလာ၊ ဂျိုဟန် ခရိုက်ဖ် တို့လို ဂန္ထဝင် နည်းပြကြီးတွေရဲ့ ခြေရာကို လိုက်နိုင်ဖို့ အတွက် သူဟာ “၁၀၀ ရာခိုင်နှုန်းပြည့်” စိတ်အားထက်သန်နေကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အသက် ၆၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမန် လူမျိုး နည်းပြကြီး ဖလစ်ခ်က ဘာစီလိုနာမှာ ဖြတ်သန်းခဲ့တဲ့ နှစ်နှစ်တာ အတွင်း လာလီဂါ ဖလား (၂) ကြိမ် ဆက်တိုက် ဆွတ်ခူးပေးနိုင်ခဲ့သလို၊ ကိုပါဒယ်ရေးဖလား (၁) ကြိမ်နဲ့ စပိန် စူပါဖလား (၂) ကြိမ် တို့ကိုပါ ရယူပေးနိုင်ခဲ့ပြီး အိမ်မက်ဆန်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာနဲ့ အတူ နောက်ထပ် ဆုဖလား များစွာကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားပြီး ကတ်တာလန် ကလပ်နဲ့ ၂၀၂၈ ခုနှစ် ဇွန်လ အထိ သက်တမ်းရှိမယ့် စာချုပ်သစ် ကိုလည်း လက်မှတ်ရေး ထိုးထားပြီး ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်း သမိုင်းမှာ အနည်းဆုံး လာလီဂါ ၅ ပွဲနဲ့ အထက် ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ တီတို ဗီလာနိုဗာ (၂.၈၄ မှတ်) နဲ့ ဂွါဒီယိုလာ (၂.၄၅ မှတ်) တို့ နှစ်ဦးသာ ဖလစ်ခ်ရဲ့ တစ်ပွဲ ပျမ်းမျှ ရမှတ် (၂.၄၃ မှတ်) ထက် ပိုမိုသာလွန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကလပ် အသင်း သမိုင်းတစ်လျှောက်မှာ (၃) ရာသီဆက် လာလီဂါ ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ (၂) ဦးသာ ရှိခဲ့ဖူးပါတယ်။ ဂျိုဟန် ခရိုက်ဖ်က ၁၉၉၀-၉၁ ကနေ ၁၉၉၃-၉၄ အထိ (၄) ရာသီဆက် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီး ဂွါဒီယိုလာ ကတော့ ၂၀၀၈-၀၉ ကနေ ၂၀၁၀-၁၁ အထိ (၃) ရာသီဆက် ချန်ပီယံဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
ဖလစ်ခ် ကလည်း ဘာဆာရဲ့ ဂန္ထဝင် နည်းပြ နှစ်ဦးလို စံချိန် မှတ်တမ်းကောင်းကို လိုက်မှီချင်နေပြီး သတင်းထောက်တွေကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် တတိယမြောက် လာလီဂါ ဖလားကို ရယူဖို့ အတွက် တစ်ရာခိုင်နှုန်း အပြည့် စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ဘောလုံး ကစားကွက်ကို ပြသရမှာ ဖြစ်သလို ဒါဟာ ကျွန်တော် တို့ရဲ့ အဓိက ရည်မှန်းချက်ကြီးလည်း ဖြစ်ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ။ တခြား ကလပ် အသင်းတွေ ကလည်း လာလီဂါ ဖလားကို လိုချင်ကြမှာ ဖြစ်ပေမယ့် ဒါဟာ ကျွန်တော် တို့ရဲ့ ပစ်မှတ်ပါပဲ။” လို့ ဖလစ်ခ်က ဆိုပါတယ်။
ဘာစီလိုနာ နည်းပြဟောင်း ဂွါဒီယိုလာ အနေနဲ့ မန်ချက်စတာစီးတီးမှာ ဆုဖလား များစွာနဲ့ ဆယ်စုနှစ် တစ်ခုကြာ အောင်မြင်မှုတွေ ရယူခဲ့ပြီးနောက် ဒီရာသီ အကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက် ဖလစ်ခ်က အခုလို မှတ်ချက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဘာစီလိုနာ ကနေ ထွက်ခွာခဲ့ပြီး နောက်တစ်နှစ်မှာ ဘေယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ စပိန် လူမျိုး နည်းပြ ဂွါဒီယိုလာက မန်စီးတီးရဲ့ ၂၀၂၅-၂၆ ရာသီ နောက်ဆုံး ပွဲစဉ် မတိုင်ခင် သောကြာနေ့မှာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။

ဂွါဒီယိုလာက မန်စီးတီးမှာ ၁၀ ရာသီ အတွင်း ပရီးမီးယားလိဂ် ဖလား (၆) လုံးအထိ ရယူပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြ တစ်ဦး အဖြစ် ထွက်ခွာသွားမှာလည်း ဖြစ်ပါတယ်။ သူဟာ မန်စီးတီးကို ပြိုင်ပွဲစုံ ၅၉၂ ပွဲ အထိ ကိုင်တွယ်ခဲ့ပြီး အဲဒီထဲက ၄၁၆ ပွဲ အနိုင်ရရှိခဲ့ကာ (နိုင်ပွဲ ရရှိမှုနှုန်း ၇၀.၃ ရာခိုင်နှုန်း) ရှိခဲ့ပြီး အသင်း အတွက် သွင်းဂိုး ၁,၄၂၂ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သည်။
ဂွါဒီယိုလာက ၂၀၂၂-၂၃ ရာသီမှာ ကလပ် အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဖလား ရရှိခဲ့မှု အပါအဝင် မန်စီးတီးနဲ့ အတူ စုစုပေါင်း ဆုဖလား အလုံး ၂၀ အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖလစ်ခ်ကို ဘာစီလိုနာမှာ ၁၀ နှစ်ကြာအောင် ရှိနေချင်သလားလို့ မေးမြန်းရာမှာတော့ အဲဒီလို ဖြစ်လာလိမ့်မှာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။
“ကျွန်တော် ဒီမှာ ၁၀ နှစ် ရှိနေမှာလား။ မထင်ပါဘူး။ အသက် ၇၀ အရွယ် အထိ ကျွန်တော် ဒီမှာ ရှိနေဖို့ ဆိုတာ မကောင်းပါဘူး။ ပပ် (ဂွါဒီယိုလာ) ကတော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့သူပါ၊ အဲဒီလို အဆင့်အတန်း မြင့်မားတဲ့ နေရာမှာ ၁၀ နှစ်ကြာအောင် ဖြတ်သန်းနိုင်ခဲ့တာပါ” လို့ ဖလစ်ခ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
“ပပ်က ကမ္ဘာ့အကောင်းဆုံး နည်းပြပါ။ ဒါကို သူက နှစ်စဉ် နှစ်တိုင်း သက်သေပြနေတာ။ အခြေအနေတွေ မကောင်းမွန်တဲ့ အချိန်မှာတောင် အခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သူ သိပါတယ်။ သူရရှိခဲ့တဲ့ ဆုဖလားတွေကို ကြည့်ရင် သိနိုင်သလို၊ သူဟာ အမြဲတမ်း တိုးတက်ဖို့ အတွက် အဖြေရှာနိုင်စွမ်း ရှိပါတယ်။ ဒါဟာ တကယ့်ကို ထူးခြားပြောင်မြောက်လှပါတယ်။ သူ့ကို အနားယူစေချင်ပေမယ့် သူက ငယ်သေးတာမို့ ဘောလုံးလောကထဲကို ပြန်လာလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်။” လို့ ဖလစ်ခ်က ပြောပါတယ်။ဒ
ါပေမယ့်လည်း လက်ရှိမှာ ဖလစ်ခ်က ဥရောပဝင်ခွင့် အတွက် အခွင့်အရေး အနည်းငယ် ကျန်ရှိနေသေးတဲ့ ဗလင်စီယာနဲ့ ရင်ဆိုင်ရမယ့် အဝေးကွင်း ပွဲစဉ်မှာ ဘာစီလိုနာရဲ့ ရာသီပိတ်ပွဲကို နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဗလင်စီယာက လက်ရှိ အဆင့် ၉ နေရာမှာ ရှိနေပြီး ကွန်ဖရင့်လိဂ် ခြေစစ်ပွဲ ဝင်ခွင့်ရမယ့် နေရာကို ရရှိထားတဲ့ ဂီတာဖေးနဲ့ နှစ်မှတ် အကွာမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း သူတို့ အနေနဲ့ ချန်ပီယံ ဘာစီလိုနာကို သာမက နည်းပြ ဖလစ်ခ်ကိုပါ ယှဉ်ပြိုင်နိုင်ဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။ အကြောင်း ကတော့ ဖလစ်ခ်က ဗလင်စီယာနဲ့ ကစားခဲ့တဲ့ လာလီဂါ ၃ ပွဲစလုံးမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတာကြောင့် ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


