နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လီဝမ်ဒေါစကီးနဲ့ လက်တွဲခွင့်ရခဲ့တာ ဂုဏ်ယူစရာပါလို့ ဆိုလိုက်တဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

ပိုလန် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီး ကတော့ ဒီရာသီကုန်မှာ လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သူဟာ ဒီကနေ့မှာ ကစားမယ့် ရီးရဲလ်ဘက်တစ်နဲ့ ပွဲစဉ်မှာ ပါဝင်ကစားသွားမှာ ဖြစ်ကြောင်း နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ အတည်ပြု ပြောကြားထားခဲ့ပါတယ်။

တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ဒီရာသီကုန်မှာ ဘာစီလိုနာ ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက် နည်းပြ ဟန်ဆီ ဖလစ်ခ်က “သူ့လို ကစားသမားမျိုးနဲ့ လက်တွဲခွင့်ရခဲ့တာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။” လို့ ဖွင့်ဟ ချီးကျူးလိုက်ပါတယ်။

အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပိုလန် တိုက်စစ်မှူးကြီးဟာ လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန် နူးကမ့်ပ်ကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။ သူဟာ ပူပူနွေးနွေး လာလီဂါ ချန်ပီယံ ဖြစ်ထားတဲ့ ဘာဆာ အတွက် ပြိုင်ပွဲစုံ ၁၉၁ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၁၁၉ ဂိုး အထိ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးဟာ ၂၀၂၂ ခုနှစ်မှာ ဘာဆာထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းနဲ့ အတူ လာလီဂါ ချန်ပီယံဆု ၃ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်နဲ့ စပိန် စူပါဖလား ၃ ကြိမ် အထိ အရယူနိုင်အောင် ကူညီပေးခဲ့ပါတယ်။ သူဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ ပွဲထွက် လူစာရင်း ကနေ ၁၅ ပွဲသာ ပါဝင် ကစားခဲ့ရပေမယ့် အသင်းရဲ့ ဒုတိယဂိုး သွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ နည်းပြ ဖလစ်ခ် ကတော့ လာမယ့် တနင်္ဂနွေနေ့ အဆင့် (၅) နေရာက ရီးရဲလ်ဘက်တစ်ကို ဧည့်ခံကစားရမယ့် ပွဲမှာ လီဝမ်ဒေါစကီးက အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ဖလစ်ခ်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။ “လီဝမ်ဒေါစကီးက အသင်းဖော်တွေကို စကားပြောခဲ့ပြီး နှုတ်ဆက်စကား ဆိုသွားခဲ့ပါပြီ။ ဒါဟာ သူ့အတွက်တော့ ခမ်းနားတဲ့ အခန်းကဏ္ဍ တစ်ခု ဖြစ်ခဲ့တယ် ဆိုတာ သူ ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပါတယ်။ ကျွန်တော့် အတွက်တော့ သူနဲ့ လက်တွဲခွင့်ရခဲ့တာ တကယ့်ကို ဂုဏ်ယူစရာပါ၊ ဘာလို့လဲ ဆိုတော့ သူက စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်မို့လို့ပါ။”

“သူဟာ စံပြပုဂ္ဂိုလ် တစ်ယောက်ပါ၊ ဒါကြောင့်လည်း ဒီအသက်အရွယ် အထိ ဒီလိုခြေစွမ်းမျိုး ပြသနိုင်နေတာ ဖြစ်ပါတယ်။ အခုတော့ သူက စိန်ခေါ်မှု အသစ် တစ်ခုကို လိုချင်နေပြီး ကျွန်တော်တို့ ကလည်း အဲဒီဆန္ဒကို လေးစားပါတယ်။ သူဟာ လူကောင်း တစ်ယောက် ဖြစ်သလို တကယ့်ကို ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ၊ လူငယ်ကစားသမားတွေ အတွက်လည်း အတုယူစရာ အကောင်းဆုံး စံနမူနာရှင် ဖြစ်ပါတယ်။”

သူဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ ပွဲထွက် လူစာရင်း ကနေ ၁၅ ပွဲသာ ပါဝင် ကစားခဲ့ရပေမယ့် အသင်းရဲ့ ဒုတိယဂိုး သွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
ဒီရာသီ ဘာစီလိုနာရဲ့ ဒုတိယ သွင်းဂိုး အများဆုံး ဖြစ်နေတဲ့ လီဝမ်ဒေါစကီး

“နူးကမ့်အ်ကွင်းမှာ ကျွန်တော်တို့ ပရိသတ်တွေရှေ့မှာ သူဟာ ခမ်းနားတဲ့ နှုတ်ဆက်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူဟာ အသင်း အတွက် အမြဲတမ်း အရာရာကို ပေးဆပ်ခဲ့တာပါ။ သူ လေ့ကျင့် ကြိုးစားအားထုတ်ပုံတွေကို စောင့်ကြည့်ရတာ တကယ့်ကို အံ့ဩစရာ ကောင်းလှပါတယ်။ အသင်းရဲ့ အခြေအနေကောင်းတဲ့ အချိန်တွေမှာရော၊ ခက်ခဲတဲ့ အချိန်တွေမှာပါ သူက အမြဲတမ်း အားကိုးရတဲ့သူ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကတော့ တကယ့်ကို ထိပ်တန်းအဆင့်ပါပဲ။ သူ ကျွန်တော်တို့ အတွက် ဂိုးတွေ အများကြီး သွင်းပေးခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ အများကြီး သတိရနေမှာပါ။ အခုတော့ အနာဂတ်မှာ သူ့နေရာကို ဘယ်လို အစားထိုးမလဲ ဆိုတာ ရှာဖွေဖို့က ကျွန်တော် တို့ရဲ့ တာဝန် ဖြစ်လာပါပြီ။” လို့ ဖလစ်ခ်က ဆိုပါတယ်။

ဘာစီလိုနာဟာ ဒီပွဲမှာ အနိုင်ရခဲ့ရင် ၃၈ ပွဲ ကစားရတဲ့ ရာသီ တစ်ခု အတွင်း အိမ်ကွင်း ၁၉ ပွဲစလုံးကို အနိုင်ရရှိတဲ့ ပထမဆုံး လာလီဂါ အသင်း အဖြစ် သမိုင်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ နည်းပြ ဖလစ်ခ်က သူ့ရဲ့ ကစားသမားတွေကို ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အရယူစေချင်နေပေမယ့် ပြီးခဲ့တဲ့ ၇ ပွဲဆက် ရှုံးပွဲ မရှိစံချိန်ကို ထိန်းသိမ်းထားတဲ့ ဘက်တစ်နဲ့ ပွဲက ခက်ခဲလိမ့်မယ် ဆိုတာ ကိုလည်း သူက သိရှိနေပါတယ်။

ဖလစ်ခ်က “ဒါက ကျွန်တော်တို့ အတွက် အခွင့်အရေးကောင်းတစ်ခုပါ။ အိမ်ကွင်းပွဲတိုင်းကို ကျွန်တော်တို့ နိုင်ချင်ပါတယ်။ ဒါဟာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး တသမတ်တည်း ခြေစွမ်းပြနိုင်ခဲ့တဲ့ အသင်း အတွက် ထိုက်တန်တဲ့ ဆုလာဘ် တစ်ခု ဖြစ်လာပါလိမ့်မယ်။ လွယ်တော့မှာ မဟုတ်ပေမယ့် ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ဘာဆာဟာ ၂၀၂၅-၂၆ ရာသီရဲ့ လာလီဂါ အိမ်ကွင်း ၁၈ ပွဲစလုံးကို အနိုင်ရရှိထားတာကြောင့် အခုပွဲ မှာပါ ထပ်နိုင်ရင် လာလီဂါ သမိုင်းတစ်လျှောက် ၃၈ ပွဲကစားရတဲ့ ရာသီတစ်ခုမှာ အိမ်ကွင်း ရာနှုန်းပြည့် အနိုင်ရတဲ့ ပထမဆုံး အသင်း ဖြစ်လာပါလိမ့်မယ်။ ဘာဆာဟာ ၂၀၁၂-၁၃ ရာသီက စလို့ ဘက်တစ်နဲ့ လာလီဂါ ၂၅ ကြိမ် ဆုံတွေ့ရာမှာ ၂၀ ပွဲ အထိ အနိုင်ရထားတာ ဖြစ်ပါတယ်။ အဆိုပါ ကာလ အတွင်း ဆီဗီလာနဲ့ ဘီလ်ဘာအို (၂၁ ပွဲစီ) ကလွဲရင် ဘက်တစ်ကို ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘာဆာဟာ လာလီဂါ အိမ်ကွင်း နောက်ဆုံး ၃၀ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အကယ်၍ ဒီနေ့ပွဲမှာ ဘက်တစ်ကို ဂိုးထပ်သွင်းနိုင်ရင်တော့ ၂၀၁၈ ဖေဖော်ဝါရီမှ ၂၀၁၉ ဒီဇင်ဘာအထိ ၃၄ ပွဲဆက် အိမ်ကွင်း ဂိုးသွင်းခဲ့တဲ့ စံချိန် နောက်ပိုင်း သူတို့ရဲ့ အကောင်းဆုံးစံချိန် ဖြစ်လာမှာ ဖြစ်ပါတယ်။ 

ဘက်တစ်ရဲ့ နည်းပြ မန်နျူရယ် ပယ်လီဂရီနီ ကတော့ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့တဲ့ လာလီဂါ ၂၉ ပွဲမှာ ပွဲ ၂၀ အထိ ရှုံးနိမ့်ထားရတာ ဖြစ်ပါတယ် (၅ ပွဲ နိုင်၊ ၄ ပွဲ သရေ)။ ဒါဟာ သူ့ရဲ့ နည်းပြဘဝ သက်တမ်း တစ်လျှောက် လာလီဂါနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ နှစ်ခုစလုံးမှာ ပြိုင်ဘက် တစ်သင်းတည်းကို အများဆုံး ရှုံးနိမ့်ဖူးတဲ့ စံချိန်ဆိုးလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်