နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အဲလ်ကလက်ဆီကို ဒါဘီ နိုင်ပွဲနဲ့ အတူ လာလီဂါ ဖလားကို ချိုမြိန်စွာ ဆွတ်ခူးခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဘာစီလိုနာ ကတော့ အဲလ်ကလက်ဆီကို ဒါဘီ နိုင်ပွဲနဲ့ အတူ ၂၀၂၅-၂၀၂၆ ရာသီ လာလီဂါ ချန်ပီယံဆုကို ချိုမြိန်စွာ ဆွတ်ခူးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဘာစီလိုနာဟာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူပြီးနောက် စပိန်မြေမှာ နှစ်နှစ် ဆက်တိုက် ချန်ပီယံ အဖြစ် လွှမ်းမိုးနိုင်ခဲ့တာပါ။ ဒါ့အပြင် ကတ်တာလန် ကလပ်က အသင်းရဲ့ (၂၉) ကြိမ်မြောက် လာလီဂါ ဖလားကို ခါးသီး ပြိုင်ဘက်ရဲ့ ရှေ့မှာပဲ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကတ်တာလန် ကလပ်ဟာ ပွဲစကတည်းက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ် အံ့မခန်း ဖရီးကစ် သွင်းဂိုးနဲ့ ဖာရန်း တောရက်စ်ရဲ့ သေသပ် လှပတဲ့ အသင်းလိုက် ကစားပုံ ကနေ သွင်းယူခဲ့တဲ့ ဂိုးတွေက ဘာစီလိုနာ အတွက် နိုင်ပွဲကို သေချာစေခဲ့တာပါ။ ဒီနေ့ ပွဲဟာ နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ဖခင်ကွယ်လွန်ခဲ့တဲ့ အတွက် ဝမ်းနည်း ပူဆွေးမှုတွေနဲ့ စတင်ခဲ့ရပေမယ့်၊ ဂျာမန် လူမျိုး နည်းပြကြီးက ဘာစီလိုနာကို လာလီဂါ ချန်ပီယံဆု နှစ်နှစ် ဆက်တိုက် ကာကွယ်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ဖလစ်ခ် အတွက် ဘာစီလိုနာ နည်းပြဘဝ ရရှိတဲ့ (၅) လုံးမြောက် ဆုဖလားလည်း ဖြစ်ပါတယ်။

ဒီပွဲကနေ သိရှိခဲ့ရတဲ့ အဓိက အချက် (၄) ချက် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

၁။ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်

ဘာစီလိုနာမှာ အနာဂတ်မရေမရာ ဖြစ်နေတဲ့ ရက်သတ္တပတ်တွေ အပြီးမှာ ရက်ရှ်ဖို့ဒ်ဟာ ရာသီပိတ်ခါနီး ပွဲစဉ်တွေမှာ အသင်း အတွက် မရှိမဖြစ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အဲလ်ကလက်ဆီကို ပွဲစဉ်မှာ သူဟာ ဘာစီလိုနာကို လာလီဂါ ချန်ပီယံ ဖြစ်စေခဲ့တဲ့ အံ့မခန်း အလှဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး လိဂ်ချန်ပီယံဆုလည်း ဖြစ်လာပါတယ်။

ရီးရဲလ် ဂိုးသမား ကော့တွာစ် လှမ်းပုတ်ခဲ့ပေမယ့်လည်း မမီနိုင်တဲ့ ထောင့်ဖြတ် အလွတ်တည်ကန်ဘော သွင်းဂိုးဟာ ရက်ရှ်ဖို့ဒ် အတွက် နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုးမြောက် ပါဝင် ပတ်သက်မှု ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က လီယွန်နယ် မက်ဆီ ဂိုးသွင်းယူပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဲလ်ကလက်ဆီကို ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ တိုက်ရိုက် ဖရီးကစ် ဂိုးလည်း ဖြစ်ပါတယ်။ ယူနိုက်တက် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်မှူးဟာ ဒီရာသီ ဘာစီလိုနာ အတွက် ၁၄ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

ဒီလို အဆင့်အတန်းမြင့်မားတဲ့ ပွဲကြီး ပွဲကောင်းမှာ အစွမ်းပြနိုင်ခဲ့တာကြောင့် ဘာစီလိုနာ အနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ စာချုပ်ပါ ပေါင် ၂၆ သန်းတန် အပြီးသတ် ဝယ်ယူခွင့်ကို အသက်သွင်းသင့်၊ မသွင်းသင့် ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့စဉ်က အဆင့်အတန်းမျိုး မဟုတ်တော့ပေမယ့်လည်း၊ အရန်အဖြစ် ပွဲထွက်ရချိန်မှာတောင် ဂိုးပါဝင်ပတ်သက်မှု ၃၀ နီးပါး ပြုလုပ်ပေးနိုင်တဲ့ ကစားသမားမျိုးကို ဘာစီလိုနာ အနေနဲ့ ဒီထက် ဈေးသက်သက်သာသာနဲ့ ရှာဖွေနိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။

 

၂။ ချီးကျူးမှုနဲ့ ထိုက်တန်ခဲ့တဲ့ ဘာစီလိုနာရဲ့ ခံစစ်တန်း

ဒီရာသီ အတွင်း ဘာစီလိုနာရဲ့ ခံစစ်ပိုင်းဟာ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရတဲ့ အဓိက အချက် အဖြစ် ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။ ဝေဖန်မှုတွေက မှန်ကန်သင့်လျော်ပေမယ့်လည်း ပြည်တွင်းလိဂ် အောင်မြင်မှု အတွက်တော့ အသင်းရဲ့ ခံစစ်ပိုင်းကို အပြည့်အဝ ချီးကျူးရမှာ ဖြစ်ပါတယ်။

ဒီရာသီ လာလီဂါမှာ ဘာစီလိုနာရဲ့ ခံစစ်ဟာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး ၃၁ ဂိုးသာ ခွင့်ပြုခဲ့ရကာ ဒါဟာ စပိန်လိဂ်မှာ အနည်းဆုံး ပေးဂိုး အရေအတွက် ဖြစ်သလို၊ ပြီးခဲ့တဲ့ ရာသီကထက် ၈ ဂိုး အထိ လျော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ဘာစီလိုနာ အသင်းဟာ လာလီဂါ သမိုင်းမှာ အကောင်းဆုံး အသင်း တစ်သင်း အဖြစ် သတ်မှတ်ခံရဖို့ ရှိနေပါပြီ။
လာလီဂါ သမိုင်းမှာ အကောင်းဆုံး အသင်း တစ်သင်း အဖြစ် သတ်မှတ်ခံရဖို့ ရှိနေတဲ့ ဘာစီလိုနာ

ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ဘာစီလိုနာ ခံစစ်က ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဟာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း ဂိုးပေါက်တည့် ကန်ချက် ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာမှာ ပထမဆုံး ရာသီ ကစားနေတဲ့ ဂိုးသမား ယိုအန် ဂါစီယာဟာ လိဂ် ၂၉ ပွဲမှာ ၁၅ ပွဲမြောက် ပေးဂိုးမရှိ (Clean sheet) စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူ့ရဲ့ ကစားသမား ဘဝ ပထမဆုံး (ဇာမိုရာ) ဂိုးသမားဆု ရရှိဖို့ သေချာသလောက် ရှိသွားခဲ့ပါပြီ။

လူငယ်နောက်ခံလူ ပါအူ ကူဘာဆီဟာ အကောင်းဆုံး ခြေစွမ်းပြနေသလို၊ ဘယ်နောက်ခံလူ ကနေ ဗဟိုနောက်ခံလူ အဖြစ် ပြောင်းလဲ ကစားနေတဲ့ ဂျရတ် မာတင် ကလည်း အခုနှစ်ရဲ့ တောက်ပလာတဲ့ ကစားသမားသစ် ဖြစ်ပါတယ်။ သူတို့ နှစ်ဦးက ဗဟိုခံစစ်မှာ တွဲဖက် ကစားတဲ့ လာလီဂါ ပွဲစဉ်တိုင်းမှာ ဘာစီလိုနာ အသင်း ရှုံးနိမ့်ခြင်း မရှိသေးပါဘူး။ ဥရောပ စင်မြင့်ထက်မှာ ယှဉ်ပြိုင်နိုင်ဖို့ အတွက်တော့ ခံစစ်ပိုင်းကို ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေသေးပေမယ့်လည်း၊ အခု လာလီဂါ ချန်ပီယံ လမ်းကြောင်း မှာတော့ ဝေဖန်ခံခဲ့ရတဲ့ ခံစစ်ပိုင်းဟာ အဓိက အသက်သွေးကြော ဖြစ်ခဲ့ပါတယ်။

 

၃။ ဖလစ်ခ်ရဲ့ ဘာစီလိုနာဟာ တခြား အဆင့်အတန်း တစ်ခုကို ရောက်ရှိနေပြီလား

၂-၀ ဆိုတဲ့ ရလဒ်ကြောင့် ပွဲက ပုံမှန်ပဲလို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို နူးကမ့်မှာ လုံးဝဥဿုံ စိုးမိုးကစားသွားခဲ့တာ ဖြစ်ပြီး ရီးရဲလ် ဘက်က ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာ ကိုပဲ ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ အိမ်ရှင် အသင်းဟာ ပြိုင်ဘက်ကို အနိုင်ယူဖို့ အတွက် အင်အားအပြည့်တောင် စိုက်ထုတ်စရာ မလိုခဲ့ဘဲ နှစ်သင်းကြားက ကွာဟချက်ကို အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။

ဇယားထိပ် ကနေ ၁၄ မှတ် ဖြတ်ထားနိုင်တာကို မကြည့်ရင်တောင် ဘာစီလိုနာဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ထက် အပြတ်အသတ် သာလွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပပ် ဂွါဒီယိုလာ ခေတ်ကတည်းက ဘာစီလိုနာဟာ ရုန်းကန်နေရတဲ့ ရီးရဲလ်မက်ဒရစ် အပေါ် အဘက်ဘက် ကနေ ဒီလောက် အထိ သာလွန်ခဲ့ခြင်း မရှိဖူးပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်က ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ၊ ချန်ပီယံလိဂ် ဖလားတွေ ရရှိပြီး ကီလီယန် အမ်ဘာပေးကို ခေါ်ယူနိုင်ခဲ့ချိန်မှာ၊ ဘာစီလိုနာ ကတော့ ၅ နှစ် အတွင်း လာလီဂါ ဖလား ၁ လုံးသာ ရရှိထားပြီး နည်းပြသစ် ရှာဖွေနေခဲ့ရတဲ့ အချိန် ဖြစ်ပါတယ်။ တစ်သင်းက ရွှေခေတ်ကို ဦးတည်နေပြီး ကျန်တစ်သင်း ကတော့ ပြိုင်ဘက်ရဲ့ အရိပ်အောက်မှာပဲ နေသွားရတော့မလို ထင်ခဲ့ရပေမယ့်၊ ဖလစ်ခ် ရောက်လာပြီး နောက်ပိုင်း မှာတော့ အခြေအနေတွေ အံ့အားသင့်ဖွယ် ပြောင်းလဲသွားခဲ့ပါပြီ။

ဖလစ်ခ်ရဲ့ လက်ထက်မှာ ဘာစီလိုနာဟာ အဲလ်ကလက်ဆီကို ၇ ပွဲ ကစားရာမှာ ၆ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး ဒါဟာ ဒီပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘယ်နည်းပြမှ မလုပ်ဆောင်နိုင်ခဲ့ဖူးတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ၂၀၂၄ ဥရောပစူပါဖလား နဲ့ ၂၀၂၄ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့ကို ဖယ်ထုတ်လိုက်ရင် အမ်ဘာပေး ရောက်ရှိလာပြီး နောက်ပိုင်း ရီးရဲလ်မက်ဒရစ်ဟာ ၂ ရာသီဆက် ဖလား လက်မဲ့ ဖြစ်နေခဲ့ရပြီး၊ ဖလစ်ခ်ရဲ့ ဘာစီလိုနာ ကတော့ ဒီကာလ အတွင်း မှာပဲ သူတို့ရဲ့ (၅) လုံးမြောက် ဆုဖလားကို ကိုင်မြှောက်ကာ စပိန် ဘောလုံး လောကကို စိုးမိုးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

၄။ လာလီဂါ သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းတွေထဲက တစ်သင်း

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ဘာစီလိုနာ အသင်းဟာ လာလီဂါ သမိုင်းမှာ အကောင်းဆုံး အသင်း တစ်သင်း အဖြစ် သတ်မှတ်ခံရဖို့ ရှိနေပါပြီ။ ဒါဟာ နည်းပြ ဖလစ်ခ်ရဲ့ “ ဒုတိယရာသီ ကျိန်စာ” ကို ချေဖျက်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီရာသီ လိဂ် သွင်းဂိုး ၁၀၀ ပြည့်ဖို့ အခွင့်အရေး ရှိနေပြီး ဒါဟာ လာလီဂါ သမိုင်းမှာ တတိယမြောက် သွင်းဂိုး ၁၀၀ ပြည့်တဲ့ အသင်း ဖြစ်လာစေမှာ ဖြစ်သလို၊ အသင်း ၂၀ တိုးချဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်း ပွဲစဉ် အားလုံးကို ရာနှုန်းပြည့် အနိုင်ရရှိတဲ့ စံချိန်သစ် ကိုလည်း တင်နိုင်ဖို့ ရှိနေပါတယ်။

အချက်အလက်တွေအရ လက်ရှိ ဘာစီလိုနာ အသင်းဟာ စပိန် ဘောလုံးသမိုင်းမှာ အင်အား အကြီးမားဆုံး အသင်း တစ်သင်း ဖြစ်ကြောင်း သက်သေပြနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီကလောက် ပွဲစဉ်တိုင်း ခြေစွမ်းမပြနိုင်ခဲ့သော်လည်း၊ ယခုရာသီ မှာတော့ ပိုမိုတည်ငြိမ်မှု ရှိခဲ့ပြီး ကိန်းဂဏန်းတွေက သက်သေပြနေပါတယ်။ ကျန်ရှိနေတဲ့ အလာဗတ်စ်၊ ရီးရဲလ်ဘက်တစ်နဲ့ ဗလင်စီယာ တို့ကိုသာ ဆက်လက် အနိုင်ယူနိုင်ခဲ့ရင်တော့ ၂၀၂၅-၂၀၂၆ ဘာစီလိုနာ အသင်းဟာ သမိုင်းဝင် အကောင်းဆုံး အသင်းတွေ စာရင်းထဲမှာ ထိပ်ဆုံး ကနေ ပါဝင်သွားတော့မှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ နည်းပြ ဖလစ်ခ်ရဲ့ ကစားသမားတွေဟာ လာမယ့် ရာသီမှာ အခုထက် ပိုမိုတောင့်တင်း အားကောင်းလာဦးမှာ ဖြစ်တာကြောင့် ပြိုင်ဘက်တွေ အတွက်တော့ စိုးရိမ်စရာ အခြေအနေပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်