နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာဆင်နယ်နဲ့ အတူ “ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ” ရယူဖို့ အသင့်ရှိနေတဲ့ ဂါဘရီရယ် | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ လက်တလောမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေနဲ့ လက်တကမ်း အကွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ်က သမိုင်းဝင် ရာသီတစ်ခုကို ပိုင်ဆိုင်ဖို့ လက်တစ်ကမ်း အလို ရောက်ရှိနေချိန်မှာ အာဆင်နယ် ပရိသတ်တွေ ဆီကနေ ရရှိခဲ့တဲ့ နွေးထွေးတဲ့ ထောက်ခံ အားပေးမှုတွေ အကြောင်းကို ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်က သူတို့ အသင်း အနေနဲ့ သမိုင်းဝင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားနှစ်လုံး (Double) ဆွတ်ခူးနိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိနေချိန်မှာ အာဆင်နယ်ဟာ သူ့ရဲ့ “နှလုံးသားထဲမှာ ထာဝရ ရှိနေမယ့် အသင်း” ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဂန်းနား တို့ဟာ ပြီးခဲ့တဲ့ ကြားရက်က အက်တလက်တီကိုမက်ဒရစ်ကို အနိုင်ယူပြီး ဥရောပရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီသို့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်ရှိနေတဲ့ လိဂ်ပွဲစဉ် ၃ ပွဲစလုံး မှာသာ အနိုင်ရရှိခဲ့ရင် ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုလည်း ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။

ဘရာဇီးလ် နောက်ခံလူဟာ ၂၀၂၀ ပြည့်နှစ်က ပရီးမီးယားလိဂ်ဆီ စတင်ရောက်ရှိလာချိန်က စလို့ အာဆင်နယ်ရဲ့ အဓိက ကျောရိုးတိုင် ကစားသမား တစ်ဦး ဖြစ်ခဲ့သူပါ။ လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလ အတွင်း ပရိသတ်တွေ ဆီကနေ ရရှိခဲ့တဲ့ ထောက်ခံ အားပေးမှုတွေ အပေါ် အလွန် ကျေးဇူးတင်ရှိကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။

သူက ESPN ကို ပြောကြားရာမှာ “ကျွန်တော် အာဆင်နယ်ကို စရောက်ကတည်းက အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီကလပ်ဟာ ကျွန်တော့် နှလုံးသားထဲမှာ ထာဝရ ရှိနေမယ့်အသင်းပါ။ ဒီမှာ ကျွန်တော် တကယ်ကို ပျော်ရွှင်ရပါတယ်။ ကိုယ့်အိမ်ကိုယ်ယာလို ခံစားရပြီး ကျွန်တော့် မိသားစု ကလည်း ဒီကလပ်ကို အရမ်းချစ်ကြပါတယ်။ အာဆင်နယ် ဂျာစီကို ဝတ်ဆင်ပြီး ဒီလောက်အထိ အချိန်အကြာကြီး ဖြတ်သန်းခွင့်ရခဲ့တာဟာ ကျွန်တော့် အတွက် ဂုဏ်ယူစရာ ဖြစ်သလို၊ ဒီကလပ်နဲ့ အတူ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို သေချာပေါက် ရယူသွားချင်ပါသေးတယ်။”

ဘရာဇီးလ် နောက်ခံလူဟာ ၂၀၂၀ ပြည့်နှစ်က ပရီးမီးယားလိဂ်ဆီ စတင်ရောက်ရှိလာချိန်က စလို့ အာဆင်နယ်ရဲ့ အဓိက ကျောရိုးတိုင် ကစားသမား တစ်ဦး ဖြစ်ခဲ့သူပါ။
ဖလား ၂ လုံး ချန်ပီယံ အဖြစ် ရာသီသိမ်းနိုင်ဖို့ နီးစပ်နေတဲ့ အာဆင်နယ်

“ကျွန်တော် ဒီကလပ်မှာ ၆ နှစ်သက်တမ်း ပြည့်တော့မှာ ဖြစ်ပေမယ့် မျှော်လင့်ချက်တွေ၊ အိမ်မက်တွေ ကတော့ ရှိနေဆဲပါ။ လက်ရှိ အခြေအနေ အပေါ် ပျော်ရွှင်မိသလို၊ ဒီဆုဖလားတွေနဲ့ ထိုက်တန်တဲ့ အာဆင်နယ် ပရိသတ်တွေ ကိုလည်း ပျော်ရွှင်မှုတွေ အများကြီး ပေးစွမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ဂါဘရီရယ်က ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ်ရှိ အဆိုပါနောက်ခံလူက ကစားသမားဘဝရဲ့ အရေးကြီးဆုံး အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပွဲအနည်းငယ်သာ လိုတော့တဲ့ အခြေအနေမျိုး ဖြစ်ပေမယ့်လည်း အသင်းသားတွေ အကြားမှာ စိတ်လှုပ်ရှားမှုမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ အေးအေးဆေးဆေး ရှိနေကြကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ အချိန်က အရမ်းကို ပြင်းထန်ပြီး အာရုံစိုက်ရတဲ့ ရာသီ တစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးသိကြတဲ့ အတိုင်း ကျွန်တော် တို့ဟာ ပြိုင်ပွဲစုံမှာ ပါဝင် ယှဉ်ပြိုင်နေရလို့ပါ။ ကျွန်တော်တို့ ဆီမှာ ကစားသမားတိုင်း ပျော်ရွှင်နေပြီး အခွင့်အရေးတွေ ရရှိနေကြတဲ့ အလွန်ကောင်းမွန်တဲ့ အသင်းစုဖွဲ့မှု တစ်ခု ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက် ကတော့ ပွဲစဉ် တစ်ပွဲချင်းစီကို ဖြည်းဖြည်းချင်း ဖြတ်သန်းသွားဖို့ပါပဲ။”

“ဆုဖလားတွေကို သေချာပေါက် ရယူချင်ပေမယ့် ဒါက အလွန်ခက်ခဲတယ် ဆိုတာ ကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ် ကိုတော့ အမြဲနှလုံးသွင်းထားရမှာပါ။ ဒါကြောင့် အပြင်လူတွေက ဘယ်လိုပဲ ဖိအားတွေပေးပြီး အမျိုးမျိုး ပြောနေကြပါစေ၊ ကျွန်တော်တို့ ကတော့ အေးအေးဆေးဆေးပါပဲ။ အသင်းသား အားလုံး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ရှိပြီး ရှေ့မှာ လာမယ့် ပွဲစဉ်တွေ အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားကြပါတယ်” လို့ ဂါဘရီရယ်က ဆက်လက် ပြောကြားခဲ့ပါတယ်။

ဂါဘရီရယ်ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ၁၇ ပွဲ ကစားပေးထားပြီး၊ မြောက်လန်ဒန် ကလပ် အာဆင်နယ် အတွက်တော့ ပြိုင်ပွဲစုံ ၂၅၇ ပွဲအထိ ပါဝင်ကစားပေးထားကာ နောက်ခံလူ တစ်ဦး အတွက် တော်တော်လေး အထင်ကြီးစရာ ကောင်းတဲ့ သွင်းဂိုး ၂၄ ဂိုး အထိ သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်