၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စိတ်ပျက်စရာ ရလဒ်နဲ့ အတူ စောစောစီးစီး လမ်းခွဲခဲ့ရပြီးနောက် နည်းပြ အန်ဆယ်လောတီ ကတော့ ဘရာဇီးလ် လက်ရွေးစင် အသင်းကို “အသင်းသစ် တစ်သင်း ပြန်လည် တည်ဆောက်သွားဖို့ ရှိနေပါတယ်။
၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးချင်နေတဲ့ ဘရာဇီးလ် တို့ရဲ့ မျှော်လင့်ချက်ဟာ ၁၆ သင်းအဆင့်မှာ နော်ဝေကို ရှုံးပြီး ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရတာပါ။ ဒါဟာ ဘရာဇီးလ် အသင်းအတွက် ၁၉၉၀ ပြိုင်ပွဲတုန်းက အာဂျင်တီးနား အသင်းကို ၁၆ သင်း အဆင့်မှာ ရှုံးပြီး ထွက်ခဲ့ရပြီး နောက်ပိုင်း ကမ္ဘာ့ဖလား ကနေ အစောဆုံး ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။ ဆီလီကာအို တို့ဟာ ဒီ ၂၀၂၆ ပြိုင်ပွဲ မတိုင်ခင် နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ၈ ကြိမ် ဆက်တိုက်မှာ အနည်းဆုံး ကွာတားဖိုင်နယ် အဆင့် အထိ အမြဲတမ်း ရောက်ရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
ဒါ့အပြင် နော်ဝေဟာ ဘရာဇီးလ်နဲ့ ရင်ဆိုင်ဖူးသမျှ အသင်းတွေထဲမှာ ဘရာဇီးလ်တို့ ဘယ်တုန်းကမှ မနိုင်ဖူးသေးတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ဆက်လက် စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ အဆိုပါ နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်မှာ နော်ဝေက ၃ ကြိမ် နိုင်၊ ၂ ကြိမ် သရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။
လက်ရှိ မှာတော့ ဘရာဇီးလ် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူ နေမာက လက်ရွေးစင် အသင်း ကနေ အနားယူကြောင်း ကြေညာသွားခဲ့ပြီ ဖြစ်သလို ကက်စ်မဲရိုးနဲ့ မာကွင်ညော့စ် တို့လို ဝါရင့် ကစားသမားတွေရဲ့ အနာဂတ် ကလည်း မရေမရာ ဖြစ်နေပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက “ကျွန်တော်တို့ လူငယ် ကစားသမားတွေကို စောင့်ကြည့် စိစစ်ပြီး အသင်းသစ် တစ်ရပ် စတင် တည်ဆောက်သွားပါမယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာ ကျွန်တော် တို့နဲ့ အတူ ပါဝင်ခဲ့ပြီး အသင်း အတွက် ကူညီပေးနိုင်သေးတဲ့ ဝါရင့် ကစားသမား တချို့ ကိုလည်း လုံးဝ ချန်လှပ်ထားမှာတော့ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးလ် အသင်းအတွက် လာမယ့် အဓိက ပြိုင်ပွဲကြီး ကတော့ ၂၀၂၈ ကိုပါအမေရိက ပြိုင်ပွဲ ဖြစ်ပြီး အန်ဆယ်လော့တီရဲ့ အသင်းဟာ လာမယ့် စက်တင်ဘာလ အတွင်းမှာ ဩစတြေးလျ အသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါတယ်။ အီတလီ နည်းပြကြီး အန်ဆယ်လော့တီ အနေနဲ့ ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဆီ ဦးတည် ပြင်ဆင်တဲ့ အနေနဲ့ အသင်း အတွင်း လူငယ် ကစားသမားသစ်တွေကို ပိုမို ပေါင်းစပ် ပါဝင်လာစေဖို့ အဓိက အာရုံစိုက် စိစစ်သွားတော့မှာ ဖြစ်ပါတယ်။
ဒွန်ကာလိုလို့ နာမည်ပြောင် ခေါ်ဝေါ်ကြတဲ့ အန်ဆယ်လော့တီ ကတော့ ဘောလုံးကမ္ဘာရဲ့ အေးဆေး တည်ငြိမ်ဆုံးနဲ့ အအောင်မြင်ဆုံး နည်းပြကြီး တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဥရောပ လိဂ်ကြီး ၅ ခုစလုံး (အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်) တို့မှာ အမှတ်ပေး ချန်ပီယံဆု အားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ သမိုင်းမှာ တစ်ဦးတည်းသော နည်းပြ ဖြစ်ပါတယ်။ ဒါတင် မကသေးပဲ ဘောလုံး ကလပ်တွေရဲ့ အိပ်မက် ဖြစ်တဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဖလား ကိုလည်း ၅ ကြိမ် အထိ (အေစီမီလန်နဲ့ ၂ ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ၃ ကြိမ်) ရယူပေးထားပြီး ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး နည်းပြ အဖြစ် စံချိန်တင်ထားတာပါ။
သူ့ရဲ့ ထူးခြားချက် ကတော့ တခြားနည်းပြတွေလို ကွင်းဘေးကနေ အော်ဟစ်နေတာမျိုး အရမ်းရှားပါတယ်။ စတိုင်ကျကျ ဝတ်ဆင်ထားပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကြည့်လိုက်တာနဲ့တင် ကစားသမားတွေကော၊ ပရိသတ်တွေပါ သူဘာလိုချင်လဲဆိုတာ တန်းသိကြတာပါ။ဒီလို အေးဆေး တည်ငြိမ်မှုနဲ့ ပွဲကို ချဉ်းကပ်ပုံ ပိုင်နိုင်မှုကပဲ သူ့ရဲ့ လက်နက် တစ်ခု ဖြစ်ခဲ့ပါတယ်။
အန်ဆယ်လော့တီရဲ့ အကြီးမားဆုံး ပါရမီ ကတော့ Man-management မှာ ထူးချွန်တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို၊ ကာကာ၊ ဘန်ဇီမာ တို့ကနေ စလို့ အခုခေတ် ဗင်နီးစီးယက်စ်၊ ဘယ်လင်ဟမ်တို့ အထိ စူပါစတား ကစားသမားတွေ အားလုံးက သူ့ကို နည်းပြ တစ်ယောက်ထက် ဖခင် တစ်ယောက်လို ချစ်ခင် လေးစားကြပါတယ်။ ကစားသမားတွေရဲ့ အကောင်းဆုံး အရည်အသွေးကို ဘယ်လို ဆွဲထုတ်ရမလဲ သိတာ ကတော့ သူ့ရဲ့ အကျွမ်းကျင်ဆုံး စွမ်းရည် ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


