နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အီရာအိုလာ လစ်ဗာပူးလ်မှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ဘင်နီတက်ဇ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြဟောင်း ရာဖာအယ်လ် ဘင်နီတက်ဇ် ကတော့ နည်းပြသစ် အန်ဒိုနီ အီရာအိုလာ အနေနဲ့ အန်ဖီးလ်မှာ သေချာပေါက် အောင်မြင်လိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

 

ဆလော့တ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ အီရာအိုလာ

အသက် ၄၄ နှစ် အရွယ် အီရာအိုလာဟာ ဘုန်းမောက် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်မှာ ၃ ရာသီကြာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လတုန်းက လစ်ဗာပူးလ် အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုကာ နည်းပြ အာနေး ဆလော့တ်ရဲ့နေရာမှာ ဆက်ခံခဲ့တာပါ။ ဆလော့တ်ဟာ ၂၀၂၄-၂၅ ရာသီတုန်းက လစ်ဗာပူးလ်ကို အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာတော့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။

လစ်ဗာပူးလ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အလက်ဇန္တား အိဆက်ခ်၊ ဖလော်ရီယန် ဗစ်ဇ်၊ ဟူဂို အစ်ကီတီကီနဲ့ မီလော့စ် ကာကက်ဇ် တို့လို ကစားသမားတွေကို ပေါင် ၄၅၀ သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့် ၅ သာ ရရှိခဲ့ပြီး ရာသီပိတ်ရက်ကျမှ ချန်ပီယံလိဂ် ဝင်ခွင့်ကို ကပ်ပြီး ရရှိခဲ့တာပါ။ သူတို့ ရရှိခဲ့တဲ့ ရမှတ် ၆၀ ဆိုတာ စံချိန်တင် လျော့နည်းခဲ့တဲ့ ရမှတ် ဖြစ်သလို ဘုန်းမောက် အသင်းရဲ့နောက် ၃ မှတ် အကွာမှာပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက် မှာတော့ အီရာအိုလာဟာ ဘုန်းမောက်ကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

 

ဘင်နီတက်ဇ်ရဲ့ ယုံကြည်မှုနဲ့ အီရီယိုလာရဲ့ အသာစီးရမှု

အဲဒါက သူ ပရီးမီးယားလိဂ် အကြောင်းကို ကောင်းကောင်း သိနေတာပါပဲ။ ဒါက မလွယ်ကူလှပါဘူး။
ပရီးမီးယားလိဂ် အကြောင်းကို ကောင်းကောင်း သိထားတဲ့ အီရာအိုလာ

အီရာအိုလာဟာ ၂၀၀၄ ကနေ ၂၀၁၀ အထိ လစ်ဗာပူးလ်ကို ကိုင်တွယ်ခဲ့တဲ့ ဘင်နီတက်ဇ် ပြီးရင် အသင်းရဲ့ ဒုတိယမြောက် စပိန်လူမျိုး နည်းပြ ဖြစ်လာခဲ့တာပါ။ အသက် ၆၆ နှစ်အရွယ် ဘင်နီတက်ဇ်က အီရာအိုလာရဲ့ အားကောင်း မောင်းသန် တိုက်စစ်ကစားဟန်ကို လစ်ဗာပူးလ် ပရိသတ်တွေ သဘောကျကြမှာ ဖြစ်လို့ ပရိသတ်တွေရဲ့ အပြည့်အဝ ထောက်ခံမှုကို ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘင်နီတက်ဇ်က “လစ်ဗာပူးလ်က တကယ့်ကို ကြီးမားတဲ့ ကလပ်ကြီးပါ။ ဒါပေမယ့် အီရာအိုလာမှာ အားသာချက် တစ်ခု ရှိတယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက သူ ပရီးမီးယားလိဂ် အကြောင်းကို ကောင်းကောင်း သိနေတာပါပဲ။ ဒါက မလွယ်ကူလှပါဘူး။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို စရောက်တုန်းက အခြေအနေတွေက အခုနဲ့ လုံးဝ ကွဲပြားပါတယ်။ ပရိသတ်တွေ ကတော့ သူ့ကို သေချာပေါက် အားပေးကြမှာပါ။ သူ ကစားစေချင်တဲ့ ပုံစံကိုလည်း ပရိသတ်တွေ သဘောကျမယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူ အောင်မြင်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်” လို့ ဆိုခဲ့ပါတယ်။

အီရာအိုလာဟာ ဘုန်းမောက်ကို ကိုင်တွယ်ခဲ့တဲ့ ၃ ရာသီ စလုံးမှာ ၂၀၂၃-၂၄ မှာ အဆင့် ၁၂၊ ၂၀၂၄-၂၅ မှာ အဆင့် ၉ နဲ့ ပြီးခဲ့တဲ့ ရာသီမှာ အဆင့် ၆ အထိ ရောက်အောင် တဖြည်းဖြည်း ချဉ်းကပ် ပြောင်းလဲနိုင်ခဲ့ပြီး ရမှတ် စံချိန်တွေ ကိုလည်း ရာသီတိုင်းမှာ ချိုးပေးနိုင်ခဲ့တဲ့ နည်းပြကောင်း တစ်ယောက်ပါ။

 

အပြောင်းအလဲကာလနဲ့ စိန်ခေါ်မှုအသစ်များ

ဒီနွေရာသီမှာ အီရာအိုလာ အနေနဲ့ မိုဟာမက် ဆာလာ၊ အန်ဒီ ရောဘတ်ဆန်နဲ့ အီဘရာဟီမာ ကိုနာတေး တို့လို အားထားရတဲ့ စီနီယာ ကစားသမားတွေ ထွက်ခွာသွားခဲ့တာကြောင့် အသင်းကို အကြီးအကျယ် ပြန်လည် တည်ဆောက်ရမယ့် တာဝန်ကို ယူရတော့မှာ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ စပိန် လူငယ် ကြယ်ပွင့် ဗစ်တာ မူနော့ဇ်က လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ အသင်းနဲ့ ပူးပေါင်းလာမှာ ဖြစ်ပါတယ်။

ဘင်နီတက်ဇ်က ဆက်လက်ပြီး “အီရီယိုလာဟာ ဘုန်းမောက်မှာ တော်တော်လေး ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့သလို၊ သူ ရာယို ဗလက်ကာနိုမှာ ရှိကတည်းက ကျွန်တော်တို့ စောင့်ကြည့်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ဝန်ထမ်း တစ်ယောက်က သူ့ရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို သွားကြည့်ပြီးတော့ အီရာအိုလာရဲ့ ကွင်းထဲမှာ အမြဲတမ်း တက်တက်ကြွကြွနဲ့ တစ်ခုခုလုပ်ဖို့ ကြိုးစားနေတတ်တဲ့ ပုံစံကို သဘောကျတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဘုန်းမောက်မှာ သူ အောင်မြင်ခဲ့ပြီးပြီ၊ အခုတော့ သူ စိန်ခေါ်မှု အသစ် တစ်ခုကို ရင်ဆိုင်ရတော့မှာပါ” လို့ မှတ်ချက်ပေးရင်း အားပေးစကား ဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်