နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

လစ်ဗာပူးလ်ထက် ရုန်းကန်ခဲ့ရတဲ့ စပါးကိုပဲ ရွေးချယ်ခဲ့တဲ့ မားကို့စ် ဆီနီဆီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် တော့တင်ဟမ်ဟော့စပါး ကတော့ နည်းပြ ရော်ဘတ်တို ဒီ ဇာဘီရဲ့ လက်အောက်မှာ အသင်းကို အကြီးအကျယ် ပြန်လည် တည်ဆောက်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ အခုလည်း မြောက်လန်ဒန် ကလပ်က ဘုန်းမောက် အသင်း ကနေ မားကို့စ် ဆီနီဆီ ကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

မားကို့စ် ဆီနီဆီဟာ ဘုန်းမောက် ကနေ တော့တင်ဟမ်ဟော့စပါး အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှု ပြီးမြောက်ခဲ့ပြီးနောက် အသင်းနဲ့ အတူ ဆုဖလားတွေ ဆွတ်ခူးချင်တယ် ဆိုတဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အာဂျင်တီးနား နောက်ခံလူ ဆီနီဆီဟာ လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ဒီဇာဘီရဲ့ အသင်းဆီ တရားဝင် ပူးပေါင်းမှာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဆီနီဆီက စပါး အသင်းနဲ့ ၄ နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဆီနီဆီဟာ ဘုန်းမောက် အသင်းမှာ ၄ နှစ်ကြာ အောင်မြင်တဲ့ ရာသီတွေကို ဖြတ်သန်းခဲ့ပြီးနောက် စပါး အသင်းဆီ ရောက်ရှိလာတာ ဖြစ်ပြီး၊ သူဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီက ဘုန်းမောက် အသင်း ယူရိုပါလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ရာမှာ အဓိကကျတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၃၉ ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး ဒါဟာ ဘုန်းမောက် အသင်းရဲ့ ကစားသမားတွေထဲမှာ ပွဲထွက်ခွင့် အများဆုံး အဖြစ် ပူးတွဲ ရပ်တည်ခဲ့တာ ဖြစ်သလို၊ နည်းပြ အန်ဒိုနီ အီရာအိုလာရဲ့ အသင်းမှာ ဘယ်ကစားသမားထက်မဆို ပေးပို့မှု အကြိမ်ရေ အများဆုံး (၁,၈၃၉ ကြိမ်) ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆီနီဆီဟာ နည်းပြဟောင်း အီရာအိုလာ ပြောင်းရွှေ့သွားတဲ့ လစ်ဗာပူးလ် အသင်းဆီ ရောက်ရှိလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့်၊ အဲဒီအစား ပြီးခဲ့တဲ့ရာသီ နောက်ဆုံး ပွဲစဉ်ကျမှ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်အောင် ရုန်းကန်ခဲ့ရတဲ့ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ ကိုသာ ရွေးချယ်ခဲ့တာပါ။

စပါး အသင်းဟာ ပြီးခဲ့တဲ့ ရာသီ တစ်ခုလုံး မငြိမ်မသက် ဖြစ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အဆင့် ၁၇ နေရာနဲ့ ရာသီသိမ်းခဲ့ရတာကြောင့်၊ ဆီနီဆီက သူရောက်ရှိလာချိန်မှာ အသင်းကို ရှိသင့်ရှိထိုက်တဲ့ နေရာဆီ ပြန်လည် ပို့ဆောင်ပေးချင်တဲ့ သူ့ရဲ့ ရည်မှန်းချက်ကို အခုလို ပြောကြားခဲ့ပါတယ်။

“တော့တင်ဟမ်ဟော့စပါး ကစားသမားတစ်ယောက် ဖြစ်လာရတာ တကယ့်ကို ထူးခြားတဲ့ ခံစားချက်ပါပဲ။ အစောဆုံး အခိုက်အတန့်ကတည်းက ဒီကလပ်ဟာ ကျွန်တော့်ကို ဘာကြောင့် လိုချင်တာလဲ၊ ပြီးတော့ သူတို့ တည်ဆောက်နေတဲ့ ပရောဂျက်မှာ ကျွန်တော့်ကို ဘယ်လောက်အထိ ပါဝင်စေချင်လဲ ဆိုတာ ပြသခဲ့ပါတယ်။” လို့ ဆီနီဆီက ကလပ် အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

“ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပြီး ကျွန်တော် အမြန်ဆုံး ပါဝင်ချင်နေပါပြီ။ ကွင်းထဲကို ခြေချလိုက်တဲ့ အကြိမ်တိုင်းမှာ ပရိသတ်တွေ ဂုဏ်ယူစေဖို့နဲ့ အသင်းကို ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းဆီ ပြန်ရောက်အောင် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။ တော့တင်ဟမ်ဟော့စပါးနဲ့ အတူ ဆုဖလားတွေ ဆွတ်ခူးချင်ပြီး အဲဒီလို ဖြစ်လာဖို့ ကျွန်တော် တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားမှာပါ။” လို့ ဆီနီဆီက ဆိုပါတယ်။

အဲဒီအစား ပြီးခဲ့တဲ့ရာသီ နောက်ဆုံး ပွဲစဉ်ကျမှ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်အောင် ရုန်းကန်ခဲ့ရတဲ့ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ ကိုသာ ရွေးချယ်ခဲ့တာပါ။
စပါးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ မားကို့စ် ဆီနီဆီ

စပါး အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဂိုး ၅၇ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး စပါးထက် ဂိုးပိုပေးခဲ့ရတဲ့ အသင်း ဆိုလို့ ဘန်လေ (၇၅ ဂိုး)၊ ဝုလ်ဗ် (၆၈ ဂိုး) နဲ့ ဝက်စ်ဟမ်း (၆၅ ဂိုး) တို့သာ ရှိခဲ့တာကြောင့် ဆီနီဆီ အနေနဲ့ စပါးရဲ့ ခံစစ်ပိုင်းကို မြှင့်တင်ပေးနိုင်ဖို့ ရည်မှန်းထားမှာ ဖြစ်ပါတယ်။ အဆိုပါ အာဂျင်တီးနား နောက်ခံလူဟာ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ ကန်ချက်တွေကို ပိတ်ဆို့မှု (၄၇ ကြိမ်)၊ ဖြတ်တောက်မှု (၅၆ ကြိမ်) နဲ့ ဖျက်ထုတ်မှု (၂၅၃ ကြိမ်) တို့မှာ အကောင်းဆုံး ထိပ်တန်း ကစားသမား ၃ ဦး စာရင်းထဲမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

နည်းပြ ဒီ ဇာဘီဟာ လစ်ဗာပူးလ် အသင်း ကနေ အန်ဒီ ရော်ဘတ်ဆန်ကို ခေါ်ယူပြီး ခံစစ်လိုင်းကို မြှင့်တင်ထားခဲ့သလို၊ ဗုဒ္ဓဟူးနေ့အစောပိုင်းကလည်း ဘန် ဒေးဗီးစ်ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပါသေးတယ်။“မားကို့စ်ရဲ့ အတွေ့အကြုံ၊ ဘောလုံးထိန်းချုပ်မှု အရည်အသွေးနဲ့ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်မှုတွေဟာ ကျွန်တော် တို့ရဲ့ ခံစစ်ကို ပိုမိုတောင့်တင်းစေမယ့် အပြင် ကစားကွက် ပုံစံပြောင်းလဲရာ မှာလည်း ပိုမိုပြောင်းလွယ်ပြင်လွယ် ရှိစေမှာပါ။ သူဟာ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားတဲ့ အသင်းမှာ ကောင်းကောင်း ကစားနိုင်ပြီး ပွဲဖတ်နိုင်စွမ်းလည်း အရမ်းကောင်းပါတယ်။ ပြီးတော့ တောင်းဆိုမှု မြင့်မားတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန် အောင်မြင်နိုင်တဲ့ အရည်အချင်းလည်း ရှိပါတယ်။” လို့ နည်းပြ ဒီ ဇာဘီက ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အမြဲတမ်း တိုးတက်ချင်တဲ့ ဆန္ဒကိုလည်း ကျွန်တော် သဘောကျပါတယ်။ ဒါကြောင့် သူ့နဲ့ အတူ လက်တွဲ လုပ်ဆောင်ပြီး အသင်းအတွက် သူ ဘယ်လောက် အထိ အကျိုးပြုနိုင်မလဲ ဆိုတာကို မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။” လို့လည်း ဒီဇာဘီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

စပါး အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ဘရိုက်တန်ရဲ့ နောက်ခံလူ ဂျန် ပေါလ် ဗန်ဟက်ကီ ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ နယ်သာလန် လက်ရွေးစင် အတွက် ၎င်းတို့ရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံး ပယ်ချခံခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်