နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ရီးရဲလ်မက်ဒရစ် ကစားသမား ၂ ဦးကို ဖူလ်ဟမ်ဆီ ခေါ်ယူချင်နေတဲ့ အာဘီလိုအာ | ပရီးမီးယားလိဂ်

ရီးရဲလ်မက်ဒရစ် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကစားသမား တချို့ အတွက်တော့ သူတို့ရဲ့ နည်းပြဟောင်း အဲလ်ဗာရို အာဘီလိုအာ ဆီကနေ အသက်ရှူချောင်မယ့် အခွင့်အရေး တစ်ခု ရောက်လာနိုင်ပါတယ်။ စပိန် လူမျိုး နည်းပြ အာဘီလိုအာဟာ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် အဖြစ် နည်းပြ အလုပ်ကို ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

ဖူလ်ဟမ် အသင်းကို ၃ နှစ်စာချုပ်နဲ့ ကိုင်တွယ်ဖို့ ရောက်ရှိလာတဲ့ နည်းပြသစ် အာဘီလိုအာဟာ လက်ရှိမှာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က ကစားသမား တချို့ကို ပြန်လည် ခေါ်ယူပြီး အသင်းကို အားဖြည့်ချင်နေတယ်လို့ သိရပါတယ်။

အာဘီလိုအာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဇာဘီ အလွန်ဆိုရဲ့ နေရာမှာ ရီးရဲလ်မက်ဒရစ် အသင်းကြီးကို လွှဲပြောင်း ကိုင်တွယ်ခဲ့ပြီး ၂၀၂၅-၂၆ ရာသီ အကုန် မှာတော့ အသင်း ကနေ ထွက်ခွာခဲ့တာပါ။ အရင်က ရီးရဲလ် B အသင်း ကိုပဲ ကိုင်တွယ်ဖူးပြီး အဆင့်မြင့် အသင်းကြီးတွေကို နည်းပြဖူးတဲ့ အတွေ့အကြုံ မရှိခဲ့ပေမယ့်၊ ရာသီဝက်မှာ အခက်အခဲ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို ထိန်းကျောင်းပေးနိုင်မယ့်သူ အဖြစ် ဥက္ကဋ္ဌ ပီရက်ဇ်က ယုံကြည်ပြီး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ရီးရဲလ်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်မပေးနိုင်ခဲ့ဘဲ ရာသီကုန်မှာ ဆုဖလား လက်မဲ့ဖြစ်ခဲ့ရသလို၊ ကလပ် အသင်းတွင်း ပြဿနာ အရှုပ်အထွေးတွေနဲ့လည်း ကြုံခဲ့ရပါတယ်။

ရီးရဲလ်ကနေ ထွက်လာပြီးနောက်မှာတော့ အာဘီလိုအာဟာ ထူးခြားတဲ့ သုံးပွင့်ဆိုင် နည်းပြ အပြောင်းအလဲက တစ်ဆင့် ပရီးမီးယားလိဂ်ဆီ ချက်ချင်း ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအပြောင်းအလဲမှာ ဟိုဆေး မော်ရင်ညိုက ဘင်ဖီကာ ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းလာပြီး၊ ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားက ဘင်ဖီကာကို ရောက်သွားသလို၊ အာဘီလိုအာ ကတော့ ရီးရဲလ်ကနေ ဖူလ်ဟမ်ကို ရောက်လာခဲ့တာပါ။

အာဘီလိုအာက “လန်ဒန်ရဲ့ သက်တမ်းအရင့်ဆုံး ကလပ် ဖြစ်တဲ့ ဖူလ်ဟမ် အသင်းမှာ အခုလို နည်းပြသစ် အဖြစ် တာဝန်ယူခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါ။ ကျွန်တော့်မှာ တာဝန်ကြီးမားတယ်လို့ ခံစားရသလို၊ ပရီးမီးယားလိဂ်မှာ ရှိနေတဲ့ ဖူဟမ်အသင်းကို ကိုင်တွယ်ဖို့ ယုံကြည်ပေးခဲ့ကြတဲ့ အသင်း ဥက္ကဋ္ဌ မစ္စတာခန်းနဲ့ ဒုဥက္ကဋ္ဌ တိုနီခန်းတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်” လို့ တရားဝင် ပြောကြားခဲ့ပါတယ်။ BBC ရဲ့ ဖော်ပြချက်အရ အာဘီလိုအာ ဖူလ်ဟမ် နည်းပြ ဖြစ်လာဖို့ အတွက် ရီးရဲလ် ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ မော်ရင်ညိုတို့ ကိုယ်တိုင် ထောက်ခံချက်ကောင်းတွေ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

 

ဖူလ်ဟမ်ရဲ့ အပြောင်းအလဲ အတွက် ရီးရဲလ် လူငယ်နှစ်ဦးကို မျက်စိကျနေခြင်း

ရီးရဲလ်ကနေ ထွက်လာပြီးနောက်မှာတော့ အာဘီလိုအာဟာ ထူးခြားတဲ့ သုံးပွင့်ဆိုင် နည်းပြ အပြောင်းအလဲက တစ်ဆင့် ပရီးမီးယားလိဂ်ဆီ ချက်ချင်း ရောက်ရှိလာခဲ့ပါတယ်။
မက်စတန်တူအိုနို အပြင် ဂွန်ဇာလို ဂါစီယာကို ခေါ်ယူချင်နေတဲ့ ဖူလ်ဟမ်

အာဘီလိုအာဟာ ဖူလ်ဟမ်ကို အင်အားဖြည့်ဖို့ အတွက် သူ့ရဲ့ ရီးရဲလ်မက်ဒရစ် အဆက်အသွယ်တွေကို အသုံးချဖို့ ပြင်နေပါတယ်။ အာဘီလိုအာ စိတ်ဝင်စားနေတဲ့ ကစားသမားတွေ ကတော့ ဖရန်ကို မာစတန်တူအိုနိုနဲ့ ဂွန်ဇာလို ဂါစီယာတို့ ဖြစ်ပါတယ်။ အရင်က ဖရန် ဂါစီယာ ကိုလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ကတော့ ရီးရဲလ်ဘက်တစ်ကို ပြောင်းရွှေ့သွားခဲ့ပါပြီ။

လက်ရှိမှာ မာစတန်တူအိုနိုနဲ့ ဂွန်ဇာလို ဂါစီယာ တို့ဟာ ရီးရဲလ်မှာ ပွဲထွက်ခွင့် သိပ်မရဘဲ အရန်ခုံမှာပဲ အချိန်ကုန်နေရတာကြောင့် ဒီနွေရာသီမှာ အငှား ဒါမှမဟုတ် အပြတ်ရောင်းချမယ့် စာရင်းထဲ ပါဝင်လာနိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမားရဲ့ နာမည် ကတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ ပရိသတ်တွေ အတွက် တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ ဒီအာဂျင်တီးနား လူငယ်လေးဟာ ပြီးခဲ့တဲ့ နွေရာသီက ယူရို ၄၅ သန်းနဲ့ ရီးရဲလ်ကို မျှော်လင့်ချက် ကြီးကြီးမားမားနဲ့ ရောက်လာခဲ့တာ ဖြစ်ပေမယ့်၊ ပထမဆုံး ရာသီ မှာတော့ လာလီဂါမှာ ၁ ဂိုးပဲ သွင်းနိုင်ခဲ့ပြီး အသင်းကြီးမှာ နေရာမရခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ မေလတုန်းက အာဘီလိုအာ ကိုယ်တိုင် မာစတန်တူအိုနိုရဲ့ အရည်အချင်း၊ ကြိုးစားမှုနဲ့ စိတ်ဓာတ်ပိုင်းတွေကို ချီးကျူးခဲ့ပြီး “အနာဂတ်မှာ တကယ့်ကို ထူးချွန်မယ့်သူ” လို့ ပြောခဲ့ဖူးပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာ ကတော့ ရီးရဲလ် B အသင်းမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းခဲ့ပေမယ့်၊ လက်ရှိ အသင်းကြီးမှာ ကီလီယန် အမ်ဘာပေးလို ကစားသမားမျိုး ရှိနေတာကြောင့် နေရာရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

 

ရီးရဲလ်ရဲ့ အမြတ်ထုတ်တတ်တဲ့ အရောင်းအဝယ်ပုံစံ

ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းကြီးမှာ နေရာ မရသေးတဲ့ ကစားသမားတွေကို ရောင်းချပြီး အကျိုးအမြတ် ရှာတဲ့ နေရာမှာ တော်တော်လေး ပါးနပ်ပါတယ်။ သူတို့ဟာ လူငယ်ကစားသမားတွေကို ရောင်းချတဲ့ အခါ နောက်တစ်ဆင့် ပြန်ရောင်းရင် ရာခိုင်နှုန်းရမယ့် Sell-on clause တွေနဲ့ ပြန်လည် ဝယ်ယူခွင့်ရှိမယ့် Buyback စာချုပ်တွေကို အမြဲတမ်း ထည့်သွင်းလေ့ရှိပါတယ်။ ဥပမာ အနေနဲ့ ကိုမို အသင်းမှာ ခြေစွမ်းပြနေတဲ့ နီကို ပက်ဇ်နဲ့ ဂျာကိုဘို ရာမွန် တို့ရဲ့ စာချုပ်တွေလိုမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနွေရာသီမှာတင် ဗစ်တာ မူနော့ဇ် အိုဆာဆူနာ ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့မှု ကနေ ရီးရဲလ်က ယူရို သန်း ၂၀ ခန့်၊ အဲလ်ဗာရို ရိုဒရီဂွက်ဇ် ဘုန်းမောက်ကို ပြောင်းရာ ကနေ ယူရို ၁၂.၅ သန်း နဲ့ မာရီယို မာတင် ဂီတာဖေးကို ပြောင်းရာ ကနေ ယူရို ၃.၅ သန်း စသဖြင့် အသီးသီး အမြတ်ငွေတွေ ရရှိခဲ့ပါတယ်။

ဒါကြောင့်မို့လို့ အခု ဖူလ်ဟမ် အသင်းက ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူမယ် ဆိုရင်လည်း ရီးရဲလ် ဘက်က အလားတူ ပြန်လည်ဝယ်ယူခွင့် ဒါမှမဟုတ် ပြန်လည် ရောင်းချရငွေ ခွဲဝေမှုဆိုင်ရာ အချက်အလက်တွေကို စာချုပ်ထဲမှာ မလွဲမသွေ ထည့်သွင်း တောင်းဆိုလာမှာ သေချာသလောက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်