နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လစ်ဗာပူးလ် နည်းပြသစ် ဖြစ်လာတဲ့ အီရာအိုလာ အရင်ဆုံး ပြင်ဆင်ရမယ့် အခြေအနေ ၄ ခု | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ အာနေး ဆလော့တ်ရဲ့ နေရာကို ဆက်ခံမယ့်သူ ရှာဖွေရေး အစီအစဉ် ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဘာကြောင့်လဲ ဆိုတော့ အန်ဒိုနီ အီရာအိုလာကို လစ်ဗာပူးလ်က နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

အသက် ၄၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီရာအိုလာဟာ အင်္ဂလန် တောင်ပိုင်းကမ်းခြေက ဘုန်းမောက် အသင်းမှာ အံ့အားသင့်ဖွယ် အောင်မြင်မှုတွေ ရယူပြီးနောက် အန်ဖီးလ်ဆီ ရောက်ရှိလာတာပါ။ သူဟာ ရာသီတိုင်းမှာ အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားကောင်းတွေကို တခြားကလပ်တွေဆီ ပုံမှန် လက်လွှတ်ခဲ့ရပေမယ့် ဘုန်းမောက်ကို ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိအောင် အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၅-၂၆ ရာသီမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ယူရိုပါလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာက တကယ့်ကို အထင်ကြီးစရာ ခြေလှမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် လစ်ဗာပူးလ်ရဲ့ နည်းပြ ရာထူး ကတော့ ဘုန်းမောက်နဲ့ လုံးဝ ခြားနားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေက ကောင်းကင်ယံ အထိ မြင့်မားနေမှာ ဖြစ်သလို ရလဒ်ကောင်းဖို့ ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ အီရာအိုလာ အနေနဲ့ အရည်အသွေးမြင့် ကစားသမားတွေကို တစုတစည်းတည်း လွှဲပြောင်းရယူခွင့် ရမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရာသီက အဆင့် (၅) နေရာနဲ့ပဲ ရုန်းကန်ခဲ့ရတဲ့ အသင်းကို ပြန်လည် နိုးထလာအောင် လုပ်ဆောင်ရမှာပါ။ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ရဲ့ အထက် (၃) မှတ်အကွာမှာပဲ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်လို ကလပ်အသင်းကြီးမျိုးမှာ တစ်ခါမှ ကိုင်တွယ်ဖူးခြင်း မရှိသေးတဲ့ အတွက် အီရာအိုလာ အနေနဲ့ ဒီလို အခြေအနေသစ်မှာ ဘယ်လို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။ အခု တရားဝင်ခန့်အပ်ခံရပြီးနောက် အီရာအိုလာ မဖြစ်မနေ အမြန်ဆုံး ဖြေရှင်းရမယ့် အဓိက လုပ်ငန်းစဉ် (၄) ခုကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ Pressing ကစားကွက်ကို အကောင်အထည်ဖော်ခြင်း

ပြီးခဲ့တဲ့ ရာသီက ဆလော့တ်ရဲ့ လက်အောက်မှာ လစ်ဗာပူးလ်ရဲ့ ကစားဟန်ဟာ ပျင်းရိစရာကောင်းပြီး ရိုးအီနေခဲ့တာကြောင့် အီရာအိုလာရဲ့ အားကောင်းမောင်းသန် တိုက်စစ်ဖွင့် Pressing လုပ်တဲ့ ကစားကွက်က ပရိသတ်တွေအတွက် ပိုလို့တောင် ဆွဲဆောင်မှု ရှိလာနိုင်ပါတယ်။

ဘက်စကေးသား နည်းပြဟာ ဘုန်းမောက်ကို ပြင်းထန်တဲ့ ကစားအားနဲ့ ကစားစေခဲ့လို့ နာမည်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ အီရာအိုလာဟာ သူ့ရဲ့ ကစားသမားတွေကို ဘောလုံး လက်လွှတ်လိုက်ရချိန်မှာ ပြိုင်ဘက်ဆီကနေ ဘောလုံး အမြန်ဆုံး ပြန်လည် လုယူနိုင်ဖို့နဲ့ အမှားအယွင်း ဖြစ်အောင် ဖိအားပေးဖို့ မနားတမ်း ပတ်ပြေး ကစားခိုင်းလေ့ ရှိပါတယ်။ ဒီကစားဟန်က ဆလော့တ်ရဲ့ ကစားကွက်ထက် ယာဂန် ကလော့ပ်ရဲ့ နည်းဗျူဟာပုံစံနဲ့ ပိုမိုတူညီနေပြီး ဒါဟာ လစ်ဗာပူးလ် အသင်း သူတို့ရဲ့ ကိုယ်ပိုင် အမှတ်အသားကို ပြန်လည် ရှာဖွေဖို့ အတိအကျ လိုအပ်နေတဲ့ အရာလည်း ဖြစ်ပါတယ်။

ကြိုးကြာနီတို့ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းနီးပါးမှာ ပြိုင်ဘက်တွေထက် ပြေးလွှားနိုင်မှု နည်းခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အခုလို အားစိုက်ထုတ်ရမယ့် ကစားကွက်သစ်နဲ့ အသားကျဖို့ ကစားသမားတွေ အချိန်တော့ယူရပါလိမ့်မယ်။ ကလော့ပ်ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးတဲ့သူတွေ အတွက် အသားကျဖို့ လွယ်ကူနိုင်ပေမယ့် ဘုန်းမောက်တုန်းက အီရာအိုလာရဲ့ လက်အောက်မှာ ကစားခဲ့တဲ့ မီလော့စ် ကာကက်ဇ်က လွဲလို့ ပြီးခဲ့တဲ့ နွေရာသီကမှ ရောက်ရှိလာတဲ့ ကစားသမားသစ်တွေ အတွက်တော့ တကယ့်ကို အံ့ဩတုန်လှုပ်စရာ ဖြစ်သွားနိုင်ပါတယ်။

လစ်ဗာပူးလ် အားပေးသူတွေဟာ အစဉ်အလာအရ တိုက်စစ် အသားပေး ကစားဟန်ကိုပဲ အမြဲတမ်း လိုလားကြတာကြောင့် အီရာအိုလာရဲ့ လက်အောက်မှာ မြန်နှုန်းမြင့် ဘောလုံးပွဲတွေကို မြင်တွေ့ရမှာ သေချာပါတယ်။ နည်းပြသစ်ရဲ့ အဓိက အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ အသင်းကို ပြန်လည်နိုးထ အသက်ဝင်လာအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေတာကြောင့် ကစားသမား တချို့ ရာသီကြို ပြင်ဆင်မှု အပြည့်အဝ မလုပ်နိုင်တဲ့ အချက် ကတော့ သူ့အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်လာပါလိမ့်မယ်။

 

၂။ ယိုယွင်းနေတဲ့ ခံစစ်ကို ပြုပြင်ခြင်း

အီရာအိုလာရဲ့ ဘုန်းမောက်ဟာ တိုက်စစ်ကိုပဲ ဇောက်ချကစားတဲ့ စနစ်ဖြစ်လို့ အောင်မြင်မှုတွေ ရခဲ့သလို တစ်ဖက် မှာလည်း ခံစစ်ကတော့ အမြဲတမ်း စိတ်မချရတဲ့ စွန့်စားမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ထက် ဂိုးပိုပေးခဲ့ရတဲ့ အသင်း (၆) သင်းပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖြေသာတဲ့ အချက်တစ်ခု ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ဘုန်းမောက်ရဲ့ ခံစစ်ကစားသမား အများစု အသင်းကနေ ထွက်ခွာသွားခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

ကြိုးကြာနီတို့ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းနီးပါးမှာ ပြိုင်ဘက်တွေထက် ပြေးလွှားနိုင်မှု နည်းခဲ့တာ တွေ့ရပါတယ်။
လစ်ဗာပူးလ်ကို ပြန်လည် တည်ဆောက်ရဦးမယ့် အီရာအိုလာ

ပိုမိုတောင့်တင်းတဲ့ ၂၀၂၄-၂၅ ရာသီတုန်း ကတော့ ဒင်းန် ဟောက်ဆန်၊ အီလီယာ ဇာဘာညီနဲ့ ကာက်ဇ်တို့ ပါဝင်ခဲ့တဲ့ ဘုန်းမောက် ခံစစ်ဟာ လိဂ်ပွဲစဉ်တွေမှာ (၄၆) ဂိုးသာ ပေးခဲ့ရပြီး ဒါဟာ အဲဒီရာသီက ချန်ပီယံ ဖြစ်ခဲ့တဲ့ လစ်ဗာပူးလ်ထက် (၅) ဂိုးပဲ ပိုများခဲ့တာ ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် အီရာအိုလာဟာ ခံစစ်စုဖွဲ့မှုနဲ့ စနစ်တကျ ရှိဖို့ရဲ့ အရေးကြီးပုံကို နားလည်ထားပြီး သူ့ရဲ့ နည်းဗျူဟာပိုင်း ကျွမ်းကျင်မှုကို ဗိုက်တာလစ်တီမှာ သက်သေပြခဲ့ပြီးသား ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ ၂၀၂၅-၂၆ ရာသီက ဆိုးရွားခဲ့တဲ့ ခံစစ်စွမ်းဆောင်ရည်ဟာ အီဘရာဟီမာ ကိုနာတေး အသင်း ကနေ ထွက်ခွာသွားမှုကြောင့် ပိုပြီး အခြေအနေ ဆိုးရွားသွားနိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးမရှိတဲ့ အချိန်မှာ ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးကစားခြင်းက စိတ်မချရတဲ့ ခံစစ်ကို ရှေ့ဆက်ဖို့ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

လေ့ကျင့်ရေးကွင်းထဲမှာတော့ အီရာအိုလာ အနေနဲ့ သူ့ရဲ့ တိုက်စစ်မူဝါဒတွေနဲ့ ခံစစ်လုံခြုံရေး အကြား မျှတမှုရှိအောင် ရှာဖွေရပါလိမ့်မယ်။ အဲလိုမှ မလုပ်နိုင်ရင်တော့ ပြီးခဲ့တဲ့ ရာသီကလို ခံစစ်ပိုင်း ပျက်စီး ယိုယွင်းမှုတွေ ထပ်မံ ကြုံတွေ့ရနိုင်ပါတယ်။

 

၃။ ပြီးခဲ့သည့် နွေရာသီက ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေကို အသုံးချနိုင်ခြင်း

ဆလော့တ်ရဲ့ အဓိက အားနည်းချက် တစ်ခု ကတော့ ပြီးခဲ့တဲ့ နွေရာသီက ငွေအမြောက်အမြား အကုန်အကျခံ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို အသင်းနဲ့ အသားကျအောင် မလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကာကက်ဇ်နဲ့ ဂျရယ်မီ ဖရင်မ်ပေါင် တို့ဟာ ရုန်းကန်ခဲ့ရပြီး ဖလော်ရီယန် ဗစ်ဇ်နဲ့ အလက်ဇန္တား အိဆတ်ခ် တို့ကလည်း စိတ်ပျက်စရာ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ဒဏ်ရာပြဿနာတွေ ကြားက ဟူဂို အစ်ကီတီကေး တစ်ယောက်ပဲ အောင်မြင်မှု ရခဲ့တာပါ။

ဒါပေမယ့် ပြင်သစ် တိုက်စစ်မှူး အစ်ကီတီကေးဟာ အီရာအိုလာ ရောက်ရှိလာစ ပထမဆုံးလတွေမှာ ဒဏ်ရာကြောင့် နားရဦးမှာ ဖြစ်တာကြောင့် နည်းပြသစ် အနေနဲ့ လာမယ့်ရာသီမှာ အိဆက်ခ်ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး ရောက်အောင် မဖြစ်မနေ လုပ်ဆောင်ရပါတော့မယ်။ ပွဲပေါင်း ၂၂ ပွဲမှာ ၄ ဂိုးပဲ သွင်းနိုင်ခဲ့တာက အိဆတ်ခ်လို ကစားသမားမျိုးအတွက် လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဘုန်းမောက် နည်းပြဟောင်းဟာ ကမ္ဘာ့ဖလား အပြီးမှာ ဆွီဒင် တိုက်စစ်မှူးကို ပုံစံကောင်း ပြန်ရအောင် လုပ်ပေးရမှာ ဖြစ်ပြီး လွန်ခဲ့တဲ့အချိန်က ဒေါမနစ်ခ် ဆိုလန်ကီ၊ အန်တွန် ဆီမီညိုနဲ့ အီလီ ဂျူနီယာ ခရူပီ တို့ကို ပုံစံကောင်း ရအောင် လုပ်ပေးခဲ့သလိုမျိုး လစ်ဗာပူးလ်မှာ ထပ်မံ သက်သေပြရမှာ ဖြစ်ပါတယ်။

ဗစ်ဇ် ကလည်း သူ့ရဲ့ တိုးတက်မှုအတွက် အရေးကြီးတဲ့ ရာသီတစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။ အီရာအိုလာ ကြိုက်နှစ်သက်တဲ့ ၄-၂-၃-၁ ကစားကွက်ဟာ ဒီဂျာမန် ကြယ်ပွင့်ကို သူအကြိုက်ဆုံး ကွင်းလယ် တိုက်စစ် (နံပါတ် ၁၀) နေရာမှာ ကစားခွင့် ရစေမှာ ဖြစ်သလို၊ ပိုပြီး တိုက်စစ်ဆင်တဲ့ ဗျူဟာက လစ်ဗာပူးလ်ရဲ့ နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ ဗစ်ဇ်ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထွက်ပေါ်လာစေနိုင်ပါတယ်။ သူရဲ့ ပထမဆုံးရာသီမှာ ပြသခဲ့တဲ့ အရိပ်အယောင်လေးတွေကို အီရာအိုလာရဲ့ လက်အောက်မှာ ပုံမှန်ခြေစွမ်း ဖြစ်လာအောင် လုပ်ရပါလိမ့်မယ်။

ကာကက်ဇ် ကတော့ ဘုန်းမောက်တုန်းက အီရာအိုလာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာကြောင့် ခြေစွမ်းပြနိုင်ခြေ ရှိနေပြီး ဖရင်မ်ပေါင်ရဲ့ အခန်းကဏ္ဍကိုတော့ ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒီဒက်ချ် ကစားသမားဟာ လေဗာကူဆင်မှာတုန်းက ညာအစွန် တိုက်စစ်/ခံစစ် ကစားသမား (Wing-back) ဖြစ်ခဲ့ပေမယ့် လစ်ဗာပူးလ် မှာတော့ ညာနောက်ခံလူနဲ့ ညာတောင်ပံ နေရာတွေမှာ အဆင်မပြေ ဖြစ်နေခဲ့တာပါ။

ဘောလုံးကို တက်ကြွစွာ ကစားချင်တဲ့ ကစားသမားတွေ စုဝေးနေတဲ့ လစ်ဗာပူးလ် အသင်းဟာ အီရာအိုလာရဲ့ လက်အောက် မှာတော့ တမျိုးတဖုံ ပြန်လည် လန်းဆင်းလာနိုင်ခြေတော့ များနေပါတယ်။

 

၄။ အင်အားနည်းနေတဲ့ လူစာရင်းကို ဖြည့်တင်းခြင်း

လစ်ဗာပူးလ်ရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေမှာ အီရာအိုလာ အနေနဲ့ ဘယ်လောက်အထိ ဆုံးဖြတ်ပိုင်ခွင့် ရမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် သူ့ကို ဘုန်းမောက်မှာတုန်းက ခေါ်ယူခဲ့တဲ့ အသင်းရဲ့ အားကစားဒါရိုက်တာ ရစ်ချက် ဟုခ်ျနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားတာကြောင့် သူ့ရဲ့ ကစားကွက် အတွေးအခေါ် အောင်မြင်ဖို့ ဘာတွေ လိုအပ်သလဲဆိုတာ အပြန်အလှန် နားလည်မှု ရှိပြီးသား ဖြစ်ပါတယ်။

လစ်ဗာပူးလ် အသင်းဟာ အထူးသဖြင့် ကိုနာတေး၊ အန်ဒီ ရောဘတ်ဆန်နဲ့ အဓိက အကျဆုံး ဖြစ်တဲ့ မိုဟာမက် ဆာလာ တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွှတ်ခဲ့ရပြီးနောက် အသင်းကို ပြန်လည် တည်ဆောက်ဖို့ အတွက် ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေ လိုအပ်နေပါတယ်။ အီရာအိုလာ အနေနဲ့ အပြောင်းအရွှေ့စျေးကွက်မှာ ငွေကြေး ထောက်ပံ့မှု ရဖို့ တောင်းဆိုရပါလိမ့်မယ်။

ခံစစ်ပိုင်းကို ကြည့်ရင် ဂျေရမီ ဂျက်ကတ် တစ်ဦးတည်းကို ခေါ်ယူထားရုံနဲ့ မလုံလောက်ပါဘူး။ ကိုနာတေး ထွက်ခွာသွားပြီးနောက် နောက်ထပ် ဗဟိုနောက်ခံလူ တစ်ဦး လိုအပ်နေသလို နောက်ခံ အစွန်လူ နေရာတွေကိုလည်း အားဖြည့်ဖို့ လိုအပ်နေပါသေးတယ်။ ဒါ့အပြင် ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘက်ချ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ ခံစစ်ကွင်းလယ်လူ တစ်ဦး လိုအပ်သလို၊ တောင်ပံ တိုက်စစ် နေရာတွေ မှာလည်း အရည်အသွေးမြင့် ရွေးချယ်စရာတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ဒဏ်ရာကြောင့် ၂၀၂၇ ခုနှစ်အထိ နားရဖွယ်ရှိနေတဲ့ အစ်ကီတီကေးရဲ့ နေရာ အတွက် ယာယီ အစားထိုးမယ့် တိုက်စစ်မှူးတစ်ဦးကိုလည်း ရှာဖွေရဖွယ် ရှိပါတယ်။

ဒီနွေရာသီမှာ မာဆေးဆိုဒ်မြေက အပြောင်းအရွှေ့တွေနဲ့ အလုပ်ရှုပ်ဦးမှာ ဖြစ်တာကြောင့် အီရာအိုလာ အနေနဲ့ သူ့ရဲ့ အနာဂတ်အသင်း ပုံဖော်ရေး ဆွေးနွေးမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ရမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်