အက်စတွန်ဗီလာ – လစ်ဗာပူးလ်
အက်စတွန်ဗီလာနဲ့ လစ်ဗာပူးလ် တို့ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေး အတွက် အရေးပါတဲ့ ပွဲစဉ်ကို ကစားကြရမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့်လည်း အဆင့် ၅ နေရာက ဗီလာကို ဂိုးကွာခြားချက်နဲ့ အသာရနေပါတယ်။ ဒါ့အပြင် သူ့တို့ နှစ်သင်းရဲ့ အနောက် အဆင့် ၆ နေရာက ဘုန်းမောက်က ပွဲစဉ် နှစ်ပွဲ ကစားဖို့ ကျန်ရှိနေသေးချိန်မှာ ရမှတ် ၄ မှတ် အကွာနဲ့ ကပ်လိုက်နေပါတယ်။
အက်စတွန်ဗီလာ
ယူရိုပါလိဂ် ပွဲစဉ်တွေ ကစားနေရတာကြောင့် ဗီလာရဲ့ လတ်တလော ပရီးမီးယားလိဂ် ခြေစွမ်းပိုင်း ကျဆင်းလာခဲ့တာက သံသယဖြစ်ဖွယ် မရှိပါဘူး။ ဒီအရင်းအနှီးကပဲ နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်းက နော့တင်ဟမ်ဖောရက်စ်ကို နှစ်ကျော့ပေါင်းရလဒ် ၄-၁ နဲ့ အနိုင်ယူကာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။ ဗီလာဟာ ဖူလ်ဟမ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ကို ဆက်တိုက် ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲစဉ်မှာ ၂-၂ နဲ့ သရေကျခဲ့တာကြောင့် နောက်ဆုံး လိဂ် ၃ ပွဲ ဆက်တိုက်မှာ ရမှတ် ၁ မှတ်သာ ရရှိထားပါတယ်။ ဒါပေမယ့်လည်း အမ်မရီရဲ့ အသင်းက အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၆ က ဘုန်းမောက်ကို ၄ မှတ် ဖြတ်ထားနိုင်တဲ့ အတွက် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် လိဂ်ရပ်တည်မှုအရ အခု ပွဲစဉ်မှာ ရလဒ်ကောင်းရင် သေချာသွားနိုင်ဖွယ် ရှိနေပါတယ်။
ဒါ့အအပြင် မေလ ၂၀ ရက်နေ့မှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘတ် အသင်းကို အနိုင်ရရှိခဲ့ရင်လည်း ၂၀၂၆-၂၀၂၇ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိမှာ ဖြစ်တာကြောင့် ဗီလာအတွက် နောက်ထပ် အခွင့်အရေး တစ်ရပ် ရှိနေပါသေးတယ်။
လစ်ဗာပူးလ်
တစ်ဖက်မှာလည်း လစ်ဗာပူးလ်က ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးနဲ့ ၁-၁ သရေကျထားပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး အဝေးကွင်း ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၃-၂ နဲ့ အရေးနိမ့်ခဲ့ပေမယ့်လည်း ကြိုးကြာနီတို့က ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ဒီရာသီ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ဖို့
အခွင့်အရေး ရှိနေသေးပေမယ့်လည်း နည်းပြ အာနေး ဆလော့တ်ရဲ့ အသင်း အနေနဲ့ လက်ကျန်လိဂ်ပွဲစဉ် နှစ်ပွဲစလုံးကို အနိုင်ကစားရမယ့် အပြင် အဆင့် ၃ နေရာက ယူနိုက်တက်တို့ နှစ်ပွဲစလုံး ရှုံးနိမ့်ဖို့နဲ့ ဂိုးကွာခြားချက် အပြောင်းအလဲ ဖြစ်ဖို့ မျှော်လင့်ရဦးမှာပါ။ ဒါ့အပြင် လစ်ဗာပူးလ်က ဒီပွဲအပြင် ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်းမှာ ကစားရမယ့် ခက်ခဲနိုင်တဲ့ ရာသီပိတ် နောက်ဆုံး ပွဲစဉ် မတိုင်ခင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေဖို့ လစ်ဗာပူးလ်တို့ အစွမ်းကုန် ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ၁၈ ပွဲမှာ ၈ ပွဲ အထိ ရှုံးနိမ့်ထားကာ အဝေးကွင်း စွမ်းဆောင်ရည် အဆင့် ၉ နေရာမှာသာ ရှိနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အက်စတွန်ဗီလာ ဘက်က အိုနာနာ၊ ကာမာရာ၊ အက်ဒ်ဝက်ဒ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ဘက်မှာတော့ ဆာလာ၊ ဘက်ကာ တို့ ပါဝင် ကစားဖို့ မသေချာသေးပဲ ဘရက်ဒ်လေ၊ လီယွန်နီ၊ ဘက်ဂျ်စီတစ်၊ အန်ဒို၊ အစ်ကီတီကေး တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ မင်းဂ်၊ ဒစ်ဂ်နီး၊ လင်ဒီအော့ဖ်၊ တေးလီမန့်စ်၊ မက်ဂင်းန်၊ ရော်ဂျာစ်၊ ဘူအန်ဒီယာ၊ ဝက်ကင်းစ်
လစ်ဗာပူးလ် – မာမာဒက်ရှ်ဗီလီ၊ ဂျုံးစ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ချ်၊ မက် အယ်လစ္စတာ၊ ဗစ်ဇ်၊ ဆို့ဘို့ဇ်ဆလိုင်း၊ ဂက်ခ်ပို၊ အိဆက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလက ဗီလာပါ့ခ်မှာ ရရှိခဲ့တဲ့ နာမည်ကျော် ၇-၂ ဂိုးနဲ့ အနိုင်ရလဒ်က လွဲပြီး လစ်ဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားတာကို ထောက်ရှုပါက ဗီလာ အသင်း အတွက် ကောင်းမွန်တဲ့ နိမိတ်လက္ခဏာတော့ မဟုတ်ပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၂.၆၉ ဆ၊ အက်စတွန်ဗီလာ နိုင်ရင် ၂.၃၁ ဆ၊ သရေ ဆိုရင်တော့ ၃.၃၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပဲ ပေါက်နေပါတယ်။ လက်ရှိမှာ ဒီနှစ်သင်းရဲ့ ခြေစွမ်းက မှန်းဆရခက်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး (၆) ပွဲမှာ (၃) ပွဲအထိ သရေကျထားတဲ့အတွက် အခု ပွဲစဉ် ကလည်း ဂိုးအနည်းငယ်သာ သွင်းယူပြီး သရေရလဒ်နဲ့ပဲ ပြီးသွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၁-၁ လစ်ဗာပူးလ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


