နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှုနဲ့ပဲ ချန်ပီယံလိဂ် ဝင်ခွင့်ရချင်နေတဲ့ အက်စတွန်ဗီလာ နည်းပြ အမ်မရီ

အက်စတွန်ဗီလာဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်လှမ်းထားနိုင်ခဲ့ပေမဲ့လည်း နည်းပြ အူနိုင်း အမ်မရီ ကတော့ ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှုနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိစေချင်နေဆဲ ဖြစ်ပါတယ်။ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရရှိမယ့် ရလဒ် အပေါ် စိတ်ချပြီး ပုံမချချင်တာကြောင့် အူနိုင်း အမ်မရီက ဒီရာသီ အက်စတွန်ဗီလာရဲ့ အဓိက ဦးစားပေးဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ငါးသင်း စာရင်း ဝင်ဖို့ပဲ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ဗီလာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က နော့တမ်ဟမ်ဖောရက်စ်ကို ဂိုးပြတ် အနိုင်ယူပြီး နှစ်ကျော့ပေါင်း ၄-၁ ရလဒ်နဲ့ အတူ ၁၉၈၂ ခုနှစ် ဥရောပဖလား နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် ဥရောပစင်မြင့်ရဲ့ ဗိုလ်လုပွဲဆီကို ပထမဆုံး တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ မေလ ၂၀ ရက်နေ့ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာ ကစားမယ့် ဗိုလ်လုပွဲစဉ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဖရိုင်းဘတ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဲဒီ ပွဲစဉ် မတိုင်ခင် လိဂ် ပွဲစဉ် နှစ်ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။

အမ်မရီရဲ့ အသင်းဟာ တနင်္ဂနွေနေ့ မှာတော့ တန်းဆင်းသွားခဲ့ပြီ ဖြစ်တဲ့ ဘန်လေရဲ့ အိမ်ကွင်း တက်ဖ်မောဆီ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ ဗီလာဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆင့် ၆ နေရာက ဘုန်းမောက်ထက် ၆ မှတ်အသာနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဗီလာ အသင်း အနေနဲ့ ထိပ်သီး ငါးသင်း စာရင်း ကနေ ဖယ်ထုတ်ခံရဖို့ ရာခိုင်နှုန်းက ၄ ရာခိုင်နှုန်းသာ ရှိပေမဲ့လည်း အမ်မရီ ကတော့ ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်မှ ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် လမ်းကြောင်းထက် လိဂ်ပွဲစဉ်တွေရဲ့ ရလဒ်ကောင်းတွေက တဆင့်ပဲ ဥရောပရဲ့ ထိပ်သီး ပြိုင်ပွဲကြီးဆီ တက်လှမ်းချင်နေတာ ဖြစ်ပါတယ်။

အမ်မရီက “တကယ်လို့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရင် ကျွန်တော်တို့ ဖလားလည်း ရမှာ မဟုတ်သလို နောက်နှစ် အတွက် ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ လိဂ်ပွဲစဉ်တွေ ကိုပဲ ပြန်လည် အာရုံစိုက်ပြီး ဘယ်လို အဆင့်နဲ့ ရာသီသိမ်းမလဲ ဆိုတာ ကိုပဲ ကြည့်ရပါမယ်။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ အတွက် အဓိက ဦးစားပေးက လိဂ်ပွဲစဉ်တွေက တစ်ဆင့်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ကျွန်တော်တို့ လိဂ်ထဲမှာ ခြေစွမ်းပြသနိုင်မှု အပိုင်းမှာ အားနည်းခဲ့ပါတယ်။ ကျွန်တော် တို့ရဲ့ ပန်းတိုင် ကတော့ လိဂ်ပွဲစဉ်တွေမှာ ခြေစွမ်း တည်ငြိမ်အောင် ဆက်ထိန်းထားဖို့ပါပဲ။ တနင်္ဂနွေနေ့မှာ ကစားရမယ့် ဘန်လေနဲ့ ပွဲက အခွင့်အရေးကောင်း တစ်ခုပါပဲ။ အဆင့် ၅ နေရာကို သေချာပေါက် ရယူနိုင်ဖို့ အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်သလို၊ အဲဒီပွဲ ပြီးရင်တော့ လစ်ဗာပူးလ်၊ မန်စီးတီး တို့နဲ့ ကစားရမယ့် နောက်ထပ် နှစ်ပွဲကို စောင့်မျှော်ရပါလိမ့်မယ်။ ဒီအခွင့်အရေးက တနင်္ဂနွေနေ့မှာ ရှိနေတာ ဖြစ်လို့ ဒါက လက်ရှိအချိန်မှာ အရေးအကြီးဆုံးနဲ့ အဓိကဦးစားပေးပါပဲ” လို့ ဆိုပါတယ်။

တစ်ဖက် မှာတော့ ဘန်လေဟာ ပြီးခဲ့တဲ့ ပွဲစဉ်က လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ပြီး ချန်ပီယံရှစ်ဆီ တန်းဆင်းသွားရတာ သေချာသွားခဲ့ပြီးနောက် ပထမဆုံး ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဘန်လေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက လိဒ်စ်ယူနိုက်တက်ကို 2−0 နဲ့ အနိုင်ရရှိခဲ့ပြီး ကတည်းက ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၁၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ် (၄ ပွဲသရေ၊ ၉ ပွဲရှုံး)။ 

တကယ်လို့ တနင်္ဂနွေနေ့ ပွဲစဉ် မှာသာ ထပ်မံ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ဘန်လေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကနေ အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ အိမ်ကွင်း ၁၄ ပွဲဆက် နိုင်ပွဲ မရရှိခဲ့တဲ့ သူတို့ရဲ့ အဆိုးရွားဆုံး အိမ်ကွင်း မှတ်တမ်းကို လိုက်မီသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယာယီ မန်နေဂျာ မိုက်ကယ် ဂျက်ဆင် ကတော့ သူတို့ အသင်း အနေနဲ့ အားပေးသူ ပရိသတ်တွေ ပျော်ရွှင်နိုင်ဖို့ အတွက် အကောင်းဆုံး တုံ့ပြန်ပေးဆပ်ရမယ်လို့ ယုံကြည်နေပါတယ်။

ဗီလာဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ်နဲ့ အတူ ၇ မှတ်သာ ရရှိထားခဲ့တာပါ။
ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်တဲ့ အက်စတွန်ဗီလာ

“ရိုးရိုးသားသား ပြောရရင် ယခုရာသီ အိမ်ကွင်း ပွဲစဉ်တွေမှာ ကျွန်တော်တို့ ခြေစွမ်း မကောင်းခဲ့ပါဘူး။ ပရိသတ်တွေက ကျွန်တော်တို့ ဆီကနေ ဒီထက်မက ပိုပြီး ရထိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို တကယ် လိုအပ်သလို၊ သူတို့ အတွက်လည်း ပြန်လည် ပေးဆပ်ဖို့ အကြွေး ရှိပါတယ်။ အိမ်ကွင်းမှာ ကစားတဲ့ အချိန် ကစားကွက် အရှိန်မြှင့်ဖို့၊ ပြိုင်ဘက်ကို ဖိအားပေးဖို့နဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်အောင် ဖန်တီးဖို့ အတွက် ပရိသတ်တွေရဲ့ အားပေးမှု လိုအပ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရာသီသိမ်း ပွဲစဉ်တွေကို ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ အဆုံးသတ်ချင်ပါတယ်။”

“ယူရိုပါလိဂ် ဆီမီးဖိုင်နယ် နိုင်ပွဲက ဗီလာ အသင်း အတွက် ယုံကြည်မှုတွေကို ပြန်လည် ရရှိစေမှာပါ။ သူတို့က တကယ့်ကို ကောင်းမွန်တဲ့ အသင်း ဖြစ်သလို၊ နည်းစနစ်ပိုင်းမှာလည်း ကောင်းကောင်း လေ့ကျင့်ပြင်ဆင်ထားတဲ့ အသင်းပါ။ သူတို့ဟာ နှစ်စဉ် နှစ်တိုင်း တိုးတက်လာခဲ့ပြီး သူတို့ ကစားတာကို ကြည့်ရတာ ကျွန်တော် သဘောကျပါတယ်။ သူတို့မှာ ကောင်းမွန်တဲ့ ကစားကွက် ပုံစံ ရှိပြီး သူတို့ လုပ်ရမယ့်အရာတွေကို ကောင်းကောင်း နားလည်ကြပါတယ်။” လို့ မိုက်ကယ် ဂျက်ဆင်က ပြောကြားခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ ဘန်လေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ အနိုင်ရရှိထားခဲ့ပါတယ်။ ဒါဟာ သူတို့ အချင်းချင်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပထမဆုံး ၁၀ ပွဲစဉ်ရဲ့ နိုင်ပွဲ အရေအတွက် (၅ ပွဲသရေ၊ ၂ ပွဲရှုံး) နဲ့ တူညီသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဗီလာဟာ တန်းဆင်းသွားပြီးသား အသင်းတွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ဖူးပြီး ၅ ပွဲနိုင်၊ ၃ ပွဲ သရေကျခဲ့ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာက အဲဒီလို ရှုံးနိမ့်ခဲ့တဲ့ တစ်ပွဲတည်းသော ပွဲစဉ်က ၂၀၁၅ ခုနှစ် မေလက ဘန်လေကို 0−1 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ဖြစ်နေပါတယ်။

အမ်မရီရဲ့ အသင်းဟာ ယူရိုပါလိဂ်က ရရှိခဲ့တဲ့ နိုင်ပွဲ အရှိန်အဟုန်ကို လိဂ်ပြိုင်ပွဲဆီ သယ်ဆောင်လာနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ဗီလာဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ်နဲ့ အတူ ၇ မှတ်သာ ရရှိထားခဲ့တာပါ။ ဒီကာလ အပိုင်းအခြား အတွင်းမှာ ဗီလာထက် ရလဒ် ပိုဆိုးခဲ့တာဆိုလို့ ချဲလ်ဆီး (၃ မှတ်) နဲ့ ဘန်လေ (၁ မှတ်) တို့သာ ရှိခဲ့ပါတယ်။

တစ်ဖက် မှာတော့ ဘန်လေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပွဲ အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ် (၇ ပွဲသရေ၊ ၁၈ ပွဲရှုံး)။ ဘန်လေဟာ ဗီလာနဲ့ ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၁၃ ပွဲ မှာလည်း ၂ ပွဲသာ အနိုင်ရရှိထားပြီး (၅ ပွဲသရေ၊ ၆ ပွဲရှုံး)၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီက အိမ်ကွင်းမှာ ၃-၂ နဲ့ နိုင်ခဲ့ပြီး ကတည်းက ဗီလာကို ၅ ပွဲ ဆက်တိုက် အနိုင်မရတော့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်