နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခရိုအေးရှားကို အနိုင်ကန်ဖို့ အင်္ဂလန်တို့ ပုံမှန်ခြေစွမ်း ရှိဖို့ပဲ လိုအပ်တယ် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

အင်္ဂလန် – ခရိုအေးရှား

အားလုံး စောင့်မျှော်နေတဲ့ နာမည်ကြီး အင်္ဂလန်အသင်းရဲ့ ပွဲစဉ် လာပါပြီ။ ယူရို ၂၀၂၀ အုပ်စု (D) အဖွင့်ပွဲစဉ် အဖြစ် အင်္ဂလန်တို့ ခရိုအေးရှားကို လန်ဒန်မြို့၊ ဝင်ဘလေ ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အစဉ်အလာအရ ဒီနှစ်သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှုတိုင်းဟာ အမှတ်တရ ရှိခဲ့ပြီး အဖွင့်ပွဲစဉ် ဆိုတဲ့အတိုင်း အမှားအယွင်း နည်းနည်းနဲ့ နိုင်ပွဲရအောင် ကြိုးစားလာကြမယ့် သဘောရှိပါတယ်။ မြန်မာစံတော်ချိန် ညနေ ၇ နာရီခွဲမှာ ကစားမှာ ဖြစ်လို့ ပြည်တွင်း ပရိသတ်တွေ ကြည့်ရှုဖို့ အဆင်ပြေတဲ့ ပွဲလည်း ဖြစ်ပါတယ်။

အတိတ်မှာ အသဲခွဲကြမ်းခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်အင်္ဂလန် ကတော့ အမိုက်စား စုဖွဲ့မှုနဲ့အတူ လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲ မစခင်ကတည်းက ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားထားပြန်ပါပြီ။ ပြိုင်ပွဲဝင် ၂၄ သင်းထဲမှာ တူရကီ ပြီးရင် ပျမ်းမျှ အသက်အငယ်ဆုံး အသင်းဖြစ်နေလို့ အတွေ့အကြုံပိုင်းနဲ့ ပတ်သတ်ပြီးလည်း စိတ်မပူပါနဲ့။ ကစားသမား အားလုံးနီးပါးက ဥရောပနာမည်ကြီး ကလပ် အသီးသီးမှာ အဓိက ပွဲထွက်ကစားသမား တွေချည်းပါပဲ။ ခြေစစ်ပွဲ ပွဲရလဒ်ကို ပြန်ကြည့်မယ် ဆိုရင် ၈ ပွဲကစား၊ ၇ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရဂိုး ၃၇ဂိုး၊ ပေးဂိုး ၆ ဂိုးပဲ ရှိခဲ့ပါတယ်။ ချက်ကို အုပ်စု ဒုတိယအကျော့မှာ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ပထမအကျော့ ဝင်ဘလေကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၆ ပွဲဆက် အနိုင်ရထားသလို ရဂိုး ၁၅ ဂိုး၊ ပေးဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်ဟာ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အသင်း ဘယ်လောက်အထိ ခြေစွာနေသလဲ သိနိုင်ပါတယ်။ ၁၉၆၆ ကမ္ဘာ့ဖလား ချန်ပီယံ အင်္ဂလန်တို့ ယူရိုပြိုင်ပွဲမှာ တတိယ ၂ ကြိမ် ရရှိခဲ့တာဟာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ ဆုဖလားတွေနဲ့ ၅၅ နှစ် လောက် ဝေးကွာနေတဲ့ အင်္ဂလန်တို့ လက်ရှိ ယူရို ၂၀၂၀ မှာတော့ လူငယ်ကြယ်ပွင့်တွေနဲ့ ချန်ပီယံ ဖြစ်ဖို့ တော်တော်လေး ရေပန်းစားနေပါတယ်။ ခံစစ်က ဟယ်ရီမက်ဂွိုင်းယား ဒဏ်ရာရနေတာ တစ်ခုပဲ အင်္ဂလန် ခံစစ်အတွက် အားနည်းချက် ရှိနိုင်ပါတယ်။ ဆောက်ဂိတ် ကတော့ ၄-၃-၃ ကစားကွက် သုံးနေရာ ကနေ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်ခဲ့စဉ်က ၃-၅-၂ ကစားကွက်ကို ပြောင်းလဲ အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ လက်ရှိပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် ဟယ်ရီကိန်းဟာ အင်္ဂလန်ကို ဦးဆောင်လာမယ့်သူ ဖြစ်ပြီး တစ်ရိပ်ရိပ် တစ်လက်လက် တောက်ပလာတဲ့ ဂျက်ဂရီးလစ်ရှ် ကိုလည်း စောင့်ကြည့်ရပါမယ်။ လက်တလော သုံးသပ်ပြခဲ့တဲ့ အချက်တွေနဲ့တင် ခရိုအေးရှားနဲ့ ပွဲကို ကြိုတင်ခန့်မှန်းလို့ ရပါတယ်။ တစ်ခုတော့ ရှိတယ်။ အရင်က အင်္ဂလန်တို့ အစဉ်အလာ အတိုင်း မလိုအပ်တဲ့ အမှားတွေကို မလုပ်မိရင်ပေါ့။

လက်ရှိ ယူရို ၂၀၂၀ မှာ ၃၅ နှစ်သား လူကာမိုဒရစ်ကို အားကိုးရဦးမှာ ဖြစ်ပြီး သက်ကြီး ကစားသမားတွေနဲ့ပဲ အဓိက ပွဲထွက်လာဖို့ ရှိနေပါတယ်။
ယူရိုပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှု အဖြစ် ကွာတားဖိုင်နယ် အထိပဲ ရောက်ရှိခဲ့ဖူးတဲ့ ခရိုအေးရှား

အင်္ဂလန်ဟာ ယူရိုသမိုင်းမှာ ၁၀ ကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး ခရိုအေးရှား ကတော့ ၆ ကြိမ်မြောက် ဖြစ်ပါတယ်။ ခရိုအေးရှားရဲ့ ထူးခြားချက်က ဆုဖလား အောင်မြင်မှု တစ်ကြိမ် တစ်ခါမှ မပိုင်ဆိုင်ထားဖူးပေမယ့် ပြိုင်ပွဲတိုင်းမှာ ဖြတ်မြင်း ဖြစ်ခဲ့သလို အသင်းကြီး တော်တော်များများကို ခက်ခဲစေခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ယူဂိုဆလားဗီးယား စတင်ပြိုကွဲချိန် ပြည်တွင်းစစ်ပွဲတွေ ဖြစ်နေရင်တောင် စိတ်ဓာတ်မာကျောမှုနဲ့ အကောင်းဆုံး ကစားပြီး ၁၉၉၈ ကမ္ဘာ့ဖလားမှာ တတိယနဲ့ ၁၉၉၆ ယူရိုမှာ ကွာတားဖိုင်နယ် တက်ခဲ့တာတွေဟာ ခရိုအေးရှားတို့ကို မဖြစ်မနေ ချီးကျူးရမယ့် အောင်မြင်မှုတွေ ဖြစ်ပါတယ်။ နည်းပြ ဇလတ်ကိုဒါးလစ်ရဲ့‌ လက်အောက်မှာ ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယရခဲ့တာဟာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပြီး လက်ရှိမှာတော့ ကစားသမား မျိူးဆက် ပြတ်သလို ဖြစ်နေပြီး အရှိန်ပြန်ကျ စပြုနေပါတယ်။ လက်ရှိ ယူရို ၂၀၂၀ မှာ ၃၅ နှစ်သား လူကာမိုဒရစ်ကို အားကိုးရဦးမှာ ဖြစ်ပြီး သက်ကြီး ကစားသမားတွေနဲ့ပဲ အဓိက ပွဲထွက်လာဖို့ ရှိနေပါတယ်။ ကိုဗာချစ်၊ ပါဆာလစ်၊ အော်ဆစ်၊ ပတ်ကိုဗစ်၊ ကရာမာရစ် တို့လို ထိပ်တန်းအဆင့် ကစားသမားတွေ ရှိနေလို့ ပြိုင်ဘက်တွေကို အကောင်းဆုံး ရင်ဆိုင်နိုင်စွမ်း ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ခရိုအေးရှားတို့ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ မန်ဇူကစ်ရဲ့ အချိန်ပို သွင်းဂိုးနဲ့ အင်္ဂလန်ကို အသဲခွဲခဲ့တာဟာ မှတ်မှတ်ရရ ဖြစ်ပြီး အဲ့နောက် နေးရှင်းလိဂ်မှာတော့ အင်္ဂလန်က တစ်ပွဲနိုင်၊ တစ်ပွဲ သရေ ကစားထားနိုင်ပါတယ်။ သမိုင်းတစ်လျှောက် တွေ့ဆုံမှု ၁၀ ကြိမ် မှာတော့ အင်္ဂလန်တို့ ၅ ပွဲနိုင်ပြီး ခရိုအေးရှားက ၃ ကြိမ် အနိုင်ရထားကာ ၂ ကြိမ် ကတော့ သရေရလဒ်နဲ့ပဲ ပြီးဆုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အဂ်လန် vs ခရိုအေးရှား 1X2 အဂ်လန် @ 1.68
ဇွန်လ ၁၃ ရက်, မနက် ၇:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အင်္ဂလန် အတွက် ၁.၆၁ ဆ နဲ့ ခရိုအေးရှား အတွက် ၆.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ခရိုအေးရှားဟာ အင်္ဂလန်နဲ့ တွေ့ဆုံချိန်တိုင်း အခက်တွေ့အောင် လုပ်နိုင်ခဲ့တဲ့ အသင်းပေမယ့် လက်ရှိ အနေအထားအရတော့ အိမ်ကွင်း အားသာချက်လည်း ရှိနေတဲ့ အင်္ဂလန်ကို သရေတောင် ကစားနိုင်ဖို့ ခက်ပါလိမ့်မယ်။ အပြန်အလှန်တော့ ရှိနိုင်ပြီး အနိုင်ရမယ့် အသင်း ဆိုရင်တော့ အင်္ဂလန်ကိုပဲ မျက်စိမှိတ် ရွေးချယ်ထားပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်