နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကြေးတံဆိပ် ယူပေးခဲ့တဲ့ ဆာကာရဲ့ ဟက်ထရစ်၊ သွင်းဂိုး စံချိန်တင်ခဲ့တဲ့ အမ်ဘာပေး | ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလား တတိယနေရာလုပွဲဟာ ဘူကာယို ဆာကာ နဲ့ ကီလီယန် အမ်ဘာပေး တို့ရဲ့ အပြိုင်အဆိုင် သွင်းဂိုးတွေနဲ့ အတူ ပရိသတ်တွေကို ရင်သပ် ရှုမောဖွယ်ကောင်းစေခဲ့ပြီး နောက်ဆုံး မှာတော့ အင်္ဂလန်က အနိုင်ရရှိသွားခဲ့ပါတယ်။ ပြောရမယ် ဆိုရင်တော့ အမေရိကန်မှာ Soccer ကနေ Football အဖြစ် အမြင်ပြောင်းစေဖို့ Promotion ဆင်းသွားတဲ့ ပွဲလို့ ဆိုရင်လည်း မမှားပါဘူး။

ဆာကာရဲ့ ဟက်ထရစ် သွင်းဂိုးတွေကြောင့် အင်္ဂလန် အသင်းဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း သူတို့ရဲ့ အကောင်းဆုံး ကမ္ဘာ့ဖလား ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး၊ အသက်ရှူမှားလုနီးပါး ဖြစ်ခဲ့ရတဲ့ ဒီပွဲစဉ်မှာ ပြင်သစ်ကို ၆ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာ အမ်ဘာပေး ကလည်း ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပွဲမစခင်မှာတော့ အင်္ဂလန် နည်းပြ သောမတ်စ် တူချယ်ဟာ ပရိသတ် တချို့ရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ အာဂျင်တီးနားနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တုန်းက ခံစစ် ပိတ်ဆော့ခဲ့တဲ့ သူ့ရဲ့ နည်းဗျူဟာ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရလို့ပါ။ ဒါပေမယ့် မိုင်ယာမီမှာ ကစားခဲ့တဲ့ ဒီပွဲမှာတော့ ဟယ်ရီကိန်းနဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် တို့ကို အရန်ခုံမှာပဲ ထားခဲ့ပေမယ့် အင်္ဂလန် အသင်းဟာ ခံစစ် ပိတ်မဆော့ခဲ့ပါဘူး။ ဒီကလန် ရိုက်စ် နဲ့ အက်ဇရီ ကွန်ဆာ တို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲစပြီး ၁၈ မိနစ် အတွင်းမှာတင် အင်္ဂလန်က ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး၊ ပထမပိုင်း ပြီးခါနီးမှာ ဆာကာက နောက်ထပ် ၂ ဂိုး ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ပြင်သစ် အသင်းက အားကုန် ရုန်းထွက်လာခဲ့ပါတယ်။ အမ်ဘာပေးဟာ ၂ ဂိုး သွင်းယူပြီး လီယွန်နယ် မက်ဆီရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူ ဖြစ်လာခဲ့သလို၊ လူစားဝင် ကစားသမား ဘရက်ဒ်လေ ဘာကိုလာ ကလည်း အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ပြင်သစ် အတွက် ဂိုးသွင်းပေးခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၇ မိနစ်မှာ ဆာကာက ပင်နယ်တီ ကနေ တစ်ဆင့် အင်္ဂလန် အတွက် ဦးဆောင်ဂိုး ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး အချိန်ပိုမှာ အူစမန်နီ ဒမ်ဘီလီက ပြင်သစ် အတွက် ချေပဂိုး တစ်ဂိုး ထပ်သွင်းလို့ အင်္ဂလန်တို့ ရင်တထိတ်ထိတ် ဖြစ်ခဲ့ရသေးပေမယ့်၊ လူစားဝင်လာတဲ့ ဘယ်လင်ဟမ်က အနိုင်သေချာစေမယ့် ဆဌမမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ ၁၄ နှစ်ကြာ ပြင်သစ် လက်ရွေးစင် နည်းပြဘဝဟာ ရှုံးနိမ့်မှုနဲ့ အတူ အဆုံးသတ်သွားခဲ့ရပါတယ်။

၁၉၆၆ ဗိုလ်လုပွဲတုန်းက ဂျက်ဟတ်စ်တ် ပြီးရင် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယမြောက် အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။
အပြန်အလှန် သွင်းဂိုး အများဆုံး ဖြစ်ခဲ့တဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲ

နှစ်သင်းပေါင်း ၁၀ ဂိုး အထိ ရှိခဲ့တဲ့ စံချိန်တင် ဂိုးသွင်းပွဲဟာ ပွဲစပြီး ၃ မိနစ်မှာတင် စတင်ခဲ့တာပါ။ ဒီဆီရီ ဒူယေးရဲ့ အမှား ဖန်တီးမှုကို ရိုက်စ်က ဖြတ်လုပြီး အဝေးကနေ ဂိုးပေါက်ထဲကို ပြင်းပြင်းထန်ထန် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်မှူး ရာယန် ချာကီရဲ့ ကန်ချက်ကို အင်္ဂလန် အရန် ဂိုးသမား ဒင်းန် ဟန်ဒါဆန် ကာကွယ်နိုင်ခဲ့ပေမယ့် ပြင်သစ် ခံစစ် ကတော့ ကစဉ်ကလျား ဖြစ်နေခဲ့ပါတယ်။ ဆာကာရဲ့ သွင်းဂိုး တစ်ဂိုးကို လူကျွံနေလို့သာ ပြင်သစ်တို့ သက်သာရာရခဲ့တာပါ။

အဲ့ဒီနောက် အလားတူ တိုက်စစ်ဆင်မှု ကနေ ဆာကာ ကန်လိုက်တဲ့ ဘောလုံး လမ်းကြောင်းပြောင်းပြီး ထွက်သွားရာ ကနေ ရတဲ့ ထောင့်ကန်ဘောကို ရိုက်စ်က ကန်တင်ပေးခဲ့ပြီး ကွန်ဆာက ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ အင်္ဂလန်ရဲ့ တိုက်စစ်က ဒီလောက်နဲ့တင် မရပ်တန့်ခဲ့ပါဘူး။ ပွဲချိန် ၃၇ မိနစ်မှာ ပြင်သစ် ခံစစ် လေးလံနေတုန်း မားကပ်စ် ရက်ရှ်ဖို့ဒ်က ကွင်းလယ် ကနေ တစ်ကိုယ်တော် ဆွဲပြေးပြီး ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်နဲ့ တစ်ဦးချင်း တွေ့ရာမှာ ပထမအကြိမ် ပုတ်ထုတ်ခံခဲ့ရပေမယ့်၊ ပြန်လည် ရရှိတဲ့ ဘောလုံးကို ဆာကာဆီ ဖန်တီးပေးပြီး တတိယဂိုး သွင်းယူစေခဲ့ပါတယ်။ ပထမပိုင်း အချိန်ပိုမှာတော့ အီဘီရီချီ အက်ဇေးရဲ့ လှပတဲ့ ဖန်တီးပေးမှု ကနေ ဆာကာ ကပဲ အင်္ဂလန် အတွက် စတုတ္ထမြောက်ဂိုးကို သေသပ်စွာ ကန်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ပြင်သစ် နည်းပြ ဒက်စ်ရွှမ့်စ်က ၄ ယောက် အထိ လူစားလဲပြီး တုံ့ပြန်ခဲ့ပါတယ်။ အမ်ဘာပေးဟာ ပွဲချိန် ၄၈ မိနစ်မှာ ဘယ်ခြေနဲ့ ကန်သွင်းပြီး မက်ဆီရဲ့ စံချိန်ကို လိုက်မှီခဲ့သလို ၂၀၂၆ ရွှေဖိနပ်ဆု အပြေးပြိုင်ပွဲ မှာလည်း ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။ ၆ မိနစ် အကြာမှာ ဘာကိုလာက ဂိုးသွင်းယူပေးခဲ့လို့ ပြင်သစ်တို့ မျှော်လင့်ချက် ပြန်ရှင်လာခဲ့ပြီး၊ ပွဲချိန် ၆၆ မိနစ်မှာ မိုက်ကယ် အိုလီဆေးရဲ့ ဖန်တီးပေးမှု ကနေ အမ်ဘာပေးက သူ့ရဲ့ ကမ္ဘာ့ဖလား ၂၂ ဂိုးမြောက် စံချိန်တင် ဂိုးကို သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် အိုလီဆေး အနေနဲ့ ပြင်သစ် အတွက် ချေပဂိုး ရမယ့် အခွင့်အရေးကောင်း နှစ်ကြိမ်တိုင်တိုင် ဖြုန်းတီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဂျက်ပ် စပန့်စ်ကို မာလို ဂူစတိုက ဖျက်ထုတ်ခဲ့လို့ ရရှိတဲ့ ပင်နယ်တီကို ဆာကာက အမှားအယွင်း မရှိ ကန်သွင်းပြီး ဟက်ထရစ် ရယူခဲ့ပါတယ်။

ဒမ်ဘီလီက ပြင်သစ် အတွက် အချိန်ပို ဆွဲဆန့်ဖို့ မျှော်လင့်ချက်ဂိုး သွင်းပေးခဲ့ပေမယ့်လည်း ဘယ်လင်ဟမ်ရဲ့ တစ်ကိုယ်တော် အားထုတ်မှုနဲ့ အတူ သွင်းယူခဲ့တဲ့ ဂိုးကြောင့် အင်္ဂလန်တို့ ကြေးတံဆိပ်ဆုကို သေချာပေါက် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ အမ်ဘာပေး တစ်ယောက် မက်ဆီကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဆာကာ ကတော့ ပွဲကို စိုးမိုးသွားခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ပွဲတုန်းက တူချယ်ရဲ့ ခံစစ် ၅ ယောက်တန်း ဗျူဟာဟာ ဝေဖန်စရာ ဖြစ်ခဲ့ပေမယ့်၊ အခုပွဲမှာ လူ ၇ ယောက် အထိ ပြောင်းလဲ ပွဲထုတ်ခဲ့တဲ့ အင်္ဂလန် အသင်းဟာ ပထမပိုင်းမှာတင် ပြင်သစ်ကို အကောင်းဆုံး ဒူးထောက်စေခဲ့ပါတယ်။

ရိုက်စ်ဟာ ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့လို့ ကမ္ဘာ့ဖလား ပွဲစဉ် တစ်ခုတည်းမှာ အခုလို စံချိန်ရတဲ့ ၆ ယောက်မြောက် အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အမ်ဘာပေးရဲ့ သွင်းဂိုး ၂ ဂိုးဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် မက်ဆီထက် ၁ ဂိုးအသာ (၂၂ ဂိုး-၂၁ ဂိုး) နဲ့ ဦးဆောင်နိုင်ခဲ့ပြီး၊ သွင်းဂိုး ၁၀ ဂိုးနဲ့ ၁၉၇၀ တုန်းက ဂတ်မူလာ နောက်ပိုင်း ပြိုင်ပွဲ တစ်ခုတည်းမှာ ဂဏန်း နှစ်လုံးနဲ့ အထက် သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ါပေမယ့် ဒီပွဲရဲ့ အဓိက သူရဲကောင်း ကတော့ ဟက်ထရစ်ရှင် ဆာကာ ဖြစ်ပြီး၊ ၁၉၆၆ ဗိုလ်လုပွဲတုန်းက ဂျက်ဟတ်စ်တ် ပြီးရင် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယမြောက် အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။ သမိုင်းသစ် ရေးထိုးနိုင်ခဲ့တဲ့ အထဲမှာ ကမ္ဘာ့ဖလားနဲ့ ယူရို ပြိုင်ပွဲ သမိုင်းတစ်လျှောက် အင်္ဂလန် အတွက် ဂိုးအများဆုံး (၇ ဂိုး) သွင်းပေးနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်လည်း အပါအဝင် ဖြစ်ခဲ့ပြီး အင်္ဂလန် အတွက် အောင်ပွဲကို အချိုပေါ် သကာလောင်းပေးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်