နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီကြို ပထမဆုံး နိုင်ပွဲ ရရှိခဲ့ပေမယ့် ဂျူဗင်တပ်စ် အသင်း တိုးတက်အောင် ဆက်လုပ် ကြိုးစားသွားဖို့ စပယ်လက်တီ တိုက်တွန်း | ခြေစမ်းပွဲ

ရာသီကြို ခြေစမ်းပွဲ ပထမပွဲစဉ်မှာ သရေကျခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ စတန်းဒက် လီဂျီ ကိုတော့ ၁-၀ နဲ့ အနိုင်ယူပြီး ပထမဆုံး အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒီခြေစမ်းပွဲ အပြီး မှာတော့ နည်းပြ လူစီယာနို စပယ်လက်တီက အသင်း အနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူက ဂျူဗီ အနေနဲ့ တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားရမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ခြေစမ်းပွဲမှာ ဘေဆယ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ စနေနေ့က စတန်းဒက် လီဂျီရဲ့ ကွင်းမှာ ကစားခဲ့တဲ့ပွဲ မှာတော့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာပါ။ အပြန်အလှန် အကဲစမ်းခဲ့တဲ့ ဒီပွဲရဲ့ ပထမပိုင်း မှာတော့ ဂိုးပေါက် တည့်မှု ၁ ကြိမ်ပဲ ရှိခဲ့ပြီး ပွဲစလို့ ၄ မိနစ်မှာတင် ဗာစီလီယီ အက်ဒ်ဇစ် က ဂိုးကန်သွင်းခဲ့ပေမယ့်လည်း စတန်းဒက် လီဂျီ ဂိုးသမား မက်သယူ အီပိုလို က ကာကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း စတင်ပြီး ၁၀ မိနစ်မှာတော့ မီရက်တီ က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အန်ဒရီယာ ကမ်ဘီယာဆိုက ပြစ်ဒဏ်ဘောကို အသာအယာ တို့ပေးလိုက်ရာ ကနေ လူစားဝင် ကစားသမား မီရက်တီက ပယ်နယ်တီ ဧရိယာ အစပ်ကနေ အားပါပါ ကန်ပြီး ဆယ်ပြားစေ့ထောင့်ထဲ သွင်းယူခဲ့တာပါ။

စတန်းဒက် လီဂျီ ဘက်ကလည်း ချေပဂိုး ရဖို့ အခွင့်အရေး တချို့ ရရှိခဲ့ပြီး ရာယန် တူးဇ်ဂါ ရဲ့ ကန်ချက်ကို ပီယာ ကာလူလူက ကာကွယ်သွားခဲ့သလို၊ ပွဲပြီးခါနီး ဘားနဒ် အင်ဂွီးနီရဲ့ အန္တရာယ်ရှိ ကန်ချက် ကိုလည်း ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ တခြား တစ်ဖက် မှာလည်း ဂျူဗင်တပ်စ် လူငယ် ကစားသမား ဂျက်စတင် အိုဘိုအက်ဗိုဒူရဲ့ ဂိုးကန်ချက် ငြင်းပယ်ခံခဲ့ရပေမယ့် ဂျူဗင်တပ်စ်တို့ ကတော့ အနိုင်ရလဒ်ကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

ပွဲအပြီး မှာတော့ စပယ်လက်တီက “ကစားသမားတွေ လေ့ကျင့်ရေး သေချာဆင်းထားကြသလို ပွဲကိုလည်း ကောင်းကောင်း ကစားသွားနိုင်ခဲ့ကြပါတယ်။ ပထမပိုင်းတုန်းကတော့ နည်းနည်း လေးနေပြီး လိုအပ်တဲ့ ကစားကွက် စည်းဝါးနဲ့ နေရာလွတ်တွေကို ရှာမတွေ့ခဲ့ပါဘူး။ ခံစစ်ပိုင်း မှာတော့ ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ကြပါတယ်။ ဂတ်တီ နဲ့ ကယ်လီ တို့ ခြေစွမ်းပြခဲ့ကြတယ်။ ဒုတိယပိုင်း မှာတော့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။”

ဒီခြေစမ်းပွဲ အပြီး မှာတော့ နည်းပြ လူစီယာနို စပယ်လက်တီက အသင်း အနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဂျူဗင်တပ်စ်က လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယုံကြည်နေတဲ့ နည်းပြ စပယ်လက်တီ

“ကျွန်တော်တို့ ဆက်တိုက် တိုးတက်နေဖို့ လိုပါတယ်။ ပြိုင်ပွဲကြီးတွေက စတင်နေပြီ ဖြစ်သလို တခြား အသင်းတွေ ကလည်း အမြဲတမ်း တိုးတက်အောင် ကြိုးစားနေကြတာပါ။ အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်ပေမယ့် ပြင်ဆင်စရာတွေတော့ ရှိနေပါသေးတယ်။ ကမ္ဘာ့ဖလား ပွဲမှာ တာဝန် ထမ်းဆောင်ခဲ့ရတဲ့ အဓိက ကစားသမားတွေကို ပြန်လည် ကြိုဆိုဖို့ အခွင့်အရေးလည်း ရှိပါသေးတယ်။”

“လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့် ပေးရပါမယ်။ ကျွန်တော် တို့နဲ့ ပါလာတဲ့ ကစားသမားတွေကို ကွင်းထဲ ထည့်ကစားပေးခဲ့ပါတယ်။ သူတို့ကို ထည့်သွင်း စဉ်းစားထားတာ အကွက်ကောင်း တစ်ခုပါပဲ။ ဒါပေမယ့် ထိပ်တန်း အဆင့်မှာ လိုအပ်တဲ့ အရည်အသွေးကို သက်သေပြဖို့ ကတော့ သူတို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်” လို့ သုံးသပ်သွားခဲ့ပါတယ်။

ဒီပွဲမှာ ဂျူဗင်တပ်စ်နဲ့ အတူ ပါဝင်မလာခဲ့တဲ့ ကစားသမား တစ်ယောက် ကတော့ တိုက်စစ်မှူး လို့စ် အိုပင်ဒါ ဖြစ်ပါတယ်။ သူဟာ ၂၀၂၆-၂၇ ရာသီမှာ လိုင်ယွန် အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အိုပင်ဒါဟာ ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားပေးခဲ့ပြီး ပွဲထွက်ချိန် စုစုပေါင်း ၉၉၇ မိနစ် အတွင်း ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အပြီးသတ် ဝယ်ယူရမယ် ဆိုတဲ့ စာချုပ်မျိုးနဲ့ ဂျူဗင်တပ်စ်ဆီ အငှား ရောက်ရှိလာခဲ့တာဖြစ်ပြီး၊ အပြီးသတ် ဝယ်ယူမှု အကောင်အထည် ပေါ်လာခဲ့ပေမယ့် အခုအခါမှာတော့ ပြင်သစ် လီဂူးဝမ်း ကလပ်ဆီ ပြန်လည် ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။

“ရှေ့ဆက်သွားရမယ့် သူ့ရဲ့ စွန့်စားခန်း အသစ်မှာ အိုပင်ဒါ တစ်ယောက် အလှပဆုံး အောင်မြင်မှုတွေ ရရှိပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်ပါတယ်” လို့ စပယ်လက်တီက အိုပင်ဒါ ထွက်ခွာမယ့် အကြောင်းကို အတည်ပြု ပြောကြားခဲ့ပါတယ်။ “သူဟာ ကြိုးစားတဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်သလို အံ့ဩစရာကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့ သူ့ကို အကောင်းဆုံး ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ ဘက်က သူ့ရဲ့ အရည်အသွေးကို အပြည့်အဝ အသုံးမချနိုင်ခဲ့ပါဘူး” လို့ နည်းပြကြီးက ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်