ဘရာဇီးလ် သောမတ်စ် တူချယ် ကတော့ အင်္ဂလန် အသင်း အနေနဲ့ နှစ်ပေါင်း ၆၀ ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အပြည့်အဝ ယုံကြည်မှုနဲ့ စိတ်လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။
အင်္ဂလန် အသင်းဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း ကတည်းက ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြချုပ် သောမတ်စ် တူချယ် ကတော့ သူတို့ရဲ့ ဆယ်စုနှစ် ၆ ခုနီးပါး ကြာမြင့်ခဲ့တဲ့ ဖလားငတ်မွတ်မှုကို ဒီနွေရာသီမှာ အဆုံးသတ်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။
လက်ရှိမှာ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် ၈ ပွဲ စလုံးကို အနိုင်ရရှိကာ အဟုန်ကောင်းကောင်းနဲ့ ပြိုင်ပွဲဆီ ချင်းနင်း ဝင်ရောက်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ “ ခြင်္သေ့ သုံးကောင်” အသင်းဟာ ခြေစစ်ပွဲ တစ်လျှောက်လုံးမှာ ပေးဂိုး တစ်ဂိုးမှ မရှိခဲ့ဘဲ ဥရောပဇုန် ခြေစစ်ပွဲတွေမှာ ပေးဂိုးမရှိတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်ရဲ့ ခွင့်ပြုခဲ့ရတဲ့ မျှော်မှန်းဂိုး (xG) ၂.၁ ဟာလည်း ဥရောပ အသင်း အားလုံးထဲမှာ အကောင်းဆုံး ခံစစ် စွမ်းဆောင်ရည် ဖြစ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ အင်္ဂလန် အတွက် ၁၇ ကြိမ်မြောက် ကမ္ဘာ့ဖလား အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်သလို၊ သူတို့ရဲ့ သမိုင်းတစ်လျှောက် အရှည်ကြာဆုံး အဆက်မပြတ် ဝင်ခွင့် ရမှု အဖြစ် (၈) ကြိမ် ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခြင်းလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နည်းပြ တူချယ်က ဆဗင်-ဂိုရန် အဲရစ်ဆင် (၂၀၀၂၊ ၂၀၀၆) နဲ့ ဖေဘီယို ကာပယ်လို (၂၀၁၀) တို့နောက်ပိုင်း အင်္ဂလန် အသင်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဦးဆောင်ခွင့် ရတဲ့ တတိယမြောက် နိုင်ငံခြားသား နည်းပြ ဖြစ်လာတော့မှာပါ။
အင်္ဂလန် အသင်းဟာ ဇွန် ၁၇ ရက်နေ့မှာ ကစားမယ့် ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် မတိုင်ခင် ခြေစမ်းပွဲ (၂) ပွဲ အဖြစ် နယူးဇီလန်၊ ကော်စတာရီကာ တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ဖလား အုပ်စု (L) မှာ ဂါနာ၊ ပနားမား တို့နဲ့လည်း ကျရောက်နေပြီး တူချယ် ကတော့ အကောင်းမြင်စိတ်တွေ အပြည့် ရှိနေပါတယ်။

တူချယ်က Sky Sports News ကို အခုလို ပြောကြားခဲ့ပါတယ်။ “ဖလော်ရီဒါမှာ အသင်းကို ပြန်လည် စုစည်းဖို့ အတွက် ပွဲစဉ်တွေကို ပြန်သုံးသပ်၊ လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ အစည်းအဝေးတွေကို ပြင်ဆင်နေချိန်မှာ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ အရာတွေ ထဲက ကစားသမားတွေရဲ့ အရည်အသွေးကောင်း အများကြီးကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကပဲ ကျွန်တော် တို့ကို ဒီပြိုင်ပွဲမှာ ခရီးဝေးကြီး သွားနိုင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ စိတ်လှုပ်ရှားမှုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့တာပါ။”
“အဲဒီနောက် ကစားသမားတွေဆီ အပြုသဘောဆောင်တဲ့ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အခါ သူတို့ရဲ့ တုံ့ပြန်ပုံတွေအရ ကျွန်တော်တို့ အကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု ရှိနေပြီ ဆိုတာ သိလိုက်ရပါတယ်။ ဒါက ကစားသမားတွေ အနေနဲ့ အသင်း အပေါ် ဘယ်လောက်အထိ အလေးအနက်ထားလဲ ဆိုတာကို ပြသနေတာပါ။ လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ ကစားသမားတွေ ဆီကနေတောင် လှပပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့ပြီး သူတို့က ကျွန်တော် တို့ကို ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။”
“သူတို့ရဲ့ တုံ့ပြန်ပုံတွေက ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဆိုတာ သက်သေပြနေပြီး ဒါက ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ အရမ်းစိတ်လှုပ်ရှားစေပါတယ်။ ကျွန်တော် လေယာဉ်ပေါ် တက်ဖို့ မစောင့်နိုင်တော့ပါဘူး။ လေယာဉ်ပေါ်ကနေ နောက်ကို လှည့်ကြည့်လိုက်ရင် ကျွန်တော့် နောက်ကွယ်မှာ အသင်း တစ်သင်းလုံး ရှိနေမှာ ဖြစ်ပြီး ဖလော်ရီဒါကို ရောက်တာနဲ့ ကျွန်တော် အနှစ်သက်ဆုံး အလုပ်ဖြစ်တဲ့ နည်းပြ တစ်ယောက် အဖြစ် တာဝန်တွေကို အကောင်းဆုံး စတင်ချင်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


