နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

တူချယ်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ အိုင်ဗန် တိုနေးကို ရွေးချယ်ခဲ့တာက စွန့်စားရကျိုးနပ်တဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်လာမှာလား

တူချယ်ရဲ့ ကမ္ဘာ့ဖလား အတွက် အင်္ဂလန် လူစာရင်း ထွက်ပေါ်လာချိန်မှာ ဝေဖန် ဆွေးနွေးစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ထရန့် အလက်ဇန္ဒား-အာနိုးနဲ့ ဖီးလ် ဖိုဒန်တို့ ချန်လှပ်ခံရမယ်လို့ ကြိုတင် ခန့်မှန်းထားကြပေမယ့် ကိုးလ် ပါးလ်မားနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ ပါမလာတာ ကတော့ တော်တော်လေး အံ့ဩစရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အသက် ၃၅ နှစ်အရွယ် ဂျော်ဒန် ဟန်ဒါဆန် ပါဝင်လာမှု အပေါ် မှာလည်း အများစုက မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

ဒီအထဲမှာ အိုင်ဗန် တိုနေး ပါဝင်လာတာ ကလည်း အံ့ဩစရာတစ်ခုပါပဲ။ ဘရန့်ဖို့ဒ် တိုက်စစ်မှူးဟောင်း တိုနေးဟာ “မျက်စိအောက်က ပျောက်ရင် စိတ်ထဲကပါမေ့” ဆိုသလိုပဲ ပြီးခဲ့တဲ့ နှစ်ရာသီလုံးကို ဆော်ဒီပရိုလိဂ်မှာ ကုန်ဆုံးခဲ့တာပါ။ အဲလ် အာလီကို ပြောင်းရွှေ့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ပိုင်းမှာ နိုင်ငံ အသင်းကြီးရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်မလာနိုင်တော့ဘူးလို့ အများစုက ယူဆခဲ့ကြပါတယ်။

တကယ်လည်း တိုနေးဟာ ယူရို ၂၀၂၄ နောက်ပိုင်း အင်္ဂလန် အသင်းမှာ ပုံမှန် နေရာ မရဘဲ ဖြစ်နေခဲ့တာပါ။ ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲတုန်းက ဂါရတ်သ် ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က တူချယ်ရဲ့ ပထမဆုံး အကြိမ် ပြန်လည် ခေါ်ယူမှုမှာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်း ကနေ လုံးဝချန်လှပ်ခံရတော့မယ့် အခြေအနေမျိုး ရှိခဲ့ပါတယ်။

တူချယ် ကိုယ်တိုင် ဝန်ခံခဲ့တာ ကတော့ ပြီးခဲ့တဲ့ ဇွန်လက အင်ဒိုရာ၊ ဆီနီဂေါ တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ် နှစ်ပွဲ အတွက် အင်္ဂလန် အသင်းမှာ တိုနေးကို ခေါ်ယူခဲ့စဉ်က သူ့အနေနဲ့ ကောင်းမွန်တဲ့ အထင်အမြင်မျိုး မပေးနိုင်ခဲ့ပါဘူး။ ဂျာမန် နည်းပြက “ဇွန်လ အသင်းစုဖွဲ့မှု အပေါ် ကျွန်တော် မကျေနပ်ခဲ့ဘူး။ ဒါကို သူလည်း သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြန်လည် ညှိနှိုင်းခဲ့ရတယ်။ ဒါဟာ သူ့ကို နောက်တစ်ကြိမ် ပြန်ခေါ်ဖို့ စဉ်းစားနိုင်မယ့် ပထမဆုံးခြေလှမ်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကျွန်တော် တကယ် မကျေနပ်ခဲ့လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီ ဆော်ဒီအာရေဗျ မှာတော့ တိုနေးဟာ ဂိုးသွင်းစက် တစ်လုံးလို ဖြစ်နေခဲ့ပါတယ်။ သူဟာ ပွဲထွက် ကစားသမား အဖြစ် ၃၁ ပွဲမှာ ၃၂ ဂိုး အထိ သွင်းယူပြီး ဆော်ဒီပရိုလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ခရစ်စတီယာနို ရော်နယ်ဒို၊ ကာရင်မ် ဘန်ဇီမာနဲ့ ဆာဒီယို မာနေး တို့လို ကစားသမားတွေတောင် ဘရန့်ဖို့ဒ် တိုက်စစ်မှူးဟောင်း ချမှတ်ထားတဲ့ စံနှုန်းကို မမီဘဲ လျှော့ပါးသွားခဲ့ရပါတယ်။

အသင်းရဲ့ အထောင် တိုက်စစ်မှူး တစ်ယောက် အနေနဲ့ တိုနေးဟာ လာမယ့် နွေရာသီ ကမ္ဘာ့ဖလားမှာ အင်္ဂလန် အတွက် အသုံးဝင်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်လာနိုင်ပါတယ်။ ယူရို ၂၀၂၄ တုန်း ကလည်း ဆလိုဗက်ကီးယားနဲ့ ကစားခဲ့တဲ့ ၁၆ သင်း အဆင့် ပွဲစဉ်မှာ လူစားဝင်လာပြီး ပွဲအဖြေကို ပြောင်းလဲပေးနိုင်ခဲ့တာ အားလုံး အသိပါပဲ။ အဲဒီတုန်းက တိုနေးသာ မရှိခဲ့ရင် အင်္ဂလန်ဟာ ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာသွားခဲ့ရနိုင်ပါတယ်။

ပြိုင်ပွဲကြီးတွေရဲ့ ရလဒ်ဟာ အရေးကြီးတဲ့ အခိုက်အတန့်လေးတွေပေါ်မှာ မူတည်လေ့ရှိပြီး တိုနေးဟာ အဲဒီလို အခိုက်အတန့်တွေကို အသုံးချနိုင်တဲ့ ကစားသမားမျိုးပါ။ သူဟာ ဆော်ဒီပရိုလိဂ်မှာ သူ့ရဲ့ ဂိုးသွင်းဗီဇကို ထက်မြက်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီး တူချယ် အနေနဲ့ ပွဲကစားကွက် အခြေအနေကို ပြောင်းလဲဖို့ လိုအပ်လာတဲ့ အချိန်မျိုးမှာ တန်ဖိုးရှိတဲ့ ကစားသမား တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ အရေးပေါ်အခြေအနေမှ သုံးရန် ဆိုတဲ့ ကစားသမားမျိုး အဖြစ် တိုနေးကို ကမ္ဘာ့ဖလား ခေါ်သွားတာက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။

တိုနေးကို ကမ္ဘာ့ဖလား အတွက် ရွေးချယ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တူချယ်က အခုလို ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်တို့ မတူညီတဲ့ ပွဲကစားကွက် အခြေအနေတွေ အကြောင်း စဉ်းစားခဲ့ကြတယ်။ ပွဲပြီးဖို့ ၁၅ မိနစ်၊ ၁၀ မိနစ် ဒါမှမဟုတ် အချိန်ပိုပဲ လိုတော့တဲ့ အချိန်မှာ ၁ ဂိုးနဲ့ ရှုံးနေပြီး ဂိုးရဖို့ တိုက်စစ်ဆင်ရမယ်၊ ပြိုင်ဘက် ဂိုးဧရိယာထဲကို ဘောလုံးတွေ အပြတ်ဖြတ် တင်ပေးရတော့မယ် ဆိုရင် ဘယ်လို အကောင်းဆုံး အခင်းအကျင်းမျိုး ဖြစ်မလဲ ဆိုတာ ဆွေးနွေးခဲ့ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ သူ့နာမည်က အမြဲတမ်း ထွက်လာပါတယ်။ ဘာလို့လဲ ဆိုတော့ သူက ကွင်းထဲမှာ ရှိနေရုံနဲ့တင် ပြိုင်ဘက်ကို ဖိအားပေးနိုင်တဲ့ အင်အား ရှိလို့ပါ။ ဟယ်ရီကိန်း ကလည်း တိုနေးနဲ့ အတူ တွဲကစားရတာ သဘောကျတယ်။ ဘာလို့လဲ ဆိုတော့ တိုနေးက ပြိုင်ဘက်တွေရဲ့ အာရုံစိုက်မှုကို ဆွဲယူပေးနိုင်တယ်လို့ ကိန်းက ယူဆလို့ပါ။ သူက ဟယ်ရီ ထက်တောင် ပိုပြီး ရှေးရိုးစွဲ တိုက်စစ်မှူး စစ်စစ် ပုံစံမျိုး ဖြစ်နေပါတယ်။”

တိုနေးကို ကမ္ဘာ့ဖလား အတွက် ရွေးချယ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တူချယ်က အခုလို ရှင်းပြခဲ့ပါတယ်။
တိုနေးကို ဘာကြောင့် ရွေးချယ်ခဲ့သလဲ ဆိုတာ ရှင်းပြလာတဲ့ တူချယ်

“ဒါကြောင့် ဂိုးဧရိယာထဲ ဘောလုံး ပြန်ကန်ထွက်လာတဲ့ အချိန်မျိုးမှာ သူ့ဆီ ဘောလုံးကျသွားဖို့ လိုလားသလား ဆိုရင်တော့ ဟုတ်ပါတယ်၊ သေချာပေါက်ပါပဲ။ သူ့ရဲ့ ရှိနေမှုက တခြား တိုက်စစ်မှူးတွေ အပေါ် ကျရောက်နေတဲ့ ပြိုင်ဘက်တွေရဲ့ အာရုံစိုက်မှုကို လျှော့ချပေးနိုင်ပါသလား။ ဟုတ်ပါတယ်၊ သူက ကျွန်တော်တို့ လိုချင်တဲ့ အချက်တွေ အများကြီးနဲ့ ကိုက်ညီနေပါတယ်” လို့ တူချယ်က ဆိုပါတယ်။

တူချယ်ဟာ အသေအချာ လေ့လာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး၊ တိုနေးရဲ့ ကစားသမားဘဝနဲ့ စရိုက်လက္ခဏာပိုင်း ဆိုင်ရာ အချက်အလက်တွေ အတွက် အဲလ်-အာလီ နည်းပြ မာသီးယပ်စ် ဂျိုက်စ်လီ ဆီကနေ အကြံဉာဏ်တွေ ရယူခဲ့တယ်လို့ သိရပါတယ်။ သူ့ကို ခေါ်ယူခဲ့တာဟာ ပေါ့ပေါ့တန်တန် ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ အင်္ဂလန်ရဲ့ တောက်ပြောင်တဲ့ ကစားသမား အင်အားကြောင့် ရွေးချယ်စရာတွေ အများကြီးရှိနေတဲ့ ကြားက တူချယ်ဟာ သူ့ရဲ့ ၂၆ ယောက်ပါ လူစာရင်း အတွက် အဘက်ဘက်ကနေ သေချာစဉ်းစားခဲ့တာ ဖြစ်ပါတယ်။

အတိတ်တုန်းက အင်္ဂလန် နည်းပြတွေဟာ ပြိုင်ပွဲကြီးတွေမှာ ကစားသမားတွေ ဘယ်လို အချိတ်အဆက်မိမိ ကစားမလဲ ဆိုတာကို ထည့်မတွက်ဘဲ လက်ရှိ အကောင်းဆုံး ကစားသမားတွေ ကိုပဲ စုပြုံရွေးချယ်တတ်တဲ့ အမှားမျိုး လုပ်ခဲ့ကြပါတယ်။ တူချယ်ဟာ ထိပ်တန်း ခြေစွမ်းပြနေတဲ့ ကစားသမား အများအပြားကို ချန်လှပ်ခဲ့ပြီး စွန့်စားမှု တစ်ခု ပြုလုပ်ခဲ့ပေမယ့် အင်္ဂလန်ကို အစုအဖွဲ့လိုက် ပိုမိုတိုးတက်လာစေဖို့ အတွက် ဂျာမန် နည်းပြကြီးဟာ သူ့ရဲ့ လုပ်ငန်းစဉ်အတိုင်း သေချာ အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒေါမနစ် ကဲလ်ဗက် လီဝင်း အနေနဲ့ လိဒ်စ်ယူနိုက်တက် အတွက် ၁၄ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ သူ့ရဲ့ ရာသီပိတ် ခြေစွမ်းက ကမ္ဘာ့ဖလား သွားမယ့် လေယာဉ်ပေါ်ပါဖို့ မလုံလောက်ခဲ့တဲ့ အပေါ် စိတ်ပျက်မိနိုင်ပါတယ်။ Opta ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့် ၄၂ သာ ရှိတဲ့ လိဂ်တစ်ခုမှာ ကစားနေတဲ့ တိုနေးနဲ့ ယှဉ်ရင် ကဲလ်ဗတ် လီဝင်းက ပိုမိုပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်မှာ ကစားနေတာ ဖြစ်ပါတယ်။

ဒန်နီ ဝဲလ်ဘက်ခ် ကလည်း အင်္ဂလန် အတွက် တစ်ခုခု စွမ်းဆောင်ပေးနိုင်မယ့် ပရီးမီးယားလိဂ် တိုက်စစ်မှူး တစ်ယောက် ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ခ်ဟာ ဒီရာသီ ဘရိုက်တန် အတွက် ၁၃ ဂိုး သွင်းယူပေးခဲ့ပြီး အင်္ဂလန် အသင်းနဲ့ အတူ ပြိုင်ပွဲကြီးတွေ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံလည်း ရှိပါတယ်။

ဒါပေမယ့် တိုနေး ကတော့ အသင်း အတွက် မတူညီတဲ့ ကစားကွက် ပုံစံ တစ်ခုကို ပေးစွမ်းနိုင်စွမ်း ရှိတယ် ဆိုတာ သက်သေပြခဲ့ပြီးသားပါ။ တူချယ်ဟာ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ အထင်အမြင် လွဲမှားမှုတွေ ရှိခဲ့ပေမယ့် ဒါကို ပြန်လည် ပြင်ဆင်ပြီး အသင်းဆီ ခေါ်ယူဖို့ လုံလောက်တဲ့ ယုံကြည်မှုမျိုး ရှိခဲ့ပါတယ်။ တိုနေးကို ချန်လှပ်ထားခဲ့ဖို့က ပိုလွယ်ကူပေမယ့် အဲလ်-အာလီ တိုက်စစ်မှူးဟာ အရေးအကြီးဆုံး အချိန်မျိုးမှာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့် ကစားသမား တစ်ယောက် ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်