နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ခြေစွမ်းပြ ကြယ်ပွင့် ကစားသမား (၁၀) ဦး

ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆိုတာ အမြဲတမ်း ကစားသမား တစ်ယောက်ရဲ့ ကစားသမား ဘဝကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ အကြီးမားဆုံး စင်မြင့် တစ်ခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ နာမည်ကြီး ထိပ်တန်း ကြယ်ပွင့်တွေ ဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒို၊ ကီလီယန် အမ်ဘာပေးနဲ့ ၂၀၂၆ မှာ ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ဝင်ရောက် ကစားခွင့် ရရှိခဲ့တဲ့ အာလင်း ဟာလန်း တို့ပဲ နာမည်ကြီးပြီး ပရိသတ် အကြိုက်တွေ့ခဲ့တာ မဟုတ်ပါဘူး။

ကမ္ဘာ့ဖလားရဲ့ အနှစ်သာရ နောက်ကွယ်မှာ ပြိုင်ပွဲမစမီက နာမည်မကြီးခဲ့ပေမယ့် ပြိုင်ပွဲ အပြီး မှာတော့ ကမ္ဘာလုံးဆိုင်ရာ ထင်ပေါ်ကျော်ကြားမှုနဲ့ အတူ သမိုင်းသစ် ရေးထိုးသွားခဲ့ကြတဲ့ ကစားသမားတွေရဲ့ ပုံပြင်တွေလည်း ရှိနေပါတယ်။ ဒါကြောင့် အခု တစ်ခါမှာတော့ ဒီနွေရာသီ ပြိုင်ပွဲမှာ သက်ဆိုင်ရာ နိုင်ငံ အသင်း အောင်မြင်မှု ရရှိအောင် ကစားရင်း ကမ္ဘာ့အဆင့် ကစားသမားတွေ အဖြစ် နာမည်ကြီးသွားခဲ့ကြတဲ့ ထူးချွန်သူ ၁၀ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ဗိုဇင်ညာ (ကိပ်ဗာဒီ)

အသက် ၄၀ အရွယ်မှ ကြယ်ပွင့်သစ် အဖြစ် တောက်ပခွင့်ရတာမျိုး ရှိနိုင်တယ်ဆိုရင် ဒါဟာ ဂိုးသမား ဗိုဇင်ညာ ပါပဲ။ ပေါ်တူဂီ ဒုတိယတန်းမှာ ၂ ရာသီကြာ ကစားခဲ့ဖူးပြီး ပင်မ ဘောလုံးလောကနဲ့ ဝေးကွာနေခဲ့တဲ့ ကိပ်ဗာဒီ ဂိုးသမားဟာ အုပ်စု အဖွင့်ပွဲမှာ ချန်ပီယံ စပိန် အသင်းကို ဂိုးမရှိ သရေကျအောင် လက်စွမ်းပြပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဆော်ဒီအာရေဗျနဲ့ ပွဲမှာလည်း ဂိုးမပေးရအောင် ကာကွယ်ခဲ့သလို၊ အုပ်စု ၃၂ သင်းအဆင့် အာဂျင်တီးနားနဲ့ ပွဲမှာလည်း ပင်နယ်တီ ဧရိယာ အတွင်း ကာကွယ်မှု ၈ ကြိမ်အထိ ပြုလုပ်ပြီး အသင်းကို အချိန်ပိုအထိ တောင့်ခံနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ကတော့ လက်ရှိမှာ အင်တာမိုင်ယာမီ အပါအဝင် ကလပ် အသင်း အများအပြားရဲ့ စိတ်ဝင်စားမှု ခံနေရပြီ ဖြစ်ပါတယ်။

 

၂။ တင်မ် ပိန်း (နယူးဇီလန်)

နယူးဇီလန် ကစားသမား တင်းမ် ပိန်း ကတော့ တခြား ကစားသမားတွေနဲ့ နာမည်ကြီးလာပုံခြင်း မတူဘဲ ကွဲပြားပါတယ်။ ကမ္ဘာ့ဖလား စတင်ပြီး မကြာမီမှာပဲ ဝယ်လင်တန် ဖီးနစ် အသင်း ကနေ ပါရာဂွေး ကလပ် အိုလင်းပီးယားဆီ ဒေါ်လာ ၅ သိန်းနီးပါးနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ အသက် ၃၂ နှစ် အရွယ်ရှိ ဒီကစားသမားဟာ အာဂျင်တီးနား အင်ဖလူယန်ဆာ တစ်ဦးရဲ့ ဗီဒီယို ကြောင့် အင်တာနက်ပေါ်မှာ ရုတ်တရက် ရေပန်းစားသွားခဲ့ပြီး တစ်ညတာအတွင်း အင်စတာဂရမ် ဖော်လိုဝါ ၅,၀၀၀ အောက်မှ ၆ သန်း အထိ ခုန်တက်သွားခဲ့ပါတယ်။ DoorDash ရဲ့ ကြော်ငြာမှာလည်း အမေရိကန် ရက်ပါ T-Pain နဲ့ မှားယွင်း Tag လုပ်ခဲ့တဲ့ အမှားလေးက ပရိသတ်တွေကြား ရယ်စရာနဲ့ အထူးရေပန်းစားခဲ့ပါတယ်။

 

၃။ ဂျိုဟန် မန်ဇမ်ဘီ (ဆွစ်ဇာလန်)

ဂျာမန် ကလပ် ဖရိုင်းဘက် နဲ့အတူ ၂၀၂၅-၂၆ ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူ မန်ဇမ်ဘီ ဟာ ကမ္ဘာ့ဖလား မှာလည်း ဆက်လက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပြိုင်ပွဲအပြီးမှာ အက်စတွန်ဗီလာ အသင်းက ပေါင် သန်း ၆၀ နဲ့ ချက်ချင်း ခေါ်ယူခဲ့ပါတယ်။ ဆွစ်ဇာလန် အသင်း အုပ်စု အဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပြီး ၁၉၃၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ရှုံးထွက် ပွဲစဉ် အနိုင်ရရှိအောင် ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ စွမ်းဆောင်ပေးခဲ့သူပါ။ နောက်ပိုင်း ပွဲစဉ်တွေမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တာ ကတော့ အသင်း အတွက် နစ်နာခဲ့ရပါတယ်။

 

၄။ အယွဘ် ဘူအာဒီ (မော်ရိုကို)

ပြင်သစ် နိုင်ငံသား အဖြစ် ကနေ မော်ရိုကို လက်ရွေးစင် အဖြစ် ပြောင်းလဲ ကစားခွင့်ကို ဖီဖာဆီက မေလ ကမှ အတည်ပြုချက် ရရှိခဲ့ပေမယ့် အသက် ၁၈ နှစ် အရွယ် ကွင်းလယ်လူ ဘူအာဒီ ဟာ ခြေစမ်းပွဲတွေ အပြင် ဘရာဇီးလ်နဲ့ ပွဲမှာပါ အံ့ဩစရာ ခြေစွမ်းပြခဲ့ပါတယ်။ ကွင်းတွင်း အမြင်နဲ့ ရင့်ကျက်မှုတွေကြောင့် လူပြောများခဲ့သူ ဖြစ်ပြီး လိုင်လီ အသင်းနဲ့ အတူ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့စဉ်ကတည်းက လူသိများခဲ့သူပါ။ မန်စီးတီး အသင်းက ရိုဒရီ ရဲ့ နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေပြီး လိုင်လီ ကတော့ သူ့ကို ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေး သတ်မှတ်ထားပါတယ်။

 

၅။ အဲလက်စ် ဖရီးမန်း (အမေရိကန်)

အမေရိကန် အားကစား မျိုးရိုး ကနေ ဆင်းသက်လာသူ အဲလက်စ် ဖရီးမန်း ဟာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အမေရိကန် အသင်းရဲ့ အဓိက ညာနောက်ခံလူအဖြစ် ပွဲတိုင်း လိုလို ပါဝင်ခဲ့ပါတယ်။ အော်လန်ဒိုစီးတီး နဲ့အတူ မေဂျာလိဂ်မှာ ခြေစွမ်းပြခဲ့ပြီး ၂၀၂၆ မှာ လာလီဂါ ကလပ် ဗီလာရီးရဲလ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ကာ ဒီကမ္ဘာ့ဖလားမှာ ညာနောက်ခံနေရာမှ ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့ ဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

 

၆။ အစ္စမေးလ် ဆိုင်ဘာရီ (မော်ရိုကို)

ဆွစ်ဇာလန် အသင်း အုပ်စု အဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပြီး ၁၉၃၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ရှုံးထွက် ပွဲစဉ် အနိုင်ရရှိအောင် ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ စွမ်းဆောင်ပေးခဲ့သူပါ။
ဘေယန်မြူးနစ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရတဲ့ အစ္စမေးလ် ဆိုင်ဘာရီ

ဘေယန်မြူးနစ် အသင်းက ကမ္ဘာ့ဖလား မစမီကတည်းက ခေါ်ယူဖို့ ဆွေးနွေးခဲ့တဲ့ မော်ရိုကို တိုက်စစ်မှူး ဆိုင်ဘာရီ ဟာ အုပ်စု ပွဲစဉ်တွေ ဖြစ်တဲ့ ဘရာဇီးလ်၊ စကော့တလန်နဲ့ ဟေတီ တို့နဲ့ ပွဲတွေမှာ ၃ ပွဲဆက် ဂိုးသွင်းယူပြီး အသင်းကို နောက်တစ်ဆင့် တက်ရောက်အောင် ကူညီပေးခဲ့ပါတယ်။ ပီအက်စ်ဗွီ အသင်းက ယူရို သန်း ၅၀ နဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး ကနေဒါနဲ့ ၁၆ သင်း အဆင့် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပြင်သစ်နဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ရတာက မော်ရိုကို တိုက်စစ် အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

 

၇။ ခရစ္စဆန်စီယို ဆမ်းမားဗီးလ် (နယ်သာလန်)

ဝက်စ်ဟမ်း အသင်းမှာ ကစားနေတဲ့ ဆမ်းမားဗီးလ်ဟာ အရင်ကတည်းက ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ မစိမ်းပေမယ့် ၂၀၂၆ မှာမှ နယ်သာလန် လက်ရွေးစင် အဖြစ် ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့သူပါ။ ဂျပန်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အရေးပါတဲ့ ဂိုးကို သွင်းယူခဲ့သလို၊ ဆွီဒင်နဲ့ ပွဲမှာလည်း ၁ ဂိုးသွင်း ၁ ဂိုး ဖန်တီး၊ မော်ရိုကိုနဲ့ ၁၆ သင်းအဆင့် ပွဲစဉ် မှာလည်း သွင်းဂိုး ၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ လက်ရှိမှာ သူ့ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

 

၈။ အန်ဒရီးယက်စ် ရှဲလ်ဒရက်ပ် (နော်ဝေ)

ဘင်ဖီကာ အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမား ရှဲလ်ဒရက်ပ် ဟာ နော်ဝေ အသင်း ကွာတားဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့တဲ့ ခရီးစဉ်မှာ အဓိက အရေးပါသူ ဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်လာပြီး ဟာလန်း ရဲ့ အနိုင်ဂိုး ၂ ဂိုးလုံးကို ဖန်တီးပေးခဲ့သူပါ။ အင်္ဂလန်နဲ့ ကွာတားဖိုင်နယ် ပွဲစဉ် မှာလည်း အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

 

၉။ မာနူ ကိုနေး (ပြင်သစ်)

ရိုးမား အသင်းရဲ့ အသက် ၂၅ နှစ် အရွယ် ကွင်းလယ်လူ မာနူ ကိုနေး ဟာ ပြင်သစ် အသင်းရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ရာဘီယော့တ် နဲ့ ချူအာမေနီ တို့ရဲ့ အရန် ကစားသမား အဖြစ် ပါဝင်ခဲ့ရပေမယ့်၊ ရရှိလာတဲ့ အခွင့်အရေးတွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရှုံးထွက်ပွဲစဉ်တွေ ဖြစ်တဲ့ ပါရာဂွေး၊ မော်ရိုကို နဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ အထိ အဓိက ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

 

၁၀။ ဂျက်ဒ် စပန့်စ် (အင်္ဂလန်)

စပါး အသင်းမှာ ပုံမှန်ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် နည်းပြ သောမတ်စ် တူချယ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရတဲ့ စပန့်စ်ဟာ ဝေဖန်မှုတွေကို အလုပ်နဲ့ သက်သေပြနိုင်ခဲ့ပါတယ်။ အုပ်စု ပွဲစဉ်တွေနဲ့ ရှုံးထွက် ပွဲစဉ်တွေမှာ လက်စွမ်းပြခဲ့ပြီး၊ ဆီမီးဖိုင်နယ် အာဂျင်တီးနားနဲ့ ပွဲစဉ်မှာ အင်္ဂလန် ဦးဆောင်ဂိုး ရရှိပြီးချိန် ဆီမန်ညို ကို ဖျက်ထုတ်ပုံက ပရိသတ်တွေ ရင်ထဲမှာ စွဲကျန်ခဲ့ကာ သူ့ရဲ့ နာမည် ဂုဏ်သတင်းကို ပြန်လည် မြှင့်တင်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်