ဘရာဇီးလ် – မော်ရိုကို
၅ ကြိမ်မြောက် ကမ္ဘာ့ ချန်ပီယံ ဘရာဇီးလ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (C) ရဲ့ အဖွင့် ပွဲစဉ် အဖြစ် အာဖရိက ထိပ်သီး မော်ရိုကိုနဲ့ နယူးဂျာစီပြည်နယ်က MetLife အားကစားကွင်းမှာ ရင်ဆိုင် ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်က ကာတာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ စောစောစီးစီး လက်ပြနှုတ်ဆက်ခဲ့ရတဲ့ အနာဟောင်းကို ကုစားဖို့ ဘရာဇီးလ်တို့ အားခဲနေချိန်မှာ၊ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ဆီမီးဖိုင်နယ်အထိ တက်လှမ်းပြီး အံ့အားသင့်ဖွယ် ခြေစွမ်းပြခဲ့တဲ့ မော်ရိုကို ကလည်း အဲဒီ သမိုင်းကြောင်းကို ထပ်မံ ပုံတူကူးနိုင်ဖို့ စိန်ခေါ်မှုကြီးစွာနဲ့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
ဘရာဇီးလ်
ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၅ ခုနှစ် မေလတုန်းက အသင်းသမိုင်းတစ်လျှောက် ပထမဦးဆုံးသော နိုင်ငံခြားသား နည်းပြ အဖြစ် အသက် ၆၇ နှစ်အရွယ် အီတလီလူမျိုး ကာလို အန်ဆယ်လော့တီကို ခန့်အပ်ပြီး သမိုင်းသစ် ရေးထိုးခဲ့ပါတယ်။ ကလပ် အသင်း အဆင့်မှာ ဆယ်စုနှစ် ၃ ခုနီးပါး ဆုဖလားများစွာနဲ့ အောင်မြင်မှု များစွာရခဲ့တဲ့ အန်ဆယ်လော့တီဟာ အခုအခါ နိုင်ငံတကာ စင်မြင့်ထက်မှာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
ဘရာဇီးလ်ဟာ ပွဲအများဆုံး (၁၁၄ ပွဲ)၊ အနိုင်ရလဒ် အများဆုံး (၇၄ ပွဲ) နဲ့ အဓိကအကျဆုံး ဖြစ်တဲ့ ချန်ပီယံဆု ၅ ကြိမ်နဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ အအောင်မြင်ဆုံး နိုင်ငံ ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ် စတင်ကျင်းပချိန်က စလို့ ယနေ့အထိ ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ တစ်ခုတည်းသော သမိုင်းဝင် အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ၂၀၀၂ ခုနှစ် နောက်ပိုင်း ရွှေရောင်ဖလားကြီးကို ပြန်လည်ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ ၂၄ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေတဲ့ ကာလဟာ ၁၉၇၀ နဲ့ ၁၉၉၄ ခုနှစ်အကြား ကြုံတွေ့ခဲ့ရတဲ့ သမိုင်းဝင် ဖလား ငတ်မွတ်မှု သက်တမ်းနဲ့ အတူတူ ဖြစ်ပါတယ်။ ထူးခြားတာက ထိုစဉ်က ၂၄ နှစ်ကြာ ဖလားငတ်မွတ်မှုကို အမေရိကန်မြေပေါ်မှာတင် အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ယခုနှစ်မှာ ၄၈ သင်း အထိ တိုးချဲ့ ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တက်ရောက်နိုင်ဖို့ ဘရာဇီးလ်တို့ အတော် ရုန်းကန်ခဲ့ရပြီး၊ တောင်အမေရိကဇုန် (CONMEBOL) ခြေစစ်ပွဲ ၁၈ ပွဲမှာ ၈ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံး ရလဒ်နဲ့ အဆင့် ၅ နေရာ ကနေ ကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့်ကို မနည်းရယူခဲ့ရတာပါ။
ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ်မှာ ဘိုလီးဗီးယားကို ၁-၀ နဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သလို၊ အောက်တိုဘာလ နောက်ပိုင်း ခြေစမ်းပွဲတွေ မှာလည်း ဂျပန်ကို ၃-၂၊ ပြင်သစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီရဲ့ အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ခရိုအေးရှား၊ ပနားမား၊ အီဂျစ်တို့နဲ့ ပွဲစဉ် ၃ ပွဲစလုံးမှာ စုစုပေါင်းသွင်းဂိုး ၁၁ ဂိုး၊ ပေးဂိုး ၄ ဂိုးနဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်ထားနိုင်ခဲ့ပါတယ်။
ဖီဖာ ကမ္ဘာ့အဆင့် ၅ ရှိ ဘရာဇီးလ် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အာဖရိကတိုက်က အသင်းတွေနဲ့ ၈ ကြိမ် တွေ့ဆုံရာမှာ ၇ ကြိမ်အထိ အနိုင်ရရှိထားပါတယ်။ ချွင်းချက်အနေနဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ကင်မရွန်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ လက်ရှိမှာ ဘွတ်ကီတွေက ဘရာဇီးလ်ကို အုပ်စု (C) ကနေ နောက်တစ်ဆင့် တက်ရောက်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ထားကြပါတယ်။
မော်ရိုကို
တခြား တစ်ဖက်မှာလည်း ကမ္ဘာ့ဖလား သမိုင်းမှာ ဆီမီးဖိုင်နယ်ကို ပထမဦးဆုံး တက်လှမ်းနိုင်ခဲ့တဲ့ အာဖရိကနိုင်ငံ အဖြစ် မှတ်တမ်းဝင်ထားတဲ့ မော်ရိုကို အသင်းဟာ သူတို့ရဲ့ ၇ ကြိမ်မြောက် ကမ္ဘာ့ဖလား ခရီးစဉ် အတွက် ပြင်ဆင်နေပြီး၊ ဒီပြိုင်ပွဲ မှာလည်း အံ့အားသင့်ဖွယ် ခြေစွမ်းပြဦးမယ့် ဖြတ်မြင်း အသင်း တစ်သင်း အဖြစ် လူအများက ရှုမြင်နေကြပါတယ်။
စိတ်ဝင်စားစရာ ကောင်းတာက မော်ရိုကိုရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ၃ ကြိမ်စလုံးဟာ ယခုနှစ် ပူးတွဲ အိမ်ရှင် နိုင်ငံတွေ ဖြစ်တဲ့ မက္ကဆီကို (၁၉၇၀၊ ၁၉၈၆) နဲ့ အမေရိကန် (၁၉၉၄) တို့မှာ ကစားခဲ့ရခြင်း ဖြစ်ပါတယ်။ ထိုစဉ်က ပထမအကြိမ်မှာ အုပ်စု အဆင့် ကနေ ထွက်ခဲ့ရပြီး၊ ၁၉၈၆ မှာ ၁၆ သင်းအဆင့် အထိ သမိုင်းဝင် တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ၁၉၉၄ အမေရိကန်မြေ မှာတော့ ၃ ပွဲစလုံး ရှုံးကာ စိတ်ပျက်ဖွယ် လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာ အတ္တလတ်စ် ခြင်္သေ့တွေက အင်အား တောင့်တင်းတဲ့ ဘောလုံး အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကတည်းက ကစားခဲ့တဲ့ ၄၅ ပွဲမှာ ၃၃ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီတို့ထက် သာလွန်ကာ လက်ရှိ ကမ္ဘာ့အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ မော်ရိုကို အသင်းရဲ့ တိုးတက်မှုတွေ အတွက် နည်းပြ ဝါလစ်ဒ် ရက်ဂရာဂီကို ချီးကျူးရမှာ ဖြစ်ပါတယ်။ ၎င်းရဲ့ အသင်းဟာ အာဖရိကဇုန် (CAF) ခြေစစ်ပွဲမှာ ၈ ပွဲကစား ၈ ပွဲစလုံး အနိုင်ရပြီး အေးအေးလူလူ တက်လှမ်းနိုင်ခဲ့ကာ၊ ယခုနှစ် အစောပိုင်းက ကစားခဲ့တဲ့ အာဖရိကဖလား (AFCON) ပြိုင်ပွဲ မှာလည်း ဆီနီဂေါ အသင်း ဗိုလ်လုပွဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ချန်ပီယံဆု ရုပ်သိမ်းခံရပြီးနောက် မော်ရိုကိုက ချန်ပီယံ အဖြစ် အငြင်းပွားဖွယ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ဒါပေမယ့်လည်း ရက်ဂရာဂီဟာ ကမ္ဘာ့ဖလား မကျင်းပမီ ရက်ပေါင်း ၁၀၀ အလိုမှာ နည်းပြရာထူးမှ နှုက်ထွက်သွားခဲ့တာကြောင့် ယူ-၂၃ နည်းပြဟောင်း မိုဟာမက် အိုဝါဘီက အသင်းကို လွှဲပြောင်း ကိုင်တွယ်ခဲ့ပါတယ်။ ၎င်းဟာ လက်ရွေးစင် အသင်းကို ၅ ပွဲ ကိုင်တွယ်ရာမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ် ထိန်းထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က နော်ဝေနဲ့ ခြေစမ်းပွဲမှာ ၁-၁ နဲ့ သရေကျခဲ့ပါတယ်။ မော်ရိုကို အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် နှစ်ကြိမ် ဆက်တိုက် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ရည်မှန်းချက်နဲ့ စနေနေ့ပွဲစဉ်မှာ အုပ်စု (C) ရဲ့ ပြိုင်ဘက်ကြီး ဘရာဇီးလ်နဲ့ ထိပ်တိုက် တွေ့ဆုံနေပါပြီ။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရာဇီးလ် – အလီဆွန်၊ ဒန်နီလို၊ မာကွင်ညော့စ်၊ ဂါဘရီရယ်၊ ဆန်ဒရို၊ ကက်စ်မဲရိုး၊ ဘရူနို ဂီမာရေ့စ်၊ ရာဖင်ညာ၊ ပက်ကေးတား၊ ဗင်နီးစီးယပ်စ်၊ ကူညာ
မော်ရိုကို – ဘိုနို၊ ဟာကီမီ၊ ဒီယော့ပ်၊ ရီယက်ဒ်၊ မက်ဇရာရီ၊ အဲလ်အေနူရီ၊ ဘူယက်ဒီ၊ ဘရာဟင်မ် ဒီးယက်ဇ်၊ အူနာဟီ၊ အဲလ်ခန်နော့စ်၊ ဆိုင်ဘာရီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
မော်ရိုကိုက ဘရာဇီးလ်ကို ယခင်က ဆုံတွေ့ခဲ့ဖူးတဲ့ ၃ ကြိမ်မှာ ၂ ကြိမ် ရှုံးနိမ့်ခဲ့ဖူးပေမယ့်လည်း၊ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ခြေစမ်းပွဲ မှာတော့ မော်ရိုကိုက ဘရာဇီးလ်ကို ၂-၁ နဲ့ အနိုင်ရရှိထားတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးတာကြောင့် အခုပွဲစဉ်ဟာ အကြိတ်အနယ် ရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာတော့မှာ သေချာပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရာဇီးလ် နိုင်ရင် ၁.၆၇ ဆ၊ မော်ရိုကို နိုင်ရင် ၅.၂၀ ဆ၊ သရေ ဆိုရင်တော့ ၃.၆၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဘရာဇီးလ် ဘက်ကပဲ ကြေးဖွင့်ထားပြီး ဘွတ်ကီတွေ အနေနဲ့ ဘရာဇီးလ် ဘက်မှာပဲ ရှိနေတဲ့ ပုံပါပဲ။ ဂိုးပေါင်းကြေး ကတော့ ဂိုးအောက် ဖြစ်နိုင်မယ့် ကြေးမျိုး ပေးထားတာ တွေ့ရပါတယ်။ သေချာတာ ကတော့ ပရိသတ်ကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိတယ် ဆိုတာပါပဲ။ တိုက်စစ် အားသန် အသင်းတွေ ဖြစ်တာကြောင့် ဂိုးတွေ သွင်းရင်း အနိုင်အရှုံး အဖြေထုတ်သွားကြမယ့် ပွဲဖြစ်ပါလိမ့်မယ်။ ဒွန်ကာလိုရဲ့ အတွေ့အကြုံနဲ့ Talented players တွေ ပိုပြီး များများ ပါနေတဲ့ ဘရာဇီးလ် ကိုပဲ ယုံကြည်ထားရမယ့် ပွဲပါ။ ဘရာဇီးလ် ဂိုးပြတ် နိုင်ပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဘရာဇီးလ် ၃-၁ မော်ရိုကို
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


