နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ စပယ်လက်တီ ဆို

ဂျူဗင်တပ်စ် ကတော့ ဒီတပတ်မှာ ဘိုလော့ဂ်နာကို အနိုင်ရရှိပြီးနောက် စီးရီးအေ အဆင့် (၄) အတွင်း ဝင်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ ဖြစ်သူ လူစီယာနို စပယ်လက်တီ ကတော့ သူ့ အသင်းဟာ အနာဂတ်မှာ ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

စပယ်လက်တီက ဂျူဗင်တပ်စ်ဟာ နောင်လာမယ့် နှစ်တွေမှာ စီးရီးအေ ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်ဖို့ အရိပ်အယောင်တွေ မြင်တွေ့နေရပြီလို့ နည်းပြ စပယ်လက်တီက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ အလိုင်းရန့်ဇ်ကွင်းမှာ ဂျိုနသန် ဒေးဗစ်၊ ကီဖရန် သူရမ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီး အဆင့် (၄) အတွင်းဝင်ဖို့ အခွင့်အရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တူရင် ကလပ်ဟာ အချိန်ကိုက် ခြေစွမ်းတက်လာတာ ဖြစ်ပြီး ၂၀၂၅ မတ်လ သီယာဂို မော့တာ လက်ထက် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် စီးရီးအေမှာ ပေးဂိုး မရှိဘဲ ၃ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာပါ။

ဒါ့အပြင် ဂျူဗင်တပ်စ်ဟာ နောက်ဆုံး ၇ ပွဲမှာ ၁၇ မှတ် (၅ ပွဲ နိုင်၊ ၂ ပွဲ သရေ) အထိ ရယူနိုင်ခဲ့ပြီး ဒါဟာ အဆိုပါကာလ အတွင်း စီးရီးအေ မှာ အမှတ်အများဆုံး ရရှိခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ပိုပြီး အရေးကြီးတာ ကတော့ ပြိုင်ဘက် ကိုမို အသင်း ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် (၅) နေရာမှာ ရှိနေတဲ့ ဆက်စ် ဖာဘရီဂတ်စ်ရဲ့ အသင်းထက် ၅ မှတ်အသာ ရရှိသွားခဲ့ပါတယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ၈၅.၃ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိသွားပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၁၉-၂၀၂၀ ရာသီ မော်ရီဇီယို ဆာရီ လက်ထက် နောက်ပိုင်း စီးရီးအေ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စပယ်လက်တီ ကတော့ ၆ နှစ်ကြာ စောင့်ဆိုင်းမှုကို မကြာခင် အဆုံးသတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၁၉-၂၀၂၀ ရာသီ မော်ရီဇီယို ဆာရီ လက်ထက် နောက်ပိုင်း စီးရီးအေ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ နောက်ပိုင်း စီးရီးအေ ချန်ပီယံဆုနဲ့ ဝေးကွာနေတဲ့ ဂျူဗင်တပ်စ်

DAZN Italia နဲ့ အင်တာဗျူးမှာ စပယ်လက်တီက “ဒီမှာ တာဝန်ယူမှုနဲ့ ဖိအားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အသင်းက ကောင်းမွန်တဲ့ ဘောလုံး ကစားဟန်ကို ပြသဖို့ ကြိုးစားနေပြီး ကစားသမားတွေ ကလည်း တစ်ယောက်ကို တစ်ယောက် ဖေးမ ကူညီကြပါတယ်။ ဒါဟာ နည်းပြ တစ်ယောက် အတွက် အခြေခံအကျဆုံး လိုအပ်ချက်ပါ။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်သလို နေ့တိုင်း တိုးတက်မှုတွေကို မြင်တွေ့နေရလို့ ဒီအတိုင်းပဲ ဆက်သွားချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဂျူဗင်တပ်စ်ဟာ စီးရီးအေ အဆင့် ၃ နဲ့ ၄ နေရာက အေစီမီလန်၊ နာပိုလီ တို့နဲ့ ၃ မှတ်သာ ကွာပါတော့တယ်။ ဒီလို ရလဒ်ကောင်းတွေ ရရှိဖို့ ခိုင်မာတဲ့ ခံစစ်က အဓိက ပံ့ပိုးပေးခဲ့တာပါ။ အသင်းဟာ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲ အထိ ပေးဂိုးမရှိ (Clean Sheet) ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

တိုက်စစ်ပိုင်း မှာလည်း ဂျိုနသန် ဒေးဗစ်ဟာ အခုရာသီ စီးရီးအေမှာ ဂိုးပါဝင် ပတ်သက်မှု (၁၀) ကြိမ် (၆ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) အထိ ပြုလုပ်ထားပါတယ်။ သူဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မွေးဖွားသူတွေထဲမှာ အားလင်း ဟာလန်း၊ အာမင်း ဂူအီရီ တို့နဲ့ အတူ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ၆ ရာသီ ဆက်တိုက် ဂိုးပါဝင် ပတ်သက်မှု ဆယ်ဂဏန်းပြည့်အောင် စွမ်းဆောင်နိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာပါတယ်။

စပယ်လက်တီ ကတော့ လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ ကစားမယ့် အေစီမီလန်နဲ့ ပွဲကြီးပွဲကောင်း မတိုင်ခင် အခုနိုင်ပွဲရဲ့ အရေးပါပုံကို အခုလို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ပြိုင်ဘက်တွေရဲ့ ရလဒ်တွေကို ကြည့်ပြီး ကျွန်တော်တို့ လုံးဝ မှားလို့ မရတာက ကစားအား လျှော့လိုက်တာမျိုးပါပဲ။ အဆင့် ကိုပဲ ကြည့်ပြီး စိတ်လျှော့လိုက်ရင် အန္တရာယ်ရှိနိုင်လို့ ပွဲစကတည်းက မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ကစားဖို့ လိုအပ်ပါတယ်။ ဘိုလော့ဂ်နာဟာ ယူရိုပါလိဂ်ပွဲကြောင့် ပင်ပန်းနေမယ် ဆိုတာ သိထားတဲ့ အတွက် ကစားအားကို မြှင့်တင်ထားနိုင်ရင် အခွင့်အရေး ပိုရမယ်ဆိုတာ သိထားပါတယ်။ အားလုံး ကလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။” လို့ ဆိုပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်