နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စီးရီးအေမှာ ရလဒ်ကောင်းတွေ ရရှိရေး အတွက်သာ အာရုံစိုက်ထားဖို့ တိုက်တွန်းလိုက်တဲ့ ဂတ်စ်ပီရီနီ

ရိုးမား ကတော့ ဒီကနေ့ည စတေဒီယို အိုလံပီကိုမှာ ဖီအိုရင်တီးနားကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နည်းပြ ဂျီယန်ပီရို ဂက်စ်ပီရီနီရဲ့ အသင်းက စီးရီးအေ ထိပ်ဆုံး ၄ သင်း စာရင်းနဲ့ ပိုမို နီးကပ်လာစေဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ဂျီယန်ပီရို ဂက်စ်ပါရီနီက သူနဲ့ ရိုးမား ပိုင်ရှင်တွေက ရေရှည်စီမံကိန်း အတွက် အတူတကွ လုပ်ဆောင်ရဖို့ ရည်ရွယ်ထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းသားတွေကို စီးရီးအေမှာ ရလဒ်ကောင်းတွေ ရရှိရေး အတွက်သာ အာရုံစိုက်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။

ရိုးမားဟာ စနေနေ့က နာပိုလီနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ဆက်စ် ဖာဘရီဂတ်စ်ရဲ့ ကိုမို အသင်းကို ကျော်ဖြတ်ကာ စီးရီးအေ အဆင့် ၅ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးလည်း ရရှိထားပါတယ်။ ရိုးမားဟာ အဆင့် ၅ နေရာက ကိုမို အသင်းနောက် ၁ မှတ် အကွာတွင် ရှိနေပြီး၊ တနင်္ဂနွေနေ့က ဟဲလက်စ် ဗီရိုနာနဲ့ ၁-၁ သရေကျခဲ့တဲ့ အဆင့် ၄ နေရာက ဂျူဗင်တပ်စ် ထက် ၄ မှတ် လျော့နည်းနေခဲ့ပါတယ်။

ဒါပေမယ့်လည်း ရိုးမား တို့မှာ မကြာသေးခင်က ကွင်းပြင်ပ ပြဿနာတွေကြောင့် အနည်းငယ် ရိုက်ခတ်မှု ရှိနေခဲ့ပါတယ်။ အသင်းရဲ့ ဝါရင့် ပုဂ္ဂိုလ်နဲ့ အကြံပေး ဖြစ်တဲ့ ကလော်ဒီယို ရာနီယေးရီဟာ ဂတ်စ်ပီရီနီနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်ပေါ်ပြီးနောက် အသင်းမှ ထွက်ခွာသွားခြင်းဟာ မမျှော်လင့်ထားတဲ့ ကိစ္စ တစ်ခု ဖြစ်ခဲ့ပါတယ်။

“လက်ရှိအချိန် မှာတော့ လမ်းကြောင်း နှစ်ခု ရှိနေပါတယ်။ တစ်ခု ကတော့ လတ်တလော အသက်ဝင်နေဆဲ ဖြစ်တဲ့ ရာသီဝက် ကာလပါပဲ။” လို့ ဂတ်စ်ပီရီနီက ပြောပါတယ်။ “ကျွန်တော်တို့ ဖီအိုရင်တီးနားနဲ့ အရေးကြီးတဲ့ပွဲကို ကစားရမှာပါ။ သူတို့က ၇ ပွဲ ဆက်တိုက် ရလဒ်ကောင်း ရရှိထားပြီး အမှတ်ပေးဇယားမှာ ခက်ခဲတဲ့ အခြေအနေ ကနေ ရုန်းထွက်လာနိုင်တဲ့ အသင်းပါ။”

ဒါပေမယ့်လည်း အသင်းသားတွေကို စီးရီးအေမှာ ရလဒ်ကောင်းတွေ ရရှိရေး အတွက်သာ အာရုံစိုက်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။
စီးရီးအေ တန်းဆင်းဇုန်ထဲက ရုန်းထွက်ပြီး နောက်ပိုင်း ရလဒ်တွေ ကောင်းနေတဲ့ ဖီအိုရင်တီးနား

“ကျွန်တော်တို့ ဒီပွဲကို အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပွဲစဉ် ၄ ပွဲသာ ကျန်တော့တဲ့ အချိန်မှာ ကျွန်တော်တို့ အပြိုင်အဆိုင် ရှိနေဆဲမို့ပါ။ တခြား ပွဲစဉ်တွေရဲ့ ရလဒ် ကိုလည်း ကြည့်ဖို့ လိုအပ်ပေမယ့် အမှတ်ပေးဇယားကို ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ကျွန်တော် တို့ရဲ့ အာရုံစိုက်မှုက ဒီနောက်ဆုံး အဆင့်မှာပဲ ရှိနေရပါမယ်။

“အသင်းရဲ့ စွမ်းဆောင်ရည်က အစကတည်းက ထူးချွန်ခဲ့ပါတယ်။ ဒီနောက်ဆုံး ၄ ပွဲမှာလည်း ဆက်ပြီး ထိန်းထားချင်ပါတယ်။ လာဇီယိုနဲ့ ဒါဘီပွဲစဉ် အပါအဝင် ပွဲတိုင်းက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင်၊ အသင်းက မမျှော်လင့်ထားတဲ့ စိတ်ပျက်စရာတွေကို ရင်ဆိုင်ခဲ့ရပြီး လမ်းကြောင်း အသစ်ကို ရွေးချယ်ဖို့ အတင်းအကျပ် ဖြစ်ခဲ့ရတာကို အသိအမှတ်ပြုရပါမယ်။

“ပိုင်ရှင်တွေ အနေနဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ အတွက် အချိန်နဲ့ ရှင်းလင်း ပြတ်သားမှု လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့မှာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းနဲ့ အရင်းအမြစ်တွေ ရှိပါတယ်။ အနာဂတ် အကြောင်း ဆွေးနွေးရမယ့် အချိန် ရောက်လာရင်တော့ ဆွေးနွေးသွားမှာပါ။ အဲဒီအချိန်နဲ့ နီးစပ်နေပြီလို့ ထင်ရပေမယ့်၊ ဖြစ်လာတဲ့အခါ မှာတော့ အရာအားလုံးက တတ်နိုင်သမျှ ရှင်းလင်း ပြတ်သားနေဖို့ လိုအပ်ပါလိမ့်မယ်။” လို့ ဂတ်စ်ပီရီနီက ပြောကြားသွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဖီအိုရင်တီးနားက အမှတ်ပေးဇယား အဆင့် ၁၅ တွင် ရှိနေပြီး၊ ဆာဆူအိုလိုနဲ့ ဂိုးမရှိ သရေပွဲ အပြီးမှာ ရှုံးပွဲမရှိ ရလဒ်ကို ၇ ပွဲ အထိ တိုးမြှင့်ထားနိုင်ပါတယ်။ ပေါလို ဗာနိုလီရဲ့ အသင်းဟာ တန်းဆင်းဇုန် ကနေ လွတ်မြောက်လာပြီးနောက် ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ရိုးမားဟာ ဖီအိုရင်တီးနားနဲ့ တွေ့ဆုံခဲ့တဲ့ စီးရီးအေ ပွဲစဉ်တွေမှာ အကြိမ် ၆၀ အနိုင်ရရှိထားပါတယ်။ ၄င်းတို့ထက် ပိုမို အနိုင်ရထားသည့် အသင်းဟာ တိုရီနို (၇၂ ကြိမ်) သာ ရှိပါတယ်။ အပြန်အလှန်အားဖြင့် ဖီအိုရင်တီးနားဟာ စီးရီးအေ အသင်း ၅ သင်းကို အနိုင် ၅၀ ကျော် ရရှိထားပြီး၊ ရိုးမား (၅၁ ကြိမ်)၊ လာဇီယို (၅၁)၊ အတ္တလန္တာ (၅၄)၊ နာပိုလီ (၅၅) နဲ့ ဘိုလော့ဂ်နာ (၅၉) တို့ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားဟာ ရိုးမားနဲ့ တွေ့ဆုံချိန်တိုင်း ၂၁၃ ဂိုး သွင်းယူထားပြီး၊ အင်တာမီလန် (၂၂၄ ဂိုး) နဲ့ တွေ့ဆုံချိန်မှသာ ဂိုးပိုသွင်းထားနိုင်တာ ဖြစ်ပါတယ်။

ရိုးမားဟာ ဖီအိုရင်တီးနားနဲ့ အိမ်ကွင်း ပွဲစဉ်တွေမှာ အကောင်းဆုံး ရလဒ်တွေ ပိုင်ဆိုင်ထားပါတယ်။ နောက်ဆုံး အိမ်ကွင်း ပွဲစဉ် ၅၁ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ထားပြီး ဖီအိုရင်တီးနား တို့ဟာ ၂၀၁၈ ခုနှစ် ဧပြီလ နောက်ပိုင်း ရိုးမားကို အိုလံပီကိုကွင်းမှာ အနိုင်မရထားပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်