အင်တာမီလန် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီတုန်းက စီးရီးအေနဲ့ ကိုပါအီတာလီယာ ဖလားတွေကို ဆွတ်ခူးပြီး ပြည်တွင်း ဖလား နှစ်လုံး အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ် မှာတော့ စောစောစီးစီး ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရလို့ အခုရာသီမှာ ဒီအချက်ကို အဓိက ပြင်ဆင်သွားဖို့ ရှိနေကြပါတယ်။
အင်တာမီလန် ကွင်းလယ်လူ ပီယော့တာ ဇီလင်းစကီးက ပြီးခဲ့တဲ့ရာသီ ပြည်တွင်း ဖလား နှစ်လုံး အောင်မြင်မှု အပြီးမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွင်း အသင်းရဲ့ ခြေစွမ်းပိုင်းကို ပိုမိုမြှင့်တင်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ နည်းပြသစ် ခရစ်စတီယန် ချီဗူးရဲ့ ပထမဆုံး ရာသီမှာပဲ အင်တာမီလန်ဟာ ဒုတိယရတဲ့ နာပိုလီကို ၁၁ မှတ် ဖြတ်ပြီး စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် အင်တာက ကိုပါအီတလီယာ ဗိုလ်လုပွဲ မှာလည်း လာဇီယိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း သူတို့ဟာ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်ပလေးအော့ဖ် အဆင့်မှာ ဘိုဒို/ဂလင့်မ် အသင်းကို မမျှော်လင့်ဘဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ အင်တာမီလန်ဟာ လိဂ်အဆင့် အဖွင့် ၄ ပွဲစလုံးကို ဂိုးမပေးရဘဲ အနိုင်ရခဲ့ပေမယ့် နောက်ပိုင်း ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ပလေးအော့ဖ်မှာ ဘိုဒို/ဂလင့်မ်ကို နှစ်ကျော့ပေါင်း ရလဒ် ၅-၂ နဲ့ ဂိုးပြတ် ရှုံးခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီမတိုင်ခင် ရာသီတုန်း ကတော့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီကို ၅ ဂိုး ဂိုးမရှိ ဆိုတဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
အခု ၂၀၂၆-၂၇ ရာသီသစ် မစတင်ခင်မှာတော့ ဇီလင်းစကီးက ပြည်တွင်း အောင်မြင်မှုတွေကို ထိန်းသိမ်းရင်း ချန်ပီယံလိဂ် မှာပါ သိသိသာသာ ခြေစွမ်းတိုးတက်လာဖို့ အဓိက အာရုံစိုက်စေချင်နေတာပါ။ ဂျာမနီနိုင်ငံက အင်တာမီလန်ရဲ့ ရာသီကြို ခြေစမ်းပွဲ လေ့ကျင့်ရေးကွင်းမှာ ဇီလင်းစကီးက သတင်းထောက်တွေကို “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေက အမြင့်ကြီးပါ။ စီးရီးအေနဲ့ ကိုပါအီတာလီယာ ဖလားတွေကို ကာကွယ်ချင်သလို၊ ချန်ပီယံလိဂ် မှာလည်း အရာတစ်ခုခု ပိုပြီး လုပ်ပြချင်ပါတယ်။ ကျွန်တော် တို့မှာ အကောင်းဆုံး အသင်း တစ်သင်း ရှိနေတာမို့ ဥရောပစင်မြင့်ထက်မှာ ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းအောင် လုပ်ရပါလိမ့်မယ်။ အားလုံးကို စိန်ခေါ်နိုင်တဲ့ အသင်းမျိုး ရှိထားတာမို့ ရာသီအကုန်မှာ ဘယ်အဆင့်ထိ ရောက်မလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့” လို့ ပြောခဲ့ပါတယ်။

သူက ဆက်ပြီးတော့လည်း “ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ခြေစွမ်းက ကျွန်တော် တို့ရဲ့ ပုံမှန် အဆင့်အတန်းအောက် ရောက်နေခဲ့တာမို့ သေချာပေါက် တိုးတက်ဖို့ လိုပါတယ်။ ဖုံးကွယ်မထားပါဘူး။ စီးရီးအေ ချန်ပီယံဆုကို ရယူရတာ ဘယ်လောက် အဓိပ္ပာယ်ရှိလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ စကူဒက်တို၊ ကိုပါအီတာလီယာ ဖလားတွေကို ရအောင် ယူမှာ ဖြစ်သလို၊ ချန်ပီယံလိဂ် မှာလည်း အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ဆိုပါတယ်။
အင်တာမီလန် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကလပ် သမိုင်းတစ်လျှောက် ၂၁ ကြိမ်မြောက် စီးရီးအေ ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အခုရာသီမှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ သူတို့ဟာ ၂၀၀၆-၀၇ ရာသီကနေ ၂၀၀၉-၁၀ ရာသီ အထိ ၅ ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့ပြီး ကတည်းက စီးရီးအေ ဖလားကို နှစ်နှစ်ဆက်တိုက် ပြန်လည် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။
နည်းပြ ခရစ္စတီယန် ချီဗူး အနေနဲ့ ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေထက် ပိုကောင်းအောင် အသင်းကို ဘယ်လို လှုံ့ဆော်ပေးနေလဲ ဆိုတဲ့ အမေး ကိုတော့ ဇီလင်းစကီးက “နည်းပြက ပြီးခဲ့တဲ့ အောင်မြင်မှုတွေကို အတိတ်မှာပဲ ထားခဲ့ပြီး ရာသီသစ် အတွက် စိတ်ဓာတ်အသစ်၊ ရည်မှန်းချက်အသစ်နဲ့ အောင်ပွဲ ဆာလောင်မှုတွေကို ပြန်လည် ရှာဖွေဖို့ တိုက်တွန်းထားပါတယ်။ ကျွန်တော် တို့က ရှေ့လာမယ့် အရာတွေ ကိုပဲ အာရုံစိုက်ပြီး ရာသီသစ် အတွက် အကောင်းဆုံး ပြင်ဆင်သွားရမှာပါ” လို့ ဖြေကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


