နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အအောင်မြင်ဆုံး အင်္ဂလန် ကလပ် အသင်းများ | ပရီးမီးယားလိဂ်

ဒီတစ်ခါ မှာတော့ အင်္ဂလန် ဘောလုံးလောကမှာ အအောင်မြင်ဆုံး အသင်းတွေက ဘယ်အသင်းတွေလဲ။ အင်္ဂလန်ဘောလုံး သမိုင်းတစ်လျှောက် အဓိက ဆုဖလား အများဆုံး ရရှိထားတဲ့ အသင်းတွေကို ဘယ်အသင်းတွေလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။ သေချာတာက လက်ရှိ ပရီးမီးယားလိဂ်မှာ အခိုင်အမာ လွှမ်းမိုး ရပ်တည်နေတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ၂၀၂၆ ခုနှစ် မတ်လအတွင်း ဝင်ဘလေမှာ ကစားခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ယူပြီး ၂၀၂၅-၂၆ ရာသီရဲ့ ပထမဆုံး အဓိက ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အင်္ဂလန်ကလပ် ဖြစ်လာခဲ့ပါတယ်။ ဒါဟာ နည်းပြ ပပ် ဂွါဒီယိုလာ အတွက် ၅ ကြိမ်မြောက် လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း ချဲလ်ဆီးကို ၁-၀ နဲ့ အနိုင်ယူပြီး ဖလား ထပ်မံ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဂွါဒီယိုလာ အတွက် ၃ ကြိမ်မြောက် အက်ဖ်အေဖလား အောင်မြင်မှု ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ မန်စီးတီး အသင်း ၄ နှစ်ဆက်တိုက် စိုးမိုးထားပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီ မှာတော့ လစ်ဗာပူးလ်က ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါဟာ လစ်ဗာပူးလ် အတွက် အကြိမ် ၂၀ မြောက် အင်္ဂလန် ထိပ်တန်းလိဂ် ချန်ပီယံဆု ဖြစ်ပြီး အဓိက ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် အများဆုံး စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄-၂၅ ရာသီမှာ ဆုဖလား ရရှိခဲ့တဲ့ အင်္ဂလန် ကလပ်က လစ်ဗာပူးလ် တစ်သင်းတည်းတော့ မဟုတ်ခဲ့ပါဘူး။ စပါးက ယူရိုပါလိဂ် ၊ ချဲလ်ဆီးက ကွန့်ဖရန့်လိဂ် တို့ကို အသီးသီးဆွတ်ခူးခဲ့ကြပြီး ပြည်တွင်း ဖလား ပြိုင်ပွဲတွေ မှာတော့ ခရစ္စတယ်ပဲလေ့စ်က အက်ဖ်အေဖလား၊ နယူးကာဆယ်က လိဂ်ဖလား တို့ကို အသီးသီး သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးဟာ ၂၀၂၅ ခုနှစ်ရဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ဒါဆိုရင် သမိုင်းတစ်လျှောက် ရရှိခဲ့တဲ့ ဆုဖလား အားလုံးကို ထည့်သွင်းတွက်ချက်မယ် ဆိုရင် ဘယ်အသင်းတွေက အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး စာရင်းမှာ ဘယ်အဆင့်တွေမှာ ရှိနေကြမလဲ။ သမိုင်းကြောင်းကို တန်ဖိုးထားတတ်တဲ့ ဘောလုံးလောကမှာ အအောင်မြင်ဆုံး ကလပ် အသင်းတွေကို သတ်မှတ်တဲ့ အခါမှာ “ ဘယ်ဆုဖလားတွေကို အမှန်တကယ် အသိအမှတ်ပြုသင့်လဲ” ဆိုတာ ကတော့ ငြင်းခုံစရာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

 

အောင်မြင်မှု အများဆုံးအသင်းများ

လက်ရှိအချိန် မှာတော့ လစ်ဗာပူးလ်က အဓိက ဆုဖလား (၄၇) လုံးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အဓိက ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် (၄၄ လုံး) ထက် ၃ လုံး အသာရနေပါတယ်။ နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အကြိမ် ၂၀ စီနဲ့ တူညီနေပေမယ့် အရှိန်အဝါ အကြီးဆုံး ဖြစ်တဲ့ ဥရောပဖလား/ ချန်ပီယံလိဂ် အောင်မြင်မှု မှာတော့ ယူနိုက်တက်က လစ်ဗာပူးလ်ထက် ၃ လုံး လျော့နည်းနေပါတယ်။

လစ်ဗာပူးလ်ဟာ ၂၀၂၄-၂၅ ရာသီမှာ လိဂ်ချန်ပီယံ ဖြစ်ခဲ့သလို၊ ၂၀၂၅ ခုနှစ် လိဂ်ဖလား ဗိုလ်လုပွဲ မှာလည်း ဆုဖလား ထပ်တိုးဖို့ အခွင့်အရေးရခဲ့ပေမယ့် နယူးကာဆယ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နယူးကာဆယ် အတွက်တော့ ဒါဟာ ၁၉၆၈-၆၉ ခုနှစ်က Inter-Cities Fairs Cup အပြီး ပထမဆုံးရရှိတဲ့ အဓိက ဆုဖလား ဖြစ်သလို၊ ၁၉၅၄-၅၅ အက်ဖ်အေဖလား နောက်ပိုင်း ပထမဆုံးအကြိမ် ပြည်တွင်းဖလား ရရှိတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ၂၀၂၅ ခုနှစ် ကွန်ဖရန့်လိဂ် ဗိုလ်လုပွဲ အောင်မြင်မှုဟာ သူတို့ရဲ့ ၂၆ လုံးမြောက် အဓိက ဆုဖလား ဖြစ်လာရုံ သာမက သမိုင်းမှတ်တိုင် အသစ်လည်း စိုက်ထူနိုင်ခဲ့ပါတယ်။ သူတို့ဟာ ဘောလုံးသမိုင်းမှာ ဥရောပဖလား/ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေဖလား/ ယူရိုပါလိဂ်၊ Cup Winners’ Cup နဲ့ ကွန်ဖရန့်လိဂ် ဖလား ၄ ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ ဒါတင်မကဘဲ နောက်ထပ် ၂ လောက်အကြာ ၂၀၂၅ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၃-၀ နဲ့ အနိုင်ယူပြီး ၂၇ လုံးမြောက် ဆုဖလားကိုပါ ကလပ်ပြတိုက်ထဲ ထည့်သွင်းနိုင်ခဲ့ပါတယ်။

အွန်လိုင်းပေါ်မှာ မန်စီးတီးနဲ့ ချဲလ်ဆီးကို “ သမိုင်းကြောင်းမရှိတဲ့ အသင်းတွေ” လို့ ဘယ်လောက်ပဲ ငြင်းခုံနေကြပါစေ၊ လက်ရှိအချိန်မှာ သူတို့ဟာ အင်္ဂလန် ဘောလုံးသမိုင်းရဲ့ စတုတ္ထနဲ့ ပဉ္စမမြောက် အအောင်မြင်ဆုံး အသင်းတွေ အဖြစ် ရပ်တည်နေပြီး တတိယနေရာက အာဆင်နယ်ကို အမီလိုက်ဖို့ ကွာဟချက်ကို ကျဉ်းမြောင်းနေပြီ ဖြစ်ပါတယ်။

 

ရှေးဟောင်းသမိုင်းအစဉ်အလာ

ဘောလုံးလောကဟာ ၁၉၉၂ (ပရီးမီးယားလိဂ် စတင်ချိန်) သို့မဟုတ် ၁၈၈၈ (လိဂ်ပြိုင်ပွဲစတင်ချိန်) မှ စတင်ခဲ့တာ မဟုတ်ပါဘူး။
အင်္ဂလန်ရဲ့ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေတဲ့ ယူနိုက်တက်

ဘောလုံးလောကဟာ ၁၉၉၂ (ပရီးမီးယားလိဂ် စတင်ချိန်) သို့မဟုတ် ၁၈၈၈ (လိဂ်ပြိုင်ပွဲစတင်ချိန်) မှ စတင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းတစ်သင်းရဲ့ ဂုဏ်ဒြပ်ကို မြှင့်တင်ဖို့ ဒါမှမဟုတ် နှိမ့်ချဖို့အတွက် စိတ်ကြိုက် သတ်မှတ်ချက်မျဉ်းတွေ ဆွဲလေ့ရှိကြပါတယ်။

၁၉၀၀ ပြည့်နှစ် New Year’s Day အရောက်မှာတော့ အအောင်မြင်ဆုံး အင်္ဂလန်လိဂ် အသင်းတွေက အက်စတွန်ဗီလာ (၄ ကြိမ်)၊ ဆန်းဒါးလန်း (၃ ကြိမ်) နဲ့ ပရက်စ်တန် (၂ ကြိမ်) တို့ ဖြစ်ကြပါတယ်။ ဗီလာဟာ ၁၉၀၀ ပြည့်နှစ် နှောင်းပိုင်းက ၅ ကြိမ်မြောက်နဲ့ ၁၉၁၀ မှာ ၆ ကြိမ်မြောက် လိဂ်ဖလားကို ရရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်း မှာတော့ ၁၉၈၁ ခုနှစ်ကျမှ တစ်ကြိမ်သာ ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတော့တယ်။ 

တခြား ကလပ်တွေ အဖြစ် နော့တင်ဟမ်ဖောရက်စ် (၁၉၇၈ မှာ လိဂ်ချန်ပီယံ ၁ ကြိမ်တည်း ဖြစ်ခဲ့ဖူးပေမယ့် အဲဒီအရှိန်နဲ့ ၁၉၇၉ နဲ့ ၁၉၈၀ တို့မှာ ဥရောပဖလား ၂ ကြိမ်ဆက် ရယူခဲ့) နဲ့ လက်စတာစီးတီး (၂၀၁၀ ပြည့်နှစ်တွေ မတိုင်ခင် အထိ လိဂ်ချန်ပီယံ သို့မဟုတ် အက်ဖ်အေဖလား တစ်ကြိမ်မှ မရဖူးပေမယ့် ၂၀၁၆ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ အဲဒီ ဆုဖလားတွေကို အသီးသီး အရယူပြီး သမိုင်းကို ပြင်ဆင်နိုင်ခဲ့) တို့ ဖြစ်ကြပါတယ်။

“ စစ်ကြိုခေတ်” ဆုဖလား ဇယား မှာတော့ အက်စတွန်ဗီလာက ဆုဖလား ၁၂ လုံးနဲ့ ထိပ်ဆုံးက အပြတ်အသတ် ဦးဆောင်နေပြီး ဘလက်ဘန်းက ၈ လုံးနဲ့ ဒုတိယ၊ တခြား ၅ သင်း ကတော့ ၇ လုံးစီနဲ့ ရပ်တည်နေပါတယ်။ အာဆင်နယ် ဟာလည်း အဲဒီစာရင်းထဲမှာ ပါဝင်နေပြီး ၂၁ ရာစု အထိ ဆုဖလားတွေ အတွက် ပုံမှန်စိန်ခေါ်နိုင်ဆဲ ဖြစ်လို့ သမိုင်းတစ်လျှောက် အခြေအနေ အငြိမ်ဆုံး အသင်း အဖြစ် သတ်မှတ်နိုင်ပါတယ်။

အင်္ဂလန် အရှေ့မြောက်ပိုင်း ဘောလုံးလောကရဲ့ ဆုတ်ယုတ်မှု ကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းနဲ့ နယူးကာဆယ် တို့ရဲ့ လိဂ်ချန်ပီယံဆု အားလုံးဟာ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်းက ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်က ဆန်းဒါးလန်းဟာ အင်္ဂလန် ဘောလုံးသမိုင်းမှာ အစင်းကျား ဝတ်စုံ ဝတ်ဆင်ပြီး လိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ နောက်ဆုံး အသင်း အဖြစ် ရှိနေဆဲဖြစ်ပြီး ဒါဟာ အစင်းကျား ဝတ်စုံ အသင်းတွေ စိုးမိုးထားတဲ့ အီတလီ စီးရီးအေနဲ့ သိသိသာသာ ကွဲပြားနေတဲ့ အချက် ဖြစ်ပါတယ်။

 

တောက်ပလာတဲ့ ခေတ်သစ်ကာလ

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ စိတ်ဝင်စားမယ့်အချက် ကတော့ – အကယ်၍ ကျွန်တော် တို့က ဘောလုံးသမိုင်းကို ၁၉၄၅ ခုနှစ် (စစ်ပြီးခေတ်) ကစပြီး တွက်ချက်မယ် ဆိုရင်တောင် လစ်ဗာပူးလ်က ဆုဖလား အရေအတွက်မှာ ၄၃ လုံးနဲ့ ယူနိုက်တက်ထက် သာလွန်နေဆဲ ဖြစ်ပါတယ်။ အကြောင်း ကတော့ လစ်ဗာပူးလ်ဟာ စစ်မဖြစ်ခင်က ရခဲ့တဲ့ လိဂ်ချန်ပီယံဆု ၄ လုံးပဲ ဆုံးရှုံးရပြီး၊ ယူနိုက်တက် ကတော့ လိဂ်ချန်ပီယံ ၂ လုံးနဲ့ ၁၉၀၉ ခုနှစ်က အက်ဖ်အေဖလား ၁ လုံးသာ ဆုံးရှုံးရလို့ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ၁၉၆၅ ခုနှစ်ကျမှ ပထမဆုံးအကြိမ် အက်ဖ်အေဖလားကို ရရှိခဲ့တာကြောင့် အတော်လေး စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ခရစ္စတယ်ပဲလေ့စ် ကွင်းမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ၁၉၁၄ ဗိုလ်လုပွဲနဲ့ ၁၉၅၀ ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ် ဝင်ဘလေကွင်း မှာတော့ လစ်ဗာပူးလ်ဟာ ၂၀၀၆ ခုနှစ် ဖိုင်နယ် နောက်ပိုင်း ပထမဆုံးအကြိမ် အက်ဖ်အေဖလားကို ထပ်မံ ရရှိခဲ့ပြီး ဒါဟာ သူတို့ အတွက် ၈ ကြိမ်မြောက် ဖြစ်တာကြောင့် ချဲလ်ဆီး၊ စပါး တို့နဲ့ အတူ တတိယနေရာမှာ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။ (အာဆင်နယ်က ၁၄ ကြိမ်၊ ယူနိုက်တက်က ၁၃ ကြိမ်နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်)။ မန်ချက်စတာစီးတီး ကတော့ ၂၀၂၆ ခုနှစ် အက်ဖ်အေဖလားကို ရရှိခဲ့တာကြောင့် လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ စပါး တို့နဲ့ အတူ ၈ ကြိမ်စီနဲ့ တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။

အမှန်တရားကတော့ အင်္ဂလန်ဘောလုံးလောကမှာ ဘယ်အသင်းမှ ထာဝရစိုးမိုးထားနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း လစ်ဗာပူးလ်နဲ့ ယူနိုက်တက်တို့ ကတော့ တခြား ကလပ် အားလုံးထက် သိသိသာသာ အထက်မှာ ရှိနေကြပါတယ်။ ၁၉၄၅ ခုနှစ် နောက်ပိုင်း ဆုဖလား ဇယားရဲ့ ထိပ်ဆုံး ၅ သင်း စာရင်းဟာ သမိုင်းတစ်လျှောက် အောင်မြင်မှု အများဆုံး ထိပ်ဆုံး ၅ သင်း စာရင်းနဲ့ ထပ်တူပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်