ဖီဖာ ၂၀၂၆ ကမ္ဘာ့ဖလား မှာတော့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသေးငယ်ဆုံး နိုင်ငံတွေ အပါအဝင် ပထမဆုံး အကြိမ် ပါဝင်ခွင့်ရမယ့် နိုင်ငံ တချို့ ရှိနေပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့မှာ ပူးတွဲ ကျင်းပမယ့် ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ပြိုင်ပွဲ ဖြစ်ပြီး အသင်းပေါင်း ၄၈ သင်း အထိ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲ ပုံစံ ချဲ့ထွင်လိုက်တာကြောင့် လက်ရှိ ချန်ပီယံ အာဂျင်တီးနား၊ ၅ ကြိမ် ချန်ပီယံ ဘရာဇီးလ်၊ အင်္ဂလန်၊ ဂျာမနီနဲ့ စပိန် တို့လို ဘောလုံးလောကရဲ့ ထိပ်သီး နိုင်ငံတွေ အပြင် နိုင်ငံသစ်တွေ အတွက်လည်း ကမ္ဘာ့စင်မြင့်ထက်ကို ပထမဆုံးအကြိမ် ခြေချနိုင်မယ့် အခွင့်အရေးကို ရရှိခဲ့ကြပါတယ်။
ကိပ်ဗာဒီ
ကိပ်ဗာဒီ ကတော့ ၁၉၉၀ ခုနှစ်က စပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ စတင် ပါဝင်ခဲ့တာပါ။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ မှာတော့ ကင်မရွန်း၊ လစ်ဗျားနဲ့ အင်ဂိုလာ တို့လို အာဖရိကရဲ့ ထိပ်သီး အသင်းတွေကို ကျော်ဖြတ်ကာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပါတယ်။
ကိပ်ဗာဒီရဲ့ လျင်မြန်တဲ့ တိုးတက်မှုဟာ ပြည်တွင်း ဘောလုံး အခြေခံ အဆောက်အအုံတွေ တိုးတက်လာရုံ သာမက ကိပ်ဗာဒီ နိုင်ငံနဲ့ ဆက်နွှယ်မှု ရှိတဲ့ ပြည်ပရောက် ကစားသမားတွေကို စုစည်း ခေါ်ယူနိုင်မှုကြောင့် ဖြစ်ပါတယ်။ သူတို့ အထဲမှာ ပြင်သစ်ဖွား ကိုလံဘတ်စ် ခရူ အသင်း ခေါင်းဆောင် စတီဗင် မိုရီရာ၊ နယ်သာလန်ဖွား တိုက်စစ်မှူး ဂယ်ရီ ရိုဒရီဂွက်စ်နဲ့ ပေါ်တူဂီဖွား ကွင်းလယ်လူ တယ်လ်မို အာကန်ဂျိုတို့ ပါဝင်ပါတယ်။ လူဦးရေ ၆ သိန်းခန့်သာ ရှိသော အနောက် အာဖရိက ကျွန်းစု နိုင်ငံဟာ၂၀၁၈ ခုနှစ်က အိုက်စလန်နဲ့ အခုနှစ်မှာ ပထမဆုံး ပါဝင်မယ့် ကူရာကာအို တို့ရဲ့ နောက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တဲ့ တတိယမြောက် အသေးငယ်ဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ကူရာကာအို
ကူရာကာအို ကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ဂျမေကာနဲ့ အရေးကြီးတဲ့ ပွဲမှာ သရေ ရလဒ်ကို ရယူကာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသေးငယ်ဆုံးသော နိုင်ငံ အဖြစ်လည်း သမိုင်းတွင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် နယ်သာလန် အန်တီလစ် ပြိုကွဲပြီးနောက် နယ်သာလန် နိုင်ငံတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတဲ့ ဒီလို ကာရေဘီယံ ကျွန်းနိုင်ငံဟာ လူဦးရေ ၁ သိန်းခွဲကျော်သာ ရှိပြီး ဧရိယာအားဖြင့် ၁၇၁ စတုရန်းမိုင်သာ ကျယ်ဝန်းပါတယ်။

ထူးခြားချက်ဟာ အသင်း နည်းပြ ဒစ်ခ် အက်ဒ်ဗိုကတ်ဟာ အသက် ၇၈ နှစ်နဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ အသက်အကြီးဆုံး နည်းပြ ဖြစ်လာမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၀ ခုနှစ်က ဂရိကို ကိုင်တွယ်ခဲ့တဲ့ အသက် ၇၁ နှစ် အရွယ် အော်တိုရီရဲ့ စံချိန်ကို ကျော်ဖြတ်သွားမှာ ဖြစ်ပါတယ်။ အသင်းရဲ့ လူစာရင်းမှာ အက်စတွန်ဗီလာ ကွင်းလယ်လူဟောင်း လီအန်ဒရို ဘာကူနာ၊ ဟတ်ဒါစ်ဖီးလ် တိုက်စစ်မှူးဟောင်း ဂျူဂန် လိုကာဒီယာနဲ့ မန်ချက်စတာယူနိုက်တက် လူငယ် ကစားသမားဟောင်း တာဟစ် ချောင်တို့ ပါဝင်ပါတယ်။ သူတို့ဟာ ၄ ကြိမ် ချန်ပီယံ ဂျာမနီ၊ အီကွေဒေါနဲ့ အိုင်ဗရီကို့စ်တို့ ပါဝင်တဲ့ ခက်ခဲတဲ့ အုပ်စုမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဂျော်ဒန် (Jordan)
ဂျော်ဒန်ဟာ ၁၉၈၆ ခုနှစ်ကတည်းက ကမ္ဘာ့ဖလားဆီ တက်လှမ်းဖို့ ဆယ်စုနှစ် များစွာ ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်မြင်မှု မရရှိခဲ့ပါဘူး။ ဒီတစ်ကြိမ် မှာတော့ သူတို့ဟာ အာရှခြေစစ်ပွဲ အုပ်စု B မှာ တောင်ကိုရီးယားရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်ပြီး သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဂျာမလ် ဆဲလ်လာမီ ကိုင်တွယ်နေတဲ့ ဒီအသင်းမှာ ဂျော်ဒန်လိဂ်၊ အီရတ်လိဂ်နဲ့ ဆော်ဒီပရိုလိဂ် တို့က ကစားသမားတွေ အများဆုံး ပါဝင်နေပါတယ်။ ထူးခြားချက်က ပြင်သစ် လီဂူး ၁ ကလပ် ရန်းစ်မှာ ကစားနေတဲ့ အသင်းခေါင်းဆောင် မူဆာ အယ်လ်-တာမာရီ ဖြစ်ပါတယ်။
ဥဇဘက်ကစ္စတန်
ဥဇဘက်ကစ္စတန် အသင်း ကတော့ နည်းပြ တီမူယာ ကာပတ်ဇ်ရဲ့ လမ်းပြမှုနဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဆောင်းဦးမှာ အံ့အားသင့်ဖွယ်နဲ့ အငြင်းပွားဖွယ် အသင်းနဲ့ လမ်းခွဲခဲ့ပြီး ၂၀၀၆ ခုနှစ်က အီတလီနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင် ဖာဘီယို ကန်နာဗာရိုကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်က ဘယ်လို အကျိုးသက်ရောက်မလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့်လည်း အသင်း အတွက် စိန်ခေါ်မှု ကြီးမားနေမှာ ကတော့ သေချာပါတယ်။ ဥဇဘက်ကစ္စတန်ဟာ ပေါ်တူဂီ၊ ကိုလံဘီယာနှင့် ဒီအာရ် ကွန်ဂို တို့နဲ့ အတူ ခက်ခဲတဲ့ အုပ်စုတွင်း ကျရောက်နေပြီး ကန်နာဗာရိုရဲ့ အသင်း အတွက် ကမ္ဘာ့စင်မြင့်ထက်တွင် သင်ခန်းစာယူစရာ များစွာ ရှိနေပါလိမ့်မယ်။ ဒါပေမယ့်လည်း အသင်းရဲ့ လူစာရင်းမှာ မန်ချက်စတာစီးတီး နောက်ခံလူ အက်ဘ်ဒူကိုဒီယာ ကူဆာနော့ဗ်နဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အဲ့လ်ဒေါ ရှိုမူရိုဒေါ့ဗ် တို့လို ဥရောပမှာ ကစားနေတဲ့ နာမည်ကြီး ကစားသမားတွေ ရှိနေပါဝယ်။ ဥဇဘက်ကစ္စတန်ဟာ ရုရှားနဲ့ ယူကရိန်း ပြီးနောက် ဆိုဗီယက်ပြည်ထောင်စု ကနေ ခွဲထွက်လာတဲ့ တတိယမြောက် နိုင်ငံ ဖြစ်ပြီး ဗဟို အာရှ ကနေ ပထမဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တဲ့ နိုင်ငံ အဖြစ် သမိုင်း မှတ်တမ်းတင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


