ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
မိုဟာမက် ဆာလာ ကတော့ ဒီနွေရာသီမှာ လစ်ဗာပူးလ် အသင်း ကနေ ထွက်ခွာပါက ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ရင် လုပ်ခလစာ ပိုမိုရရှိနိုင်မှာကို သိရှိပေမယ့်လည်း ဥရောပမှာပဲ ဆက်လက် ကစားဖို့ ဆန္ဒရှိနေပါတယ်။
တူရကီ ကလပ် ဖီနာဘာချီ ကတော့ အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် မိုဆာလာရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ အသင်းရဲ့ ၃ နှစ်စာ စီမံကိန်းကို ကမ်းလှမ်း တင်ပြခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်ချက်စတာစီးတီး ကတော့ ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကီလီယန် အမ်ဘာပေးကို စောင့်ကြည့်နေပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အမ်ဘာပေးကို အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ တွဲဖက်ပေးဖို့ စိတ်ကူး အိပ်မက် ရှိနေပါတယ်။
တခြား တစ်ဖက် မှာလည်း မန်စီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ်က သူ့ရဲ့ ကစားသမားဘဝ ပွဲထွက်ခွင့် မိနစ် နည်းပါးမှုကြောင့် အသင်း ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ သူ့ကိုတော့ အက်စတွန်ဗီလာ အသင်းက အထူးစိတ်ဝင်စားနေပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ထပ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အော်ရီလီယန် ချူအာမေနီဟာ ဖက်ဒရီကို ဗယ်လ်ဗာဒီနဲ့ စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ဘာနေဗျူး ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ အကယ်၍ ထွက်ခွာခွင့် ရရှိမယ် ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ အဆင်သင့် ရှိနေပါတယ်။
အဲလ်ဟီလာ တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ ဂျူဗင်တပ်စ် အသင်း တို့က ခေါ်ယူဖို့ စဉ်းစားနေကြပါတယ်။ နူညက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုဖွယ် ရှိပေမယ့်လည်း ကစားသမား တောင်းဆိုမယ့် မြင့်မားတဲ့ လစာနှုန်းထား ကိုတော့ ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ ပေးချေနိုင်ရမှာလည်း ဖြစ်ပါတယ်။
မိုနာကို ကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ နယူးကာဆယ် အသင်းတို့ အကြား အပြောင်းအရွှေ့ အားပြိုင်မှုများ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။
စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ဖရန်စစ္စကို ထရင်ကာအိုကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ရဲ့ အပြိုင်အဆိုင် ကြိုးပမ်းမှုထဲကို အာဆင်နယ် အသင်းပါ ပူးပေါင်း ပါဝင်လာခဲ့ပါတယ်။
ဝက်စ်ဟမ်း အသင်း ကတော့ ပေါ်တူဂီ ကွင်းလယ်လူ မားသီးယက်စ် ဖာနန်ဒက်စ်ကို မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့လို အသင်းကြီးတွေ ရန်ကနေ ကာကွယ်ဖို့ အတွက် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၈၄ သန်း အထိ အမြင့်ဆုံး သတ်မှတ် တောင်းဆိုဖို့ ပြင်ဆင်ထားပါတယ်။
အာဆင်နယ် အသင်းသာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလား နှစ်လုံးကို သိမ်းပိုက်နိုင်ခဲ့ရင် ဒါဟာ ကလပ် သမိုင်းတစ်လျှောက် “ အကောင်းဆုံး အသင်း” အဖြစ် မှတ်တမ်းဝင်သွားလိမ့်မယ်လို့ အီယန် ရိုက်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်း အာဆင်နယ်ရဲ့ ပထမဆုံး လိဂ်ဖလား အိပ်မက် အတွက် နောက်ထပ် ခြေတစ်လှမ်း နီးစပ်သွားစေခဲ့ပါတယ်။
အာဆင်နယ်ကို ၁-၀နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပွဲပြီးခါနီး ချေပဂိုး ပယ်ဖျက်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဂျာရော့တ် ဘိုဝင်က VAR ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ပွဲကစားချိန် ၉၅ မိနစ်မှာ ကော်လမ် ဝီလ်ဆင်က ဝက်စ်ဟမ်း အတွက် အဖိုးတန် ချေပဂိုး သွင်းပေးနိုင်ခဲ့တယ်လို့ ထင်ရပေမယ့် VAR ကြောင့် သွင်းဂိုး အဖြစ်တော့ အတည်ပြုခြင်း မခံခဲ့ရပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


