နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လစ်ဗာပူးလ် ကနေ ထွက်ခွာချင်နေတဲ့ ဂက်ခ်ပို၊ လူးဝစ် ဟောလ်ကို အတည် ကြိုးပမ်းမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

နည်းပြ အာနေး ဆလော့တ် လစ်ဗာပူးလ် ကနေ ထွက်ခွာသွားပြီးနောက် တိုက်စစ် ကစားသမား ကိုဒီ ဂက်ခ်ပို ဟာလည်း အသင်းကနေ ထွက်ခွာချင်နေပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ဘက် စပါး ကတော့ ဒီဒတ်ချ် လူမျိုး တောင်ပံ ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် အလားအလာကောင်းနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

တစ်ဖက် မှာလည်း ဟာဗေး အဲလီယော့တ်က နည်းပြ ဆလော့တ် ထုတ်ပယ်ခံရပြီး နောက်ပိုင်း လစ်ဗာပူးလ်မှာ သူ့ရဲ့ ကစားသမားဘဝကို အစကနေ ပြန်လည် တည်ဆောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ်အသင်းရဲ့ ဘယ်နောက်ခံလူ လူးဝစ် ဟောလ် ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ခံလူ ရှာဖွေမှုကို အဲ့ဒီတင် ရပ်တန့်မထားဘဲ ဘာစီလိုနာအသင်းရဲ့ အလက်ဟန်ဒရို ဘဲလ်ဒီနဲ့ ဖရန့်ဖတ်ရဲ့ နာသန်နီရယ် ဘရောင်း တို့ကိုလည်း မျက်စိကျနေပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အတွက် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ တိုက်စစ်မှူး ဂျင်းန်-ဖိလစ် မက်တေးတားကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရို သန်း ၅၀ (ပေါင် ၄၃ သန်း) ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ 

အာဆင်နယ် အသင်းဟာ အသက် ၂၀ အရွယ် ပေါ်တို အသင်းရဲ့ တောင်ပံကစားသမား ဝီလျံ ဂိုးမက်စ်ကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်နဲ့ အတူ လေ့လာစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အဆိုပါ ကစားသမားကို အက်တလက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

တူရကီ ကလပ် ဘက်ဆစ်တပ်စ်ဟာ အာဆင်နယ် တောင်ပံကစားသမား လီအန်ဒရို ထရော့ဆတ်ဒ်ကို လာမယ့် နွေရာသီအပြောင်းအရွှေ့ အတွက် သူတို့ရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ အာဆင်နယ် ဘက်ကလည်း ထရော့ဆက်ဒ်ကို ရောင်းချဖို့ လမ်းဖွင့်ထားပြီး၊ သူ့ကို ဘက်ဆစ်တပ်စ် အသင်း အပြင် အက်တလက်တီကိုမက်ဒရစ်၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် အသင်း တို့ကလည်း စောင့်ကြည့်နေကြပါတယ်။ 

ဝက်စ်ဟမ်း တိုက်စစ်မှူး ဂျာရော့ဒ် ဘိုဝင်ကို ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ နယူးကာဆယ် တို့က စိတ်ဝင်စားနေကြပေမယ့် သူကတော့ ဝက်စ်ဟမ်း အသင်းမှာပဲ ဆက်နေပြီး အသင်းကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ဆောင်သွားပေးချင်တယ်လို့ ကလပ် အသင်းကို ကတိပြု ပြောကြားထားပါတယ်။

ကိုလုံး အသင်းရဲ့ တောင်ပံကစားသမား ဆအစ် အယ်လ် မာလာရဲ့ အေးဂျင့် ဖြစ်သူဟာ ချဲလ်ဆီး အသင်း ဆီကနေ ကမ်းလှမ်းမှုရရှိဖို့ မျှော်လင့်ချက်နဲ့ တခြား ကလပ်အသင်းတွေရဲ့ ချဉ်းကပ်မှုတွေကို ငြင်းပယ်နေပါတယ်။ 

ချဲလ်ဆီး အသင်းရဲ့ ကင်းထောက်တွေဟာ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ရဲ့ လက်စွမ်းကို စောင့်ကြည့်ခဲ့ကြပါတယ်။

နယူးကာဆယ် အသင်းဟာ အန်သိုနီ ဂေါ်ဒွန်ကို ဘာစီလိုနာ အသင်းထံ လက်လွှတ်လိုက်ရပြီးနောက် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အိုဆာဆူနာ အသင်းရဲ့ ဗစ်တာ မူနော့ဇ်ကို အဓိက ပစ်မှတ် အဖြစ် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ လီယွန် ဂိုရက်စ်ကာကို အာဆင်နယ်နဲ့ ဂျူဗင်တပ်စ် အသင်း တို့က စိတ်ဝင်စားနေကြပါတယ်။ 

ယော့စကို ဂဗာဒီယိုလ်ဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာစီးတီး အသင်း ကနေ ထွက်ခွာဖို့ မျှော်လင့်နေပြီး၊ အကယ်၍ သူက ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ခွင့် တောင်းဆိုလာရင် စီးတီး ဘက်က တားဆီးဖို့ မရှိပါဘူး။ ဒါပေမယ့်လည်း မန်စီးတီး အသင်းက သူ့ကို စာချုပ်သစ်နဲ့ အသင်းမှာ ဆက်ရှိနေအောင် ဖျောင်းဖျချင်နေပြီး၊ အကယ်၍ လာရောက် ကမ်းလှမ်းမယ့် အသင်းက ယူရို ၉၀ သန်း (ပေါင် ၇၈ သန်း) ဝန်းကျင်ပေးမှသာ ထွက်ခွာခွင့်ပြုမယ်လို့ ပြတ်ပြတ်သားသား အသိပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်