ဖူလ်ဟမ် အသင်း နည်းပြဟောင်း မာကို ဆေးလ်ဗားဟာ ပေါ်တူဂီ ပရီးမီးယားလီဂါ ကလပ် ဘင်ဖီကာရဲ့ နည်းပြ အဖြစ် တာဝန်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် တဖက်မှာလည်း ဟိုဆေး မော်ရင်ညို အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီ တရားဝင် ပြန်လည်ရောက်ရှိဖို့ လမ်းပွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဘင်ဖီကာ အသင်းဟာ မာကို ဆေးလ်ဗားကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပြီး၊ အခုအခါမှာတော့ ဂျိုဆေး မော်ရင်ဟို ရီးရဲလ်မက်ဒရစ်ကို ပြန်လည် ပြောင်းရွှေ့မယ့် ကိစ္စဟာ အပြီးသတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ တပတ်က ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် ဖလော်ရန်တီနို ပီရက်ဇ်က မော်ရင်ဟိုကို ဆန်တီယာဂို ဘာနေဗျူးဆီ ပြန်လည် ခေါ်ဆောင်လာတော့မှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
မော်ရင်ညိုဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ် အထိ လော့စ်ဘလန်ကို တို့ကို ဦးဆောင်ခဲ့ဖူးပြီး လာလီဂါ ဖလား တစ်ကြိမ်၊ ကိုပါဒယ်ရေး ဖလား တစ်ကြိမ်နဲ့ စပိန်စူပါဖလား ဖလား တစ်ကြိမ် တို့ကို ဆွတ်ခူးပေးခဲ့ဖူးပါတယ်။ သူဟာ ထိုစဉ်က ရီးရဲလ်မက်ဒရစ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၇၄ ပွဲမှာ ၁၂၆ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး (၂၇ ပွဲသရေ၊ ၂၁ ပွဲရှုံး)၊ နိုင်ပွဲရရှိမှု ရာခိုင်နှုန်းအားဖြင့် ၇၂.၄% အထိ ရှိခဲ့တာကြောင့် ဒါဟာ သူကိုင်တွယ်ခဲ့ဖူးသမျှ အသင်းတွေထဲမှာ နိုင်ပွဲ ရာခိုင်နှုန်း အမြင့်မားဆုံး အသင်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘင်ဖီကာကို စတင်တာဝန်ယူခဲ့ပြီးနောက် ၂၀၂၅-၂၆ ရာသီ ပေါ်တူဂီ ပရီးမီးယားလီဂါ ပြိုင်ပွဲမှာ ရှုံးပွဲ မရှိစံချိန် တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၃၄ ပွဲမှာ ၁၁ ပွဲ အထိ သရေကျခဲ့တာကြောင့် ပေါ်တိုနဲ့ စပို့တင်းစီပီ အသင်း တို့ရဲ့ နောက်ကွယ် တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲလ်ဗာရို အာဘီလိုအာ မက်ဒရစ် ကနေ ထွက်ခွာသွားကြောင်း အတည်ပြုချက် ထွက်ပေါ်လာပြီးနောက် မော်ရင်ဟို စပိန်မြို့တော်ဆီ ပြန်လည်ရောက်ရှိဖို့ အချိန်ပိုင်းသာ လိုတော့တာကြောင့် ဘင်ဖီကာ အသင်း အနေနဲ့ သူ့နေရာမှာ အစားထိုးဖို့ အလျင်အမြန် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လစ္စဘွန်းထိပ်သီး ဘင်ဖီကာ အသင်းဟာ အင်္ဂါနေ့က ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်မှာ ဆေးလ်ဗားဟာ အက်စတာဒီယို ဒါ လုဇ် ကွင်းမှာ ၁၂ လ သက်တမ်း တိုးခွင့် ရွေးချယ်မှု အပါအဝင် ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဆေးလ်ဗားဟာ ခရေဗင်ကော့တေ့ချ်ကွင်းမှာ ၅ ရာသီကြာ တာဝန်ယူခဲ့ပြီးနောက် မကြာသေးမီကတင် ဖူလ်ဟမ် အသင်း ကနေ ထွက်ခွာလာခဲ့သူဖြစ်ပြီး၊ သူဟာ ၂၀၂၁-၂၂ ရာသီမှာ ဖူလ်ဟမ်ကို ချန်ပီယံရှစ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို ပရီးမီးယားလိဂ် မှာလည်း အခြေခိုင်အောင် ပြန်လည် တည်ဆောက်ပေးခဲ့သူ ဖြစ်ပါတယ်။
ဆေးလ်ဗားရဲ့ လမ်းညွှန်မှု အောက်မှာ ဖူလ်ဟမ် အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ရာသီ အတွင်း အဆင့် ၁၀၊ ၁၃၊ ၁၁ နဲ့ ၁၁ အသီးသီး ရရှိခဲ့ပြီး၊ ၂၀၂၄-၂၅ ရာသီမှာတော့ သူတို့ အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အမြင့်ဆုံး ရမှတ် ၅၄ မှတ် အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ ပရီးမီးယားလိဂ် နိုင်ပွဲရရှိမှု ရာခိုင်နှုန်း ၃၈.၂% ဟာ ဖူလ်ဟမ် နည်းပြတွေထဲမှာ အကောင်းဆုံး ဖြစ်ပြီး၊ ပွဲပေါင်း ၁၅၂ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၅၈ ပွဲအထိ အနိုင်ရရှိခဲ့တာကြောင့် ခရစ် ကိုးလ်မန်းနဲ့ အတူ ဖူလ်ဟမ် အသင်း အတွက် ပရီးမီးယားလိဂ်မှာ ပွဲအများဆုံး ကိုင်တွယ်ခဲ့သူ အဖြစ် ပူးတွဲ စံချိန်တင်ထားနိုင်ခဲ့ပါတယ်။
ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ရာသီက ဘင်ဖီကာရဲ့ ပရီးမီးယားလီဂါ မြို့ခံ ပြိုင်ဘက် ဖြစ်တဲ့ စပို့တင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ စပို့တင်းမှာ ပေါ်တူဂီဖလားကို ရရှိခဲ့ပြီးနောက် အိုလံပီယာကော့စ်၊ ဟားလ်စီးတီး၊ ဝက်ဖို့ဒ်နဲ့ အဲဗာတန် အသင်း တို့ဆီ ပြောင်းရွှေ့ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဖူလ်ဟမ် အသင်း အနေနဲ့ ဆေးလ်ဗားရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အစ်ပ်ဆွစ်ချ်တောင်း အသင်းရဲ့ နည်းပြ ကီရန် မက်ကင်နာကို ပစ်မှတ်ထားနေပြီး၊ သူတို့ အလိုချင်ဆုံး နည်းပြ ဖြစ်နေပေမယ့်လည်း မက်ကင်နာရဲ့ စာချုပ်ထဲမှာ ပေါင် ၈ သန်း တန်ကြေး ရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


