နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘင်ဖီကာသို့ ပြောင်းရွှေ့ဖို့ ရေပန်းစားနေချိန်မှာ မာကို ဆေးလ်ဗား ဖူလ်ဟမ် ကနေ ထွက်ခွာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ်ရဲ့ နည်းပြ ဖြစ်သူ မာကို ဆေးလ်ဗား ကတော့ ခရေဗင်ကော့တေ့ဂျ်ကို စွန့်ခွာခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဒီလို အတည်ပြု အတည်ပြုပြီးနောက် မှာတော့ ပေါ်တူဂီသား နည်းပြက ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့တော့မယ့် ဟိုဆေး မော်ရင်ညိုရဲ့ နေရာမှာ အစားထိုးဖို့ ပေါ်တူဂီ ပရီးမီးယားလီဂါ ကလပ် ဘင်ဖီကာ အသင်းထံ ပြောင်းရွှေ့တော့ဖို့လည်း များသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ဖူလ်ဟမ်ကို ၅ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး၊ ၂၀၂၀-၂၁ ရာသီက နည်းပြ စကော့တ် ပါကား လက်ထက်မှာ တန်းဆင်းခဲ့ရတဲ့ ဖူဟမ်ကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဦးဆောင်မှု အောက်မှာတော့ ဖူလ်ဟမ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ရာသီ အတွင်း အဆင့် ၁၀၊ ၁၃၊ ၁၁ နဲ့ ၁၁ နေရာတွေ အသီးသီး ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄-၂၅ ရာသီမှာ ရမှတ် ၅၄ မှတ်နဲ့ အသင်း သမိုင်းတလျှောက် အမြင့်ဆုံး ပရီးမီးယားလိဂ် ရမှတ် စံချိန်ကို တင်နိုင်ခဲ့ပါတယ်။

အဲဗာတန်နဲ့ ဝက်ဖို့ဒ် နည်းပြဟောင်း မာကို ဆေးလ်ဗားက ပရိသတ်တွေဆီ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာ မှာတော့ အောက်ပါ အတိုင်း ရေးသားထားပါတယ်။ “၅ နှစ်တာ ဖြတ်သန်းပြီးတဲ့ နောက်မှာ ကျွန်တော်တို့ရဲ့ အတူတကွ ခရီးလမ်းက ပြီးဆုံးသွားခဲ့ပါပြီ။ ပထမဆုံးနေ့ကတည်းက အမြဲတမ်း အတူရှိပေးဖို့ တောင်းဆိုခဲ့တာကို ပရိသတ်တွေက ၅ နှစ်လုံးလုံး ဖြည့်ဆည်းပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ အတူတူ အောင်မြင်မှုတွေ အများကြီး ရခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ပံ့ပိုးမှုကို ကျွန်တော်နဲ့ ကျွန်တော့် အဖွဲ့သားတွေ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဖူလ်ဟမ်ဟာ ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိနေမှာ ဖြစ်ပြီး တစ်နေ့နေ့မှာ ခရေဗင်ကော့တစ်ဂျ်ကို ပြန်လာခဲ့ပါဦးမယ်။”လို့ ဆေးလ်ဗားက ရေးသား ဖော်ပြခဲ့ပါတယ်။

ဆေးလ်ဗားဟာ ၃၈.၂ ရာခိုင်နှုန်းနဲ့ ပရီးမီးယားလိဂ် သမိုင်း တလျှောက် ဖူလ်ဟမ် နည်းပြတွေ အနက် အနိုင်ရာခိုင်နှုန်း အကောင်းဆုံး ဖြစ်ပါတယ်။
ဖူလ်ဟမ် သမိုင်းတလျှောက် အအောင်မြင်ဆုံး နည်းပြ ဖြစ်ခဲ့တဲ့ မာကို ဆေးလ်ဗား

ဖူလ်ဟမ် အသင်း ပိုင်ရှင် ဖြစ်တဲ့ ရှာဟစ် ခန်းရဲ့ ထုတ်ပြန်ချက် မှာတော့ “မာကို ဆေးလ်ဗားဟာ ကျွန်တော့်ရဲ့ ကျေးဇူးတင်ရှိမှု၊ ကောင်းမွန်တဲ့ ဆုမွန်ကောင်းတောင်းမှုတွေနဲ့ အတူ ကျွန်တော်တို့ ကလပ် ကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဖူလ်ဟမ် အသင်းနဲ့ မာကိုတို့ဟာ ပြီးခဲ့တဲ့ ၅ ရာသီလုံးလုံး အဆင်ပြေပြေ လက်တွဲနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ အပြောင်းအလဲဆိုတာ ရှောင်လွှဲလို့ မရတဲ့ အရာ ဖြစ်တာကြောင့် ကျွန်တော်တို့ ဘက်ကလည်း ဒီလိုအချိန်အခါမျိုး အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။”
“ကျွန်တော်တို့ အသင်းမှာ ရှိတဲ့ အရည်အချင်းရှိတဲ့ ကစားသမားစုဖွဲ့မှု၊ သမိုင်းဝင် ခရေဗင်ကော့တစ်ချ် အိမ်ကွင်းကြီး၊ သစ္စာရှိတဲ့ အသင်း ပရိသတ်တွေနဲ့ ကလပ် အသင်းကို အစဉ်တစိုက် ပံ့ပိုးပေးမယ့် ကျွန်တော့်ရဲ့ ကတိကဝတ်တွေဟာ အသစ် ရောက်ရှိလာမယ့် နည်းပြချုပ်သစ် အတွက် ဖူလ်ဟမ်ကို ဆွဲဆောင်မှု အပြည့် ရှိတဲ့ နေရာ တစ်ခု ဖြစ်စေမှာပါ။”

“ကျွန်တော်တို့ အသင်းရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီပြီး ကမ္ဘာအနှံ့မှာ ရှိတဲ့ ပရိသတ်တွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အသင်းခေါင်းဆောင်သစ် (နည်းပြသစ်) တစ်ဦးကို အချိန်မီ အစစအရာရာ သေချာစိစစ်ပြီး မကြာမီ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။” လို့ ရေးသားထားပါတယ်။

အမှန်တကယ်တော့ မာကို ဆေးလ်ဗားက ဘင်ဖီကာရဲ့ မြို့ခံပြိုင်ဘက် စပို့တင်းလစ္စဘွန်း အသင်း ကိုလည်း ယခင်က ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ BBC သတင်းဌာနဲရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ မာကို ဆေးလ်ဗားက မော်ရင်ညိုရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ဖို့ ဘင်ဖီကာနဲ့ သဘောတူညီမှု ရရှိလုနီးပါး ဖြစ်နေပြီလို့ သိရပါတယ်။ မော်ရင်ညို ကတော့ မကြာမီအချိန် အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် အဖြစ် တာဝန်ယူဖို့ သေချာသလောက် ရှိနေပြီး၊ သူဟာ ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာကို ရှုံးပွဲ မရှိ မှတ်တမ်းနဲ့ လိဂ်အဆင့် ၃ နေရာ ရောက်အောင် ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ၃၈.၂ ရာခိုင်နှုန်းနဲ့ ပရီးမီးယားလိဂ် သမိုင်း တလျှောက် ဖူလ်ဟမ် နည်းပြတွေ အနက် အနိုင်ရာခိုင်နှုန်း အကောင်းဆုံး ဖြစ်ပါတယ်။ နိုင်ပွဲ ၅၈ ပွဲ ကလည်း ဖူလ်ဟမ် နည်းပြတွေထဲမှာ ပရီးမီးယားလိဂ် နိုင်ပွဲ အများဆုံး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလ်ဗားက ၁၅၂ ပွဲ အထိ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ် အသင်းကို အများဆုံး ကိုင်တွယ်ခဲ့တဲ့ နည်းပြ ခရစ္စ ကိုးလ်မန်းရဲ့ ပွဲအရေအတွက် စံချိန်ကို လိုက်မှီခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်