ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ သူတို့ရဲ့ အပြောင်းအရွှေ့ ဦးစားပေး လုပ်ငန်းစဉ် တစ်ခုလုံးကို ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာဟာ သူတို့ရဲ့ တိုက်စစ်မှူး အသစ် ခေါ်ယူမယ့် အစီအစဉ် ကိုပါ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီအစား လူငယ်ကြယ်ပွင့် လာမင်း ယာမယ်ကို အထောင် တိုက်စစ် နေရာမှာ ပြောင်းလဲ အသုံးပြုသွားမှာ ဖြစ်ပြီး၊ တိုက်စစ်မှူး အတွက် သုံးစွဲမယ့် အရန်ငွေတွေ ကိုတော့ ညာတောင်ပံ ကစားသမား အသစ် တစ်ဦး ခေါ်ယူဖို့ အတွက် အစားထိုး အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာ အသင်း ပြန်လည် ခေါ်ယူချင်နေတဲ့ တောင်ပံ ကစားသမားဟာ ရီးရဲလ်ဘက်တစ် အသင်းက အက်ဇ် အာဘဒီ ဖြစ်လာဖို့တော့ မရှိသလောက်ပါပဲ။ အသက် ၂၄ နှစ် အရွယ် အာဘဒီ အတွက် ဘာစီလိုနာက ယူရို သန်း ၃၀ သာ အများဆုံး ပေးချေဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့ကပါ စိတ်ဝင်စားလာတာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ဘာစီလိုနာက သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်း ကလည်း သူတို့ အသင်း အတွက် ထိပ်တန်း အဆင့် တောင်ပံ ကစားသမား တစ်ဦး လိုချင်နေပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်က ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမား အလဲအထပ် လုပ်မယ့် အစီအစဉ် တစ်ခုကို ချပြလိုက်ပါတယ်။ အဆိုပါ အစီအစဉ်အရ ရီးရဲလ်မက်ဒရစ် ဘက်က ဘရာဟင်မ် ဒီးယက်ဇ်နဲ့ ဂွန်ဇာလို ဂါစီယာတို့ နှစ်ဦးစလုံးကို ဂျူဗင်တပ်စ်ထံ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
တူရကီ ကလပ် ဂါလာတာဆာရေးဟာ လစ်ဗာပူးလ် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အကယ်၍ မအောင်မြင်ခဲ့ဘူး ဆိုရင် ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ဒုတိယ ဦးစားပေး အဖြစ် ခေါ်ယူဖို့ သတ်မှတ်ထားပါတယ်။

ရော်ဘတ် လီဝမ်ဒေါစကီး ဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာ အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခါနီးနေပြီ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အတွက် ချီကာဂိုဖိုင်းယားနဲ့ ပေါ်တို တို့က ကမ်းလှမ်းထားပေမယ့် ဝါရင့် တိုက်စစ်မှူးကြီး ကတော့ ဆော်ဒီအာရေဗျရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ပိုပြီး ဆန္ဒရှိနေပါတယ်။
လိုင်ယွန်မှာ အငှားနဲ့ ကစားနေတဲ့ အန်းဒရစ်ခ်ဟာ အငှား သက်တမ်းကုန်ဆုံးပြီးနောက် ရီးရဲလ်မက်ဒရစ်ဆီ ပြန်လာမှာ ဖြစ်ပြီး လာမယ့်တနင်္လာနေ့မှာပဲ စပိန်မြေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ကြံ့ခိုင်မှုထိန်းသိမ်းဖို့အတွက် မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းတွေကို အသုံးပြုခွင့်ရမှာ ဖြစ်ပေမယ့် ရာသီကြို လေ့ကျင့်ရေးတွေ မစတင်မချင်း အဲလ်ဗာရို အာဘီလိုအာရဲ့ ပထမ အသင်းကြီးနဲ့ သီးခြားစီ နေထိုင်သွားရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ အလာဗက်စ်ကို ၁-၀ နဲ့ ရှုံးခဲ့ပြီးနောက် ရမှတ် ၁၀၀ မပြည့်ပဲ ရာသီပိတ်သိမ်းရမှာနဲ့ ပတ်သက်ပြီး စိတ်ပျက်နေပါတယ်။ ဖလစ်ခ် အဓိက စိတ်ပျက်နေတာက ရမှတ် ၁၀၀ နဲ့ ရာသီပိတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံလိုက်ရလို့ ဖြစ်ပြီး အသင်း ကတော့ အစောပိုင်း ကတည်းက လာလီဂါ ဖလားရယူပြီးသား ဖြစ်တာကြောင့် ယခုပွဲကို တန်းဆင်းဇုန်က ရုန်းထွက်ချင်နေတဲ့ အလာဗက်စ် ကသာ အားထည့် ကစားသွားခဲ့ပါတယ်။
ဘာစီလိုနာကို အနိုင်ရလိုက်တာကြောင့် အလာဗက်စ် အနေနဲ့ တန်းဆင်းဇုန် အထက် ရမှတ် တစ်မှတ် အကွာနဲ့ အလွတ်ရုန်းထားနိုင်ခဲ့ပြီး အကယ်၍သာ ရှုံးခဲ့ပါက တန်းဆင်းရဖို့ အတော်လေးကို အန္တရယ်များနေခဲ့ဦးမှာ ဖြစ်ပါတယ်။ ဖလစ်ခ်က “အမှန်တိုင်း ပြောရရင် စိတ်ပျက်ပါတယ်၊ ဒါပေမယ့် ဒီရှုံးပွဲ ကိုတော့ လက်ခံဖို့ လိုအပ်နေပါတယ်၊ ကျွန်တော်တို့ အနိုင်ကစားချင်ခဲ့သလို ရမှတ် ၁၀၀ နဲ့ ရာသီပိတ်ချင်နေခဲ့တာပါ၊ အခုတော့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကစားသွားခဲ့တဲ့ ကစားသမားတွေကို ကျွန်တော် ချီးကျူးထားပါတယ်၊ သူတို့ ကြိုးစားအားထုတ်မှုကို ကြိုက်နှစ်သက်ပါတယ်။” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


