နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အဲလ်ဗာရက်ဇ်ကို ယူရို သန်း ၁၅၀ ရမှ ရောင်းမယ့် အက်တလက်တီ၊ ဘာစီလိုနာကို ပြန်ချင်နေတဲ့ ကူကာရယ်လာ | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ နည်းပြ ဟိုဆေး မော်ရင်ညိုရဲ့ လူစာရင်းကို ပိုမိုတောင့်တင်းလာစေဖို့ အတွက် လစ်ဗာပူးလ် အသင်းရဲ့ ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘာ့ချ်ကို သူတို့ရဲ့ ပစ်မှတ် အသစ် အဖြစ် သတ်မှတ်လိုက်ပါတယ်။

နော့ဒ်ဂျယ်လန်း အသင်းရဲ့ ကွင်းလယ်လူ ကာလက်ဘ် ယီရန်ကိုင်း ဟာလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စောင့်ကြည့် ရေဒါထဲကို ရောက်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ အသိုင်းအဝိုင်းနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လာလီဂါ ကလပ် ကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ ရရှိရင် အသင်း ကနေ ထွက်ခွာခွင့်ပြုမယ်လို့ သိရပါတယ်။ တခြား ကလပ် အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့်လည်း တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ ဒီနွေရာသီမှာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ဖို့ကိုပဲ အဓိက ဦးစားပေး အဖြစ် ဆက်လက် သတ်မှတ်ထားပါတယ်။
အလားတူပဲ ချဲလ်ဆီး အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကာရယ်လာ ဟာလည်း ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အပါအဝင် တခြား အသင်း တချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ဒါပေမယ့် သူကတော့ လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ကိုပဲ အာရုံစိုက်နေပါတယ်။

ဒီနွေရာသီမှာ ဘာစီလိုနာ အသင်း ကနေ ထွက်ခွာရဖွယ်ရှိနေသူ ကတော့ လူငယ် ဂိုးသမား အာရွန် ယာကိုဘစ်ရှ်ဗီလီပဲ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ အဆိုပါ ဂိုးသမားဟာ ဟန်ဂေရီ လက်ရွေးစင် အသင်းမှာ ခြေစွမ်းပြခွင့်ရခဲ့ပြီး နောက်ပိုင်း အသင်း အတော်များများ ဆီကနေ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားမှု အများအပြား ရရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့် သူကတော့ လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ကိုပဲ အာရုံစိုက်နေပါတယ်။
ချဲလ်ဆီး ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတဲ့ မာ့ခ် ကူကာရယ်လာ

အာဆင်နယ် အသင်းရဲ့ နယ်သာလန် နာမည်ကျော် နောက်ခံလူ ဂျူရီယန် တင်ဘာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ဖို့ ရက်ပိုင်းသာ လိုတော့ချိန်မှာပဲ ဒဏ်ရာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်ပြီ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တင်ဘာဟာ ပေါင်ခြံ ဒဏ်ရာကြောင့် အာဆင်နယ် အတွက် မကစားနိုင်ခဲ့ဘဲ အခုလည်း အဲဒီဒဏ်ရာကြောင့်ပဲ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန် အသင်း လူစာရင်း ကနေ မဖြစ်မနေ နုတ်ထွက်ခဲ့ရပါတယ်။ တင်ဘာဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အဲဒီ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ၁၀ ပတ်ကြာ အနားယူခဲ့ရသလို ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လူစားဝင် အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် တင်ဘာရဲ့ ဒဏ်ရာက ရာနှုန်းပြည့် မကောင်းသေးတာကြောင့် နယ်သာလန် အသင်း လူစာရင်း ကနေ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ပွဲကစားချိန် အတွင်း ကွင်းထဲမှာ လဲကျခဲ့လို့ ဆေးရုံတင်ခဲ့ရတဲ့ ဒိန်းမတ် ဝါရင့်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင်ဟာ အခုဆိုရင် ဆေးရုံက ပြန်ဆင်းလာပြီး သူ့အခြေအနေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ Post တင်ပြီးတော့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ယူကရိန်းနဲ့ပွဲ၊ ဒုတိယပိုင်း ၆၅ မိနစ်မှာ အဲရစ်ခ်ဆင်ဟာ သူ့ရဲ့ ရင်ညွန့်ကို လက်နဲ့ ဖိပြီးတော့ ကွင်းထဲမှာ ရုတ်တရက် လဲကျခဲ့ပြီး ၁၀ မိနစ်ကြာ ဆေးကုသမှုခံယူပြီးတဲ့နောက် သတိပြန်ရတဲ့အတွက် ကွင်းထဲကနေ ထွက်လာချိန်မှာ ပရိသတ်တွေက သူ့ကို မတ်တတ်ရပ် လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။ အဲရစ်ခ်ဆင်ရဲ့ ဖြစ်ရပ်ကြောင့် ဒိန်းမတ်နဲ့ ယူကရိန်းတို့ ခြေစမ်းပွဲကို ဆက်မကစားတော့ဘဲ ရပ်နားခဲ့ပြီး အဲရစ်ခ်ဆင်ဟာ ဆေးရုံမှာ စမ်းသပ် စစ်ဆေးမှု ခံယူခဲ့သလို အခုအချိန်မှာတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။

ယူနိုက်တက် အသင်းဟာ မကြာသေးခင် ရက်သတ္တပတ်တုန်းက ရီးရဲလ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမီနီကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ရီးရဲလ် နည်းပြသစ် ဒုတိယအကြိမ်မြောက် ဖြစ်လာသူ မော်ရင်ညိုက ချူအာမီနီကို အသင်းမှာ ဆက်ထားဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။ အဲဒါကြောင့် ယူနိုက်တက်ဟာ တခြား ကွင်းလယ်လူ တစ်ဦးကို ပြောင်းလဲ ပစ်မှတ်ထားခဲ့ပြီး အခု ဝက်စ်ဟမ်း ကွင်းလယ်လူ မာသီးယက်စ် ဖာနန်ဒက်စ်ကို ကနဦး ချိတ်ဆက်မှု ပြုလုပ်ခဲ့တယ်လို့ နာမည်ကျော် အားကစားဂျာနယ်လစ် ဖြစ်သူ ဖာဘရစ်ဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ကနေ တန်းဆင်းခဲ့ရတဲ့ ဝက်စ်ဟမ်း အသင်းဟာ ကစားသမား ရောင်းချရမှုကနေ ပေါင်သန်း ၁၅၀ ကျော်ရရှိဖို့ ပစ်မှတ်ထားနေပြီး မာသီးယက်စ် ဖာနန်ဒက်စ်ကလည်း ဝက်စ်ဟမ်းမှာ ဆက်ကစားဖို့ အခြေအနေမရှိတော့ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်