နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဆီမီညိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ယူပြီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ ချဲလ်ဆီးကို အကြိတ်အနယ် ကစားပြီးနောက် ၂၀၂၅–၂၀၂၆ ဘောလုံးရာသီရဲ့ အက်ဖ်အေဖလား ချန်ပီယံဆုကို ဆွတ်ခူး သွားခဲ့ပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းဟာ သူတို့ရဲ့ နောက်ထပ် ပြည်တွင်း ဆုဖလား တစ်လုံးကို ထပ်မံ သိမ်းပိုက်နိုင်ဖို့ အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး အန်တိုနီယို ဆီမီညိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဝင်ဘလေကွင်းမှာပဲ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ယူထားခဲ့ပြီး ဖြစ်တဲ့ စီးတီး တို့က အခု ပွဲစဉ် မှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေခဲ့တာပါ။ ဒါပေမယ့်လည်း ပထမပိုင်းမှာ စိတ်လှုပ်ရှားစရာ မကောင်းတဲ့ ကစားကွက်ကြောင့် ပွဲကို ခက်ခဲအောင် ကိုယ်တိုင် ဖန်တီးခဲ့သလို ဖြစ်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ အထိ နှစ်သင်းစလုံး အကြိတ်အနယ် ရှိနေခဲ့ပြီးနောက် မန်စီးတီး အတွက် အန်တိုနီယို ဆီမီညိုက သူ့ရဲ့ ပြောင်မြောက်တဲ့ သွင်းဂိုးနဲ့ နိုင်ပွဲ ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။ ဆီမီညိုက အာလင်း ဟာလန်းရဲ့ မြေထောက် ဖြတ်တင်ဘောကို လှပဆန်းသစ်တဲ့ ခြေဖနောင့် ပုတ်ချက်နဲ့ ပိတ်သွင်းယူခဲ့ရာ ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ကို ကျော်ဖြတ်ပြီး ဂိုးထောင့်ထဲသို့ အနိမ့်ဘောနဲ့ လိမ့်ဝင်သွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် နည်းပြ ပပ် ဂွါဒီယိုလာ အနေနဲ့ မန်စီးတီးကို ၁၀ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ သက်တမ်း အတွင်း အကြိမ် ၂၀ ခုမြောက် အဓိက ဆုဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာဟာ သူ့ရဲ့ မန်စီးတီး နည်းပြ သက်တမ်း တလျှောက် အက်ဖ်အေဖလားကို ၃ ကြိမ်မြောက် မြှောက်ကိုင်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

 

အဓိက ပြိုင်ဘက်တွေကို ကျော်ဖြတ်ခဲ့ရတဲ့ အက်ဖ်အေဖလား ခရီးစဉ်

ဂွါဒီယိုလာ ကတော့ သူ့ရဲ့ အက်ဖ်အေဖလား ချန်ပီယံ ကစားသမားတွေကို အာရုံအပြည့် စိုက်ထားဖို့ တောင်းဆိုသွားမှာ ဖြစ်မှာ ဖြစ်ပါတယ်။
ပြည်တွင်း ဖလား ၃ လုံး အောင်မြင်မှု ရဖို့ ကြိုးစားသွားမယ့် မန်စီးတီး

မန်စီးတီး အတွက် အခု အက်ဖ်အေဖလား အောင်မြင်မှု ခရီးလမ်းဟာ သူတို့ရဲ့ ပြည်တွင်း အဓိက ပြိုင်ဘက်တွေကို တဆင့်ချင်း အနိုင်ယူ ကျော်ဖြတ်လာခဲ့ရတာကြောင့် ပိုမို ချိုမြိန်စေမှာ အမှန်ပါပဲ။ ချဲလ်ဆီးကို အနိုင်မရခင်ကတည်းက မန်စီးတီး အသင်းဟာ ၁၆ သင်း အဆင့်မှာ နယူးကာဆယ်၊ ကွာတားဖိုင်နယ်မှာ လစ်ဗာပူးလ် စတဲ့ အသင်းကြီးတွေကို အသီးသီး ဖြုတ်ချခဲ့ပါတယ်။ ဆီမီးဖိုင်နယ် မှာတော့ ချန်ပီယံရှစ် ကလပ် ဆောက်သမ်တန်ရဲ့ ခြိမ်းခြောက်မှုကို တော်တော်လေး ခံခဲ့ရပြီး ပွဲပြီးခါနီး မိနစ်ပိုင်း အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့်သာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရင်ခုန်စရာ ရုန်းကန်မှုတွေနဲ့ ဝင်ဘလေကွင်းဆီသို့ တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြီးနောက် ဆီမီညိုရဲ့ လှပတဲ့ အနိုင်ဂိုးနဲ့ သမိုင်းစာမျက်နှာသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

 

ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ အတွက် အရှိန်ယူမယ့် မန်စီးတီး

မျှော်မှန်းထားသလောက် ခရီးမပေါက်ခဲ့သည့် ဒီရာသီ အကုန်မှာ ဒုတိယမြောက် ဆုဖလား ကိုပါ ထပ်မံ ဆွတ်ခူးနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ ပျော်ရွှင်နေမှာ ဖြစ်ပေမယ့်လည်း ကြာကြာ အောင်ပွဲခံဖို့ အချိန်မရှိသေးပါဘူး။

ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့ချိန်မှာ ဇယားထိပ်က အာဆင်နယ်ရဲ့ နောက် ၂ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနေတဲ့ ဂွါဒီယိုလာရဲ့ အသင်း အတွက် ဖလားသုံးလုံး (Treble) အောင်မြင်မှု ရဖို့ အခွင့်အရေး အနည်းငယ် ကျန်ရှိနေပါသေးတယ်။ အာဆင်နယ်က လာမယ့် တနင်္လာနေ့မှာ တန်းဆင်းသွားခဲ့ရပြီ ဖြစ်တဲ့ ဘန်လေကို အိမ်ကွင်း၌ လက်ခံကစားရမှာ ဖြစ်ပြီး ဒီပွဲမှာ အနိုင်ရရင်တောင် ဂန်းနားတို့ အနေနဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဦးမှာ မဟုတ်ပါဘူး။ အကယ်၍ ဂန်းနားတို့ အနေနဲ့ စောစောစီးစီး အောင်ပွဲခံချင်ရင်တော့ လာမယ့် အင်္ဂါနေ့မှာ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမယ့် မန်စီးတီးတို့ ခြေချော်သွားဖို့ ထပ်မံ ဆုတောင်းရမှာ ဖြစ်ပါတယ်။ 

ဂွါဒီယိုလာ ကတော့ သူ့ရဲ့ အက်ဖ်အေဖလား ချန်ပီယံ ကစားသမားတွေကို အာရုံအပြည့် စိုက်ထားဖို့ တောင်းဆိုသွားမှာ ဖြစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီရဲ့ နောက်ဆုံး ပွဲစဉ် အထိ ချန်ပီယံလုပွဲကို ဆွဲဆန့်သွားကာ မေလ ၂၄ ရက်နေ့တွင် အာဆင်နယ်ကို လက်ခံကစားမယ့် ခရစ္စတယ်ပဲလေ့စ် ဆီကနေ အကူအညီ ရရှိဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်