နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အဘက်ဘက်မှာ သာလွန်နေတဲ့ မန်စီးတီးပဲ အောင်ပွဲခံသွားဖို့ များတဲ့ပွဲ | အက်ဖ်အေဖလား (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – မန်ချက်စတာစီးတီး 

၁၄၅ ကြိမ်မြောက် အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ်မှာ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ နာမည်ကျော် ဝင်ဘလေကွင်း အတွင်း မကြာခင် ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ အနောက်လန်ဒန် ကလပ် ချဲလ်ဆီးက သူတို့ရဲ့ (၉) ကြိမ်မြောက် အက်ဖ်အေဖလား အဖြစ် အောင်ပွဲခံနိုင်ဖို့ တိုက်ပွဲဝင်မှာ ဖြစ်ပြီး မန်စီးတီး ကတော့ အင်္ဂလန်ရဲ့ အရှိန်အဝါ အကြီးမားဆုံး ပြည်တွင်းဖလား ပြိုင်ပွဲမှာ (၈) ကြိမ်မြောက် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။။

 

ချဲလ်ဆီး

လက်ရှိ ယူ-၂၁ အသင်း နည်းပြ ကော်လမ် မက်ဖာလိန်းက ယာယီ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်နေပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်တွင် အန်တိုနီယို ကွန်တီ နောက်ပိုင်း ချဲလ်ဆီးကို အက်ဖ်အေဖလား ရယူပေးနိုင်မယ့် ပထမဆုံး နည်းပြ ဖြစ်လာဖို့ ရည်မှန်းထားပါလိမ့်မယ်။ ချဲလ်ဆီးက အက်ဖ်အေဖလား ဗိုလ်လုပွဲကို (၁၇) ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး သူတို့ထက် ပိုမို တက်လှမ်းနိုင်တဲ့ အသင်းတွေ ဆိုလို မန်ချက်စတာယူနိုက်တက် (၂၂ ကြိမ်) နဲ့ အာဆင်နယ် (၂၁ ကြိမ်) တို့သာ ရှိထားပါတယ်။ ဝင်ဘလေကို မရောက်ရှိခင် ယခင် ဖြတ်သန်းခဲ့တဲ့ ပွဲစဉ် ၄ ပွဲ စလုံးမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် ပြင်ပမှ ကလပ်တွေ (ချာလ်တန်၊ ဟားလ်စီးတီး၊ ရက်စ်ဟမ်းနဲ့ ပို့တ်ဗေးလ်) ကိုသာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ တစ်ရာသီတည်းတွင် ပရီးမီးယားလိဂ် အသင်း နှစ်သင်းကို နောက်ဆုံးအကြိမ် ကျော်ဖြတ်နိုင်ခဲ့တာက ၂၀၂၀-၂၁ ရာသီက ဖြစ်ပြီး၊ အဲဒီအချိန်က ကွာတားဖိုင်နယ်မှာ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရကာ ဆီမီးဖိုင်နယ်တွင် မန်စီးတီးကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ချဲလ်ဆီးက ဒီရာသီ အက်ဖ်အေဖလား ပြိုင်ပွဲရဲ့ ၅ ပွဲတွင် ၂၁ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးသွင်းအားကောင်းခဲ့တာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ချဲလ်ဆီးက အဆင့် (၉) နေရာမှာ ရုန်းကန်နေရပြီး အဆင့် (၆) အတွင်းရှိ အသင်းတွေနဲ့ ၆ မှတ် အကွာမှာ ရှိနေပါတယ်။ သူတို့ အတွက် ဥရောပ ဝင်ခွင့် ရရှိဖို့ အခွင့်အရေးက မှေးမှိန်နေပေမယ့်လည်း အက်ဖ်အေဖလား ကိုသာ ဆွတ်ခူးနိုင်ခဲ့ရင် လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ကို သေချာပေါက် ရရှိမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးက အခုပွဲမှာ အောက်အသင်း အဖြစ်သာ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဗိုလ်လုပွဲ သမိုင်းမှာလည်း ယခင် ကစားခဲ့တဲ့ ၁၆ ကြိမ်မှာ ၈ ကြိမ်နိုင်၊ ၈ ကြိမ် ရှုံးနဲ့ ရလဒ်မျိုးစုံ ရှိခဲ့ကာ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ် အကြားမှာ ဗိုလ်လုပွဲ ၃ ကြိမ် ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးလည်း ရှိထားပါတယ်။

 

မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီး ကတော့ စနေနေ့ ပွဲစဉ်ကို မကစားရသေးမီကပင် အက်ဖ်အေဖလား သမိုင်းစာမျက်နှာထက်မှာ နာမည် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့က ၄ ကြိမ် ဆက်တိုက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပေမယ့်လည်း အဲဒီ သမိုင်းဝင် အစဉ်အလာနဲ့ အတူ စိတ်ပျက်စရာ ကောင်းတဲ့ မှတ်တမ်းဆိုး တစ်ခုလည်း ကပ်ပါလာခဲ့သည်။ သူတို့ဟာ ၂၀၂၃ ခုနှစ်က မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ယူကာ ဖလားရခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီ နှစ်ခုလုံးရဲ့ ဗိုလ်လုပွဲတွေမှာ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ရပါတယ်။

မန်စီးတီးရဲ့ ဝင်ဘလေကို သွားရာလမ်းက တတိယအဆင့်မှာ အက်စီတာစီးတီးကို ၁၀-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တာက စတင်ခဲ့ကာ သူတို့မှာ အသင်း သမိုင်းတစ်လျှောက် အက်ဖ်အေဖလားမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲ စံချိန်ကို လိုက်မီခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် ဂွါဒီယိုလာရဲ့ အသင်းက ဆဲလ်ဖို့ဒ်စီးတီး၊ နယူးကာဆယ်၊ လစ်ဗာပူးလ် တို့ကို ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ဆောက်သမ်တန်ကို ၁-၀ ၂-၁နဲ့ အနောက်ကလိုက်ကာ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့ခြင်း ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးက အက်ဖ်အေဖလား ဗိုလ်လုပွဲကို (၁၇) ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး သူတို့ထက် ပိုမို တက်လှမ်းနိုင်တဲ့ အသင်းတွေ ဆိုလို မန်ချက်စတာယူနိုက်တက် (၂၂ ကြိမ်) နဲ့ အာဆင်နယ် (၂၁ ကြိမ်) တို့သာ ရှိထားပါတယ်။
ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၄ ကြိမ်ဆက် မရှုံးထားတဲ့ မန်စီးတီး

အခုပွဲကိုတော့ ချဲလ်ဆီး ဘက်က အလက်ဟန်ဒရို ဂါနာချို ပါဝင်ကစားဖို့ မသေချာသေးပဲ အက်စတီဗာအိုနဲ့ ဂစ်တန်စ် တို့ကတော့ လွဲချော်မှာပါ။ မန်စီးတီး ဘက်မှာတော့ ရိုဒရီ တစ်ဦးတည်း ပါဝင် ကစားဖို့ မသေချာဖြစ်နေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ ဖိုဖာနာ၊ ကိုးလ်ဝဲလ်၊ ဟာတို၊ ဂျိမ်းစ်၊ ကိုင်စီဒို၊ ပါးလ်မား၊ အန်ဇို၊ ကူကာရယ်လာ၊ ပက်ဒရို

မန်ချက်စတာစီးတီး – ထရက်ဖို့ဒ်၊ နူနက်စ်၊ ကူဆာနော့ဗ်၊ ဂူဟီ၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ဘာနာဒို၊ ဆီမီညို၊ ချာကီ၊ ဒိုကု၊ ဟာလန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

မန်စီးတီးက ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ သာလွန်တဲ့ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ၁-၀ နဲ့ ကပ်ရှုံးနိမ့်ပြီး နောက်ပိုင်း ပြိုင်ပွဲစုံမှာ ချဲလ်ဆီးနဲ့ ၁၃ ကြိမ် တွေ့ဆုံရာ၌ ၁၀ ကြိမ် နိုင်၊ ၃ ကြိမ် သရေနဲ့ လုံးဝ ရှုံးနိမ့်ခြင်း မရှိတဲ့ စွမ်းဆောင်ရည်ကို ပြသထားပါတယ်။ ဒီလို လွှမ်းမိုးထားနိုင်တဲ့ မှတ်တမ်းတွေထဲမှာ ၂၀၂၄ ခုနှစ် ဧပြီလက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ၁-၀ နဲ့ အနိုင်ရခဲ့မှု ပါဝင်သလို၊ လွန်ခဲ့တဲ့ တစ်လကျော်က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ၃-၀ နဲ့ အလွယ်တကူ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်လည်း ပါဝင်နေပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး နိုင်ရင် ၄.၂၉ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၁.၆၉ ဆ၊ သရေ ဆိုရင်တော့ ၃.၅၉ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း မန်စီးတီး ဘက်ကပဲ ကြေးကြောပေးထားပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရရော၊ နည်းပြ အရည်အသွေးအရပါ မန်စီးတီးကို ချဲလ်ဆီးတို့ ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ နောက်ပြီး မန်စီးတီးက အနည်းဆုံး ပြည်တွင်းဖလား ၂ လုံး အောင်မြင်မှု အတွက် ပိုသေချာမယ့် ဒီပွဲကို အပြည့်အဝ အာရုံစိုက်မှာ ဖြစ်ပါတယ်။ မန်စီးတီးကို ရွေးချယ်ထားတာက စိတ်အချရဆုံးပါပဲ။

ခန့်မှန်းရလဒ်

ချဲလ်ဆီး ၀-၂ မန်ချက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်