ဘူဒါပက်စ်မှာ ကျင်းပမည့် စိတ်လှုပ်ရှားဖွယ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး ကျင်းပဖို့ ရက်နီးကပ်လာတဲ့နဲ့ အမျှ ဇာတ်ရှိန်ကတော့ တက်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ပီအက်စ်ဂျီ တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သူတို့ရဲ့ သက်ဆိုင်ရာ ပြည်တွင်းလိဂ် အသီးသီးမှာ ချန်ပီယံတွေ အဖြစ် အောင်ပွဲခံထားကြတာပါ။ ဒါပေမယ့်လည်း ဒီရာသီ အတွက် နှစ်သင်းစလုံးရဲ့ အောင်မြင်မှု ခရီးလမ်းက အဆုံးမသတ်သေးပါဘူး။ ဒါပေမယ့်လည်း ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို ချန်ပီယံလိဂ် ဖလားကြီးနဲ့ အဆုံးသတ်နိုင်မယ့် အသင်း ကတော့ တစ်သင်းတည်းသာ ရှိမှာ ဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီက ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် ဆီမီးဖိုင်နယ် ပွဲစဉ် အပြီးမှာ ဘူဒါပက်စ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါဝယ်။ ဒီဥရောပ အင်အားကြီး နှစ်သင်းဟာ နှစ်ကျော့ပေါင်း သွင်းဂိုး ၁၁ ဂိုး အထိ သွင်းယူခဲ့ကြပေမယ့်လည်း၊ အလိုင်းရန့်ဇ်အရီနာမှာ အူစမန်နီ ဒမ်ဘီလီ သွင်းယူခဲ့တဲ့ ပွဲချိန် ၃ မိနစ် ဂိုးကြောင့် ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၆-၅ နဲ့ ဖြုတ်ချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ရဲ့ ပွဲစဉ်မှာတော့ ပိုမိုကျစ်လျစ်တဲ့ ခံစစ် အသားပေးပွဲ ဖြစ်ခဲ့ပါတယ်။ စပိန်မြေမှာ ကစားခဲ့တဲ့ ပထမအကျော့က ၁-၁ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီးနောက်၊ ဒုတိယအကျော့ အဆုံးအဖြတ်ပွဲမှာ ဘူကာယို ဆာကာက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ ဂန်းနား တို့ကို သူတို့ရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီပွဲဟာ အမြဲတမ်း တွေ့နေကျ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဥရောပမှာ တိုက်စစ် အကောင်းဆုံးလို့ ဆိုနိုင်တဲ့ အသင်းနဲ့ ခံစစ် အကောင်းဆုံးလို့ ဆိုနိုင်တဲ့ အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေတာ ဖြစ်ပါတယ်။ Opta စူပါကွန်ပျူတာ ကတော့ ဗိုလ်လုပွဲကို တက်ရောက်လာတဲ့ တစ်သင်းချင်းစီရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေကို အောက်ပါအတိုင်း တွက်ချက်ထားသည်။
စူပါကွန်ပျူတာရဲ့ ၂၀၂၅-၂၀၂၆ ချန်ပီယံလိဂ် အနိုင်ရမယ့် အသင်း ခန့်မှန်းချက်
• ပီအက်စ်ဂျီ (ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း) – ၅၅.၇၈ ရာခိုင်နှုန်း
• အာဆင်နယ် (ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း) – ၄၄.၂၂ ရာခိုင်နှုန်း
၂၀၂၅-၂၀၂၆ ရာသီ တစ်ခုလုံး နီးပါးမှာ Opta က အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်လိမ့်မယ်လို့ တစ်စိုက်မတ်မတ် အလေးပေးခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ အပြီးမှာ စူပါကွန်ပျူတာရဲ့ ရေပန်းအစားဆုံး အသင်းက ဂန်းနားတို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါ Optaက သူတို့ရဲ့ ခန့်မှန်းချက်ကို ပီအက်စ်ဂျီ ဘက်ကို ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီက ချန်ပီယံလိဂ် ခေတ်မှာ ရီးရဲလ်မက်ဒရစ် တစ်သင်းတည်းသာ လုပ်ဆောင်နိုင်ခဲ့ဖူးတဲ့ ချန်ပီယံဆုကို ဆက်တိုက် ကာကွယ်နိုင်ခြင်း ဆိုတဲ့ မှတ်တမ်းကောင်းကို ရရှိဖို့ ၅၅.၇၈ ရာခိုင်နှုန်း အခွင့်အရေး ရှိနေပါတယ်။

စူပါကွန်ပျူတာ အနေနဲ့ ပါရီ ကလပ်ကို ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဆွဲတင်ပေးခဲ့တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်မြင့် တိုက်စစ်ပိုင်းကို လျစ်လျူရှုထားလို့ မရတော့တာကြောင့် ဖြစ်နိုင်ပါတယ်။ ပီအက်စ်ဂျီက ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ ၄၄ ဂိုး အထိ သွင်းယူထားပြီး၊ သူဟာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ရာသီ တစ်ခု အတွင်း သွင်းဂိုး အများဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။
ဒမ်ဘီလီရဲ့ နောက်ဆုံးရ ဒဏ်ရာသတင်း ကလည်း ဒီလို ရာခိုင်နှုန်း တိုးလာမှု အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီပြင်သစ် ကစားသမားက သူ့ရဲ့ ဒဏ်ရာက အနည်းငယ် မသက်မသာဖြစ်ရုံသာ ရှိပြီး မေလ ၃၀ ရက်မှာ ပြန်လည် ပါဝင်လာနိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဗစ်တင်ညာ ဦးဆောင်တဲ့ ကွင်းလယ်နဲ့ ကျစ်လျစ်တဲ့ ခံစစ်တန်းတို့ ပေါင်းစပ်လိုကရင် ပီအက်စ်ဂျီက ဥရောပ ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့တောင် ပြောလို့ ရပါတယ်။
အာဆင်နယ် ကတော့ Opta ရဲ့ ရေပန်းအစားဆုံး အသင်း အဖြစ် ကနေ လျော့ကျသွားခဲ့ပေမယ့်လည်း၊ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ဖို့ ၄၄.၂၂ ရာခိုင်နှုန်း ဆိုတဲ့ မြင့်မားတဲ့ ရာခိုင်နှုန်း တစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။
မြောက်လန်ဒန် ကလပ်က ယုံကြည်မှု အပိုင်းမှာလည်း လျော့နည်းနေမှာ မဟုတ်ပါဘူး။ နည်းပြ မီခဲလ် အာတေးတားရဲ့ အသင်းက ၂၂ နှစ် အတွင်း သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိထားတာကြောင့် အရှိန်တက်နေဆဲ ဖြစ်ပါတယ်။ အဆိုပါ ပြည်တွင်း ဖလားက ပြီးခဲ့တဲ့ ဧပြီလတုန်းက ၁၁ ရက် အတွင်း ၉ မှတ် အသာကို ဖြုန်းတီးခဲ့မိတာကြောင့် လက်လွတ်ရလုနီးပါး ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်က ချီးကျူးဖွယ်ကောင်းလောက်အောင် နိုင်ပွဲ လမ်းကြောင်း အပေါ် ပြန်တက်နိုင်ခဲ့ပြီး စောင့်မျှော်ခဲ့ရတဲ့ ဆုဖလားကြီးနဲ့ ရာသီကို ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့က အခု ဥရောပ ထိပ်သီး ပြိုင်ပွဲမှာ ရှုံးပွဲ မရှိမှတ်တမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး၊ ဒါဟာ အံ့မခန်း ခံစစ်တန်းနဲ့ ဂိုးသမား ဒါးဗစ် ရာယာ တို့ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဖြစ်ပါတယ်။
ဝီလီယမ် ဆလီဘာ၊ ဂါဘရီရယ်နဲ့ အသင်းဖော်တွေ အနေနဲ့ ပီအက်စ်ဂျီရဲ့ တိုက်စစ်ကို အကောင်းဆုံး ပုံစံနဲ့ တားဆီးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမိုင်းဝင် ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိနေတာကြောင့် ဒီခံစစ်ကစားသမားတွေနဲ့ အင်္ကျီနီဝတ် ဆင်ထားတဲ့ ကစားသမားတိုင်းဟာ လက်ရှိ ချန်ပီယံကို အနိုင်ယူ ကျော်ဖြတ်ဖို့ ကွင်းအတွင်းမှာ အရာအားလုံးကို ပုံအောပြီး အစွမ်းကုန် ကြိုးစားကြရမှာ အသေအချာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


